လျှပ်စစ်မီတာဘေလ်များကို KBZ Online Banking အသုံးပြုကာ
ပေးဆောင်နိုင်ပြီဖြစ်ကြောင်း သိရှိရသည်။ KBZ Online Banking
ဝန်ဆောင်မှုဖြင့် လျှပ်စစ်မီတာဘေလ်များကို နေရာမရွေးအချိန်မရွေး နောက်မကျ ဘဲ
ပေးဆောင်နိုင်ပြီး မီတာဆောင်ရန် နောက်ဆုံး ပေးဆောင်ရမယ့် ရက်မတိုင်ခင် ၂
ရက် အထိပေးဆောင်နိုင်မည်ဖြစ်သည်။
အဆိုပါ Electricity Payment ၀န်ဆောင်မှုကို ရန်ကုန်မြို့တွင်းရှိ မြို့နယ် (၁၅)မြို့နယ်အတွက် အသုံးပြုနိုင်လျက်ရှိပြီး ၀န်ဆောင်မှုအသုံးပြုနိုင်မည့် မြို့နယ်များမှာ- လမ်းမတော်၊ ကြည့်မြင်တိုင်၊ လှည်းကူး၊ လသာ၊ ကမာရွတ်၊ တိုက်ကြီး၊ ထန်းတစ်ပင်၊ ဗဟန်း၊ မြောင်းတကာ၊ အလုံ၊ ဆိပ်ကမ်း၊ မင်္ဂလာဒုံ၊ စမ်းချောင်း၊ မှော်ဘီ၊ ထောက်ကြန့် တို့ ဖြစ်သည်။ ထို့အပြင် မန္တလေးမြို့နှင့် ပဲခူးအရှေ့ခြမ်းရှိမြို့နယ် (၃၂) မြို့နယ် အတွက်လည်း အဆိုပါ ၀န်ဆောင်မှုကို အသုံးပြုနိုင်သည်။
Electricity Payment ဆောင်ရွက်ရာတွင်အခက်အခဲရှိပါက ibankingsupport@kbzbank.com.mm သို့ email ပို့၍ သိရှိလို သည်များကို ဆက်သွယ်မေးမြန်းနိုင်ပြီး KBZ Call Center : 09253260087 သို့လည်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal

www.pyaephyo.com
0 comments:
Post a Comment