Facebook ရဲ့ Safety Check စွမ်းဆောင်ချက်ဟာ သဘာဝဘေးအန္တရာယ် များ၊ အကြမ်းဖက်မှုများ ဖြစ်ပေါ်တဲ့ အချိန်မှာသူငယ်ချင်းများဘေး ကင်း ကြောင်းကိုသိရှိနိုင်တဲ့အတွ က်
အသုံးဝင်ပါတယ်။ ဒါပေမယ့် Safety Check ကို Facebook က ပြုလုပ်ပေးမှ
အသုံးပြုနိုင်တာ ဖြစ်ပါတယ်။ အခုတော့ Facebook က Safety Check ကို Users
များ ကိုယ်တိုင် ဖန်တီးနိုင်အောင် ပံ့ပိုးပေးလိုက်ပါတယ်။
“ဘေးအန္တရာယ်ဖြစ်တဲ့ နေရာမှ လူများက အဖြစ် အပျက်ကို ပို့စ်တင်တဲ့ အခါမှာ အန္တရာယ်ကင်းလားလို့ မေးမြန်းမှာဖြစ်ပါတယ်။ အန္တရာယ်ကင်းကြောင်းပြောလိုက်ပြီးတာနဲ့ ထိုလူက အခြားသူငယ်ချင်းများ အား Invite လုပ်ပြီးဖြေဆိုခိုင်းနိုင်ပါတယ်”
လို့ Facebook က ရှင်းပြပါတယ်။ Facebook က ၂၀၁၄ ခုနှစ်မှာ Safety Check
စွမ်းဆောင်ချက်ကိုစတင် ဖြန့်ချိပေးခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်
ဒီဇင်ဘာလမှာဖိလစ်ပိုင်တွင် တိုက်ခိုက်ခဲ့တဲ့ တိုင်ဖွန်းရူဘီဖြစ်ရပ်မှာစတ င်
ပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။ Facebook က ယခုနှစ် ဇွန်လမှာ Users
များကိုယ်တိုင် ပြုလုပ်နိုင်တဲ့ Safety Check စွမ်းဆောင်ချက်ကိုလူအနည်းငယ်ဖြင့် စတင် စမ်းသပ်နေခဲ့တာ ဖြစ်ပါတယ်။
Facebook က Community Help လို့ အမည်ပေးထားတဲ့ အလားတူ စွမ်းဆောင်ချက်ကိုလည်းမိတ်ဆ က်လိုက်ပါတယ်။ Community Help ဟာ ဘေးအန္တရာယ်ကျရောက်နေသူများအ တွက်
နေစရာနေရာ၊ အစားအစာနဲ့ အထောက်အကူပစ္စည်းများကို လှူဒါန်းနိုင်၊ ရယူနိုင်တဲ့
နေရာဖြစ်တယ်လို့ Facebook က ပြောပါတယ်။ Facebook က ဖြစ်ရပ်အချို့အတွက်
Safety Check ကို Activate လုပ်တဲ့အခါမှာ နှောင့်နှေးကြန့်ကြာမှုများ
ဖြစ်ခဲ့ဖူး ပါတယ်။
ယခုနှစ် မတ်လမှာအကြမ်းဖက်သမားများက Abidjan မြို့တော် အနီးရှိအပန်းဖြေမြို့တစ်ခုမှာလူ
၁၆ ယောက်ကိုသေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့ပြီးနောက် Facebook က Safety
Check ကို ပြုလုပ်ပေးနိုင်ခဲ့ ခြင်းမရှိခဲ့ပါဘူး။ ယခုတော့ Users
များကိုယ်တိုင် Safety Check ကို Activate လုပ်နိုင်တဲ့အတွက်
ပိုမိုမြန်ဆန် အဆင်ပြေလာပါတယ်။
Mobile Guide Journal (Every Monday)
https://www.facebook.com/ officialmobileguidejournal
“ဘေးအန္တရာယ်ဖြစ်တဲ့ နေရာမှ လူများက အဖြစ် အပျက်ကို ပို့စ်တင်တဲ့ အခါမှာ အန္တရာယ်ကင်းလားလို့ မေးမြန်းမှာဖြစ်ပါတယ်။ အန္တရာယ်ကင်းကြောင်းပြောလိုက
Facebook က Community Help လို့ အမည်ပေးထားတဲ့ အလားတူ စွမ်းဆောင်ချက်ကိုလည်းမိတ်ဆ
ယခုနှစ် မတ်လမှာအကြမ်းဖက်သမားများက Abidjan မြို့တော် အနီးရှိအပန်းဖြေမြို့တစ်ခုမ
Mobile Guide Journal (Every Monday)
https://www.facebook.com/
www.pyaephyo.com
0 comments:
Post a Comment