Xperia Phone တွေကို ကိုင်ဆောင်သုံးစွဲသူတွေအတွက် PlayStation ဒီဇိုင်းပုံစံနဲ့ Theme အသစ်ကို Sony က မိတ်ဆက်ပေးလိုက်ပြီဖြစ်ပါတယ်။
Sony ဟာ သူ့ရဲ့ Xperia User တွေအနေနဲ့ အရင်ကနေ့ရက်တွေကို ပြန်လည် အမှတ်ရစေဖို့အတွက် ဒီဇိုင်းအသစ်တွေကို ဖန်တီးရာကနေ အခုလိုမျိုး PlayStation Theme ကို ပြုလုပ်ဖြစ်ခဲ့တာဖြစ်ပြီး PlayStation Theme ဆိုတဲ့နေရာမှာလည်း ငယ်ဘဝကို အမှတ်ရကြစေဖို့ PlayStation 1 ရဲ့ ဒီဇိုင်းတွေကို ပုံဖော်ထားတာဖြစ်ပါတယ်။
PlayStation 1 ရဲ့ အမှတ်တံဆိပ် ၊ မူရင်းခလုတ်နဲ့ အမှတ်အသား သင်္ကေတလေးတွေကို စွဲဆောင်ရှိအောင် ပုံဖော်ထားပြီး အခကြေးငွေနဲ့ ဝယ်ယူရမှာဖြစ်တယ်လို့သိရပါတယ်။ Premium theme တစ်ခုအဖြစ် ထုတ်လုပ် တာဖြစ်ပေမယ့် Xperia Lounge Gold owner တွေကတော့ အခမဲ့ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။
Xperia Lounge app ထဲမှာတော့ Preview အနေနဲ့ အခမဲ့ စမ်းသပ်ကြည့်ရှုနိုင်ပြီး Xperia စမတ်ဖုန်းတွေနဲ့ tablet တွေကို ဒီဇိုင်းပုံစံအသစ်နဲ့ အမြင်ဆန်းချင်ရင်တော့ Download ပြုလုပ်ပြီး ဝယ်ယူရမှာဖြစ်ပါတယ်။

Credit To ==> Digital Times
www.pyaephyo.com
0 comments:
Post a Comment