Samsung မှ အသစ်မိတ်ဆက်ထားသော Prime Series များဟာ ဓာတ်ပုံ ရိုက်ကူးဖို့အတွက် များစွာအဆင်ပြေသလို ဈေးနှုန်းတန်ဖိုးအမျိုးမျိုးရှိခြင်း ကြောင့်လည်း ၀ယ်ယူဖို့ အဆင်ပြေစေပါတယ်။ J2 Prime ဟာ အလယ် အလတ် အဆင့် ဈေးနှုန်းရှိပြီး ကိုင်ဆောင်သုံးစွဲရအဆင်ပြေစေပါတယ်။ အသုံးပြုနိုင်မယ့် Network အမျိုးအစားကတော့ 2G, 3G, 4G ဖြစ် ပါတယ်။
ဖုန်းကိုယ်ထည်အရွယ်အစားပမာဏကတော့ 144.8 × 72.1× 8.9 mm ဖြစ်ကာ အလေးချိန်ကတော့ 160g ရှိပါတယ်။ ဆင်းကတ်နှစ်ကတ် ထည့်သွင်း အသုံးပြုနိုင်မယ့် ဖုန်းအမျိုးအစားဖြစ်ပါတယ်။ Capacitive Touch Screen ရဲ့ အကျယ်အ၀န်း ပမာဏကတော့ 5 inches ရှိပါတယ်။ မြင်ကွင်းစွမ်းရည် အတွက် ထောက်ပံ့ပေးထားသော Pixels ပမာဏမှာ 540x960 ဖြစ်ကာ တစ်လက်မမှာရှိမယ့် Pixel ပမာဏသိပ်သည်းဆကတော့ 220ppi ရှိပါတယ်။
အဓိက ကင်မရာဟာ 8MP စွမ်းရည်ရှိပြီး ရှေ့ ကင်မရာငယ်ကတော့ 5MP စွမ်းရည်ဖြစ်ပါတယ်။ အရှေ့၊ အနောက်ကင်မရာများနဲ့ ဓာတ်ပုံရိုက်ကူးတဲ့ အခါတွင် ကြည်လင် ကောင်းမွန်သော ပုံရိပ်များ ရရှိနိုင်စေဖို့အတွက် LED Flash စနစ်ကို ဖုန်းရဲ့ အရှေ့ရောအနောက်မှာပါ ထည့်သွင်းပေးထားပါတယ်။ ဗီဒီယိုရိုက်ကူးနိုင်မယ့် စွမ်းရည်ကတော့ 720p ဖြစ်ကာ နှုန်းမှာ တစ်စက္ကန့်ကို 30 Frames ပါ။
မှတ်ဥာဏ်ပမာဏအပိုင်း တွင် RAM ကို 1.5GB ထည့်သွင်းပေးထားပြီး Internal Storage တွင် 8GB ပါရှိအောင် ဆောင်ရွက်ပေးထားပါတယ်။ အချက် အလက်အများအပြား သိမ်းဆည်းနိုင်စေဖို့အတွက်လည်း Cardslot စနစ်ကို ထည့်သွင်းပေးထားပါတယ်။
အများဆုံး တိုးချဲ့နိုင်မယ့် မှတ်ဥာဏ်ပမာဏ ကတော့ 256GB အထိဖြစ်ပါတယ်။ အသုံးပြုနိုင်မယ့် OS အမျိုးအစားမှာ Marshmallow ဖြစ်ပါတယ်။ CPU စွမ်းရည်မှာ Quad Core 1.4 GHz ဖြစ်ကာ GPU ကတော့ Mali-T 720 MP2 ပါ။ အားသွင်းအသုံးပြုရမယ့် ဘက်ထရီ အမျိုးအစားကတော့ Li-Ion 2600 mAh ဖြစ်ပါတယ်။
<Specification>
Network - GSM/HSPA/LTE
Processor - Quad Core1.4 GHz
Screen - 5 inches
Camera - 8 MP
Storage - 8GB
OS - Android OS, v 6.0
Contact - 09-73171214
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal
www.pyaephyo.com
0 comments:
Post a Comment