♪ သင့် iPhone ကို Battery အားအမြန်သွင်းနိုင်စေမည့် လုပ်ဆောင်ချက် ၇ ချက် ♫


တကယ်လို့ သင့်ရဲ့ iPhone ဟာ ရုတ်တရက်ပိတ်သွားတာမျိုး မဖြစ်သေးဘူးဆိုရင်တော့ ကံကောင်းပါသေးတယ်။ ဒါဟာ သင့်ရဲ့ ဘက်ထရီကပျက်စီးခြင်းမရှိသေးလို့ပါပဲ။
iPhone ကိုအားသွင်းရတာ အရမ်းကြာနေတယ်လို့ ခံစားရရင်တော့ သင့်ကိုယ်တိုင် ပလပ်ပေါက်နားမှာ ဖုန်းအားပြည့်ဖို့ အကြာကြီးထိုင်စောင့်စရာမလိုအောင် လွယ်ကူရိုးရှင်းတဲ့လုပ်ဆောင်ချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
1.ကွန်ပျူတာကိုမသုံးပါနဲ့။
dont-use-your-computer
အားသွင့်ရတာကြာနေတယ်ဆိုရင်တော့ laptop ရဲ့ USB ပေါက်မှာသွင်းမယ့်အစား wall charger ပြောင်းတာဖြစ်ဖြစ် တခြားဘက်ထရီနဲ့ပြောင်းသွင်းကြည့်လိုက်ပါ။ သိပ်တော့မသင့်တော့်ပေမယ့်လည်း သင့် iPhone ကို တစ်ခါတည်းနဲ့ အားအများကြီးသွင်းပြီးသားဖြစ်သွားမှာပါ။
2.အားသွင်းကြိုးပြောင်းကြည့်ပါ။
grab-a-different-charger
တစ်ခုတော့သတိထားရမှာပါ။ Amazon နဲ့ eBay တို့မှာတောင် အားသွင်းကြိုးအတုတွေရှိတဲ့အတွက် စိတ်မချရပါဘူး။ ဖုန်းပေါက်ကွဲတာထက်စာရင်တော့ အားနည်းနည်းချင်ဝင်နေတာကောင်းပါသေးတယ်။
Apple ရဲ့ accessories ပစ္စည်းတွေပြုလုပ်တဲ့ third-party လုပ်ငန်းတွေကထုတ်လုပ်တဲ့ ပစ္စည်းတွေကစိတ်မချရပေမယ့် Anker, Monoprice နဲ့ AmazonBasics လိုမျိုး Brand ကြီးတွေက အားသွင်းကြိုးတွေကတော့ ပိုမြန်ပြီး ပိုစိတ်ချရပါတယ်။ ဈေးတော့မပေါပါဘူး။ ဒါပေမယ့် လုံခြုံစိတ်ချရမှုကပိုအရေးကြီးတာပါ။ အားသွင်းကြိုးဝယ်ရင်တော့ ထုပ်ပိုးထားတဲ့ ဘူးမှာ Apple ရဲ့ MFi (Made for iPhone/iPad/iPod) certification ပါလားဆိုတာတော့ သေချာစစ်ပါ။
iPhone က 2.1 amps လောက်အားစွဲနိုင်ပေမယ့် Apple ရဲ့ ပုံမှန်အားသွင်းကြိုးကတော့ 1amp အားလောက်ပဲထုတ်ပေးပါတယ်။ ဒါဆိုရင် $11တန်ရွေးချယ်လိုက်ရင်တော့ ပိုကောင်းမှာပါ။ တကယ်လို့သင့်မှာ iPad ရှိတယ်ဆိုရင် သူ့ရဲ့အားသွင်းကြိုးက အားပိုကောင်းတဲ့အတွက် သင့်ဖုန်းအတွက် ပိုမြန်မြန်သွင်းနိုင်မှာပါ။
3. ဖုန်းရဲ့နောက်ဘက် cover ကိုဖြုတ်ပါ။
maybe-remove-that-case ပြောချင်တာကတော့ ဖုန်းကိုအေးအောင်ထားစေချင်တာပါ။ ဖုန်းမှာတပ်ဆင်ထားတဲ့ lithium-ion ဘက်ထရီတွေက အကြမ်းမခံတဲ့အတွက် တော်တော်ကြီးပူလာပြီဆိုရင် ကောင်းကောင်းအလုပ်မလုပ်နိုင်တော့ပါဘူး။ ဒါကြောင့် အားသွင်းတဲ့အချိန်မှာ ဖုန်းကို စွပ်ထားတဲ့ cover တွေကို ဖြုတ်ထားရင် ပိုကောင်းပါတယ်။
Apple ကိုယ်တိုင်ကလည်း ဘက်ထရီကို သာမန်အခန်းအပူချိန်မှာပဲထားဖို့ပြောထားပါတယ်။ ဒါမှလည်း ရေရှည်ခံနိုင်မှာဖြစ်ပါတယ်။
4.ဖုန်းကိုလေးစေမယ့်အရာတွေကို ပိတ်ထားပါ။
take-some-of-the-weight-off-your-phones-shoulders အားအမြန်သွင်းတာနဲ့ သိပ်မဆိုင်တဲ့အချက်ပေမယ့် သင့်ဖုန်းမှာအလုပ်လုပ်နေသမျှအားလုံးဟာ ဖုန်းဘက်ထရီရေရှည်ခံတာနဲ့ ဆက်စပ်နေကြောင်းသိထားရမှာပါ။
screen ကိုတစ်ကြိမ်ပိတ်လိုက်ပါ။ဒါမှမဟုတ် screen brightness ကိုလျှော့ချလိုက်ပါ။ notification menu ကိုသွားပြီး အောက်ပိုင်းမှာရှိနေတဲ့ app တွေကို alert ပိတ်လိုက်ပါ။ သင်ကြိုက်တဲ့ သီချင်းတွေ ဗီဒီယိုတွေကိုလည်း တိုက်ရိုက်ကြည့်မယ့်အစား ဒေါင်းလုပ်ဆွဲထားပြီးမှ ကြည့်ရင်ပိုအဆင်ပြေပါတယ်။ တည်နေရာပြတဲ့ service တွေနဲ့ mobile data ကိုလည်း မသုံးဘူးဆိုရင်ပိတ်ထားပေးပါ။
ပရိုဂရမ်ပေါင်းများစွာကလည်း WiFi, Bluetooth, GPS တို့နဲ့ အဆင်ပြေအောင် ဖန်တီးထားတာဖြစ်ပါတယ်။ ဒါကြောင့်မို့ သင့်ဖုန်းရဲ့စွမ်းဆောင်ရည်ကိုတော့ ထိခိုက်စေမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အားလုံးကိုတော့ တစ်ပြိုင်နက်တည်း ဖွင့်မထားသင့်ပါဘူး။
5. Airplane Mode ကိုဖွင့်လိုက်ပါ။
turn-on-airplane-mode-if-youre-really-in-a-bind
ဒါတွေလုပ်လို့မှအဆင်မပြေသေးဘူးဆိုရင် Airplane Mode လုပ်လိုက်ခြင်းအားဖြင့် အနည်းဆုံးတော့ အားနည်းနည်းပိုဝင်လာမှာပါ။ Airplane Mode က cellular data, Wifi နဲ့ Bluetooth တို့လိုမျိုး ရေဒီယိုလှိုင်းတွေကို ဖြတ်တောက်ပေးတာဖြစ်ပါတယ်။ Airplane Mode ကိုဖွင့်လိုက်ရင် အားသွင်းဖို့လိုတဲ့အချိန်မိနစ်ပိုင်းလောက်တော့ သက်သာသွားမှာပါ။
ဒါဆိုရင်တော့ ဖုန်းခေါ်ဆိုမှုတွေ မက်ဆေ့ခ်ျတွေနဲ့ ဘာ notification မှ တက်မလာဘဲနဲ့ ပြင်ပကမ္ဘာကြီးနဲ့ လုံးဝအဆက်အသွယ်ပြတ်သွားမှာပါ။ ဘယ်လိုပဲဖြစ်ပါစေ ကိုယ်အားသွင်းသလောက် အပြည့်အဝရဖို့အရေးကြီးပါတယ်။
Apple ကလည်း iOS 9 အတွက် Low Power Mode ကိုထပ်မံဖြည့်စွက်ခဲ့ပါသေးတယ်။သူကကောင်းကောင်းအလုပ်လုပ်ပေမယ့်လို့ သင့်ရဲ့ စမတ်ဖုန်းကို လေးစေပါတယ်။
6. ကြိုးမဲ့ အားသွင်းတာမျိုးက ကိစ္စမရှိပါဘူး။
dont-worry-about-wireless-charging
ဒီနှစ်အစောပိုင်းလောက်ကပဲ iPhone တွေအတွက် ကြိုးမဲ့အားသွင်းလို့ ရနိုင်မယ့် ဘက်ထရီ case အသစ်တစ်ခုဖြစ်တဲ့ Mophie Juice Pack Wireless အကြောင်း review ရေးခဲ့ပြီးပါပြီကြေညာထားတဲ့အတိုင်းကောင်းကောင်းအလုပ်လုပ်နိုင်ပြီးတော့ စမတ်ဖုန်းတစ်လုံးအားသွင်းရတာအနေနဲ့ တော်တော်လေးစိတ်ကျေနပ်စရာကောင်းလှပါတယ်။ Android ထုတ်လုပ်သူတွေက အရင်ကတည်းက ပြုလုပ်ခဲ့ပေမယ့်လည်း Apple ကတော့ နောက်လာမယ့် iPhone အတွက် ကြိုးမဲ့အားသွင်းလို့ရအောင်ပြုလုပ်ဖို့ဟာ မသေချာသေးပါဘူး။
သူကပိုနှေးပါတယ်။ ဒီ battery case တွေနဲ့ အားသွင်းတာဟာ ပုံမှန်အားသွင်းကြိုးနဲ့အားသွင်းတာထက်ကို တစ်နာရီလောက် ပိုကြာပါတယ်။ ဒါပေမယ့် အလျင်မလိုဘူးဆိုရင်တော့ ရှိသင့်တဲ့ပစ္စည်းလေးတစ်ခုပါပဲ။
7. Lightning Port ကို ပိတ်ဆို့ခြင်းရှိမရှိစစ်ပါ။
make-sure-theres-no-debris-in-your-lightning-port
တစ်ခါတလေကျရင်တော့ အမျှင်တွေဖုန်တွေက အားသွင်းပေါက်ကိုပိတ်ပြီး အားသွင်းသလောက်မဝင်တာမျိုးတွေဖြစ်တတ်ပါတယ်။ အားသွင်းပေါက်မှာပိတ်နေပြီလို့ထင်ရင်တော့ သွားကြားထိုးတံ ဒါမှမဟုတ် စက္ကူညှပ်ကလစ်လေးနဲ့ သေချာလေးဂရုစိုက်ပြီး အပေါက်ကိုသန့်ရှင်းပေးပါ။
bonus-hope-really-hard-that-apple-has-a-faster-charging-solution-with-the-next-iphone
Apple ကနောက်ထွက်မယ့် iPhone တွေရဲ့ ဘက်ထရီအရွယ်အစားကိုလည်း မမြှင့်ဘူး ခန့်မှန်းချက်တွေကလည်း တကယ်ဖြစ်မလာဘူးဆိုရင် Android ဖုန်းတွေမှာပါတဲ့ Qualcomm ရဲ့အားသွင်းအမြန်စနစ်လိုမျိုးနည်းပညာတွေကို ထပ်ဖြည့်စွက်ဖို့ လိုပါတယ်။ ဒါဆိုရင်တော့ ဒီလိုမျိုးအပင်ပန်းခံပြီးလိုက်လုပ်နေစရာမလိုတော့ပါဘူး။



Credit to ==> Myanmar Mobile App





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 







www.pyaephyo.com

0 comments:

Post a Comment