♪ " သတိထားရမယ့် အွန်လိုင်းဝန်ဆောင်မှုတွေ " ♫


အွန်လိုင်းဝန်ဆောင်မှုအတော်များများကို အခုထိတော့ မြန်မာတွေက အခမဲ့အားပေးတာ များပါတယ်။ အခမဲ့ဆိုတဲ့အတွက် သူတို့ရဲ့ အကောင်းအဆိုးဟာ ပြဿနာမရှိခဲ့ဘူး။ ဒါပေမဲ့ အခုအချိန်မှာ အွန်လိုင်း ၀န်ဆောင်မှုတွေအတွက် အခကြေးငွေပေးပြီး သုံးမယ်ဆိုရင်ဖြစ်နိုင်တဲ့ အခြေအနေရောက်လာပါပြီ။ အွန်လိုင်းဝန်ဆောင်မှုတချို့ကလည်း အာရှသားတွေ အထူးသဖြင့် အရှေ့တောင်အာရှသားတွေ သုံးပျော်အောင် ဈေးနှုန်းမျိုးနဲ့ ဖန်တီးပေးတာလည်းရှိပါတယ်။

အွန်လိုင်းဝန်ဆောင်မှုအတွက် ဈေးနှုန်းသတ်မှတ်ချက်တွေက မြန်မာ့မိုဘိုင်းအင်တာနက်နဲ့ ဆင်ပါတယ်။ တစ်ရက်စာ အစမ်းသုံးဆိုရင် ဈေးခပ်ကြီးကြီး၊ တစ်လစာသုံးဆိုရင် ဈေးကနည်းနည်းတော် တယ်။ ခြောက်လစာ၊ တစ်နှစ်စာ တစ်ခါတည်းသွင်းမယ်ဆိုရင်ဖြင့် အတော်လေးသက်သာပါတယ်။ ဒီတော့ လူလတ်တန်းစားထဲက Pay Pal နဲ့ ငွေရှင်းနိုင်သူတွေ သုံးကြတယ်ပေါ့ဗျာ။

လူအများစုရဲ့စီးပွားရေးအခြေအနေ ဆက်ကောင်းလာမယ်ဆိုရင် မြန်မာအတော်များများဟာ အွန်လိုင်း ၀န်ဆောင်မှုတွေကို ပိုက်ဆံပေးပြီးသုံးနိုင်ပါတယ်။ ဒီလိုပိုက်ဆံပေးပြီး သုံးတဲ့အခါမှာ ပိုက်ဆံပေးတိုင်းလည်း အဆင်ပြေတာမဟုတ်ပါဘူး။ အပေးလွယ်ပြီး ပြန်ယူဖို့ခက်ပါတယ်။ ငွေမသွင်းခင် သတိထားရမယ့် အွန်လိုင်းဝန်ဆောင်မှုတွေရှိပါတယ်။ အဲဒါတွေက ...

*Google Play*
Google Play Store ကိုတော့လူအတော်များများသိပြီးဖြစ်ပါလိမ့်မယ်။ Android ဖုန်းသုံးစွဲသူတွေ ပိုပြီးရင်းနှီးပါလိမ့်မယ်။ အရင်ကဆိုရင် နာမည်ကြီး Samsung, LG, Sony, Asus ဖုန်းတွေလောက်ပဲ Play Store ကို ၀င်ခွင့်ရပြီး တရုတ်ဖုန်း အတော်များများ (Huawei လို တံဆိပ်အပါအ၀င်) Play Store ကို ၀င်ခွင့်မရခဲ့ပါဘူး။ အခုဆိုရင် ဈေးချိုချိုတရုတ်လုပ် ဘတ်ဂျက်စမတ် ဖုန်းတွေတောင် Play Store ထဲ ၀င်ခွင့်ရလာပြီ။ Play Store ၀င်ဖို့အတွက် Google Account တစ်ခုရှိရပါမယ်။ အဲဒီ account ကို အမှီပြုပြီး Play Store Account တစ်ခုလုပ်ရပါတယ်။ ပြီးမှ ၀င်ခွင့်ရပါတယ်။

အရင်ကဆို Play Store ထဲဝင်ပြီး ကြည့်ကြတာက အခမဲ့ Apk တွေ download ဆွဲချနိုင်ဖို့ဖြစ်ပါတယ်။ အတော်ကောင်းကောင်း Apk တွေကတော့ ပိုက်ဆံပေးပြီးဝယ်ရပါတယ်။ နည်းလမ်းတစ်ခုခုနဲ့ပိုက်ဆံသွင်းပြီးပြီဆိုရင် Google Play Store ကနေ app ကို download ချနိုင်ပါတယ်။ Play Store ကနေ၀ယ်ပြီးရင် install ထဲတန်းထည့်တာပါ။ Uninstall လုပ်ပြီးကိုယ် သွင်းထားတဲ့ပိုက်ဆံပြန်ရဖို့ ချက်ခြင်းမလုပ်နိုင်ပါဘူး။ ပိုက်ဆံပြန် လိုချင်ရင် www.payments.google.com ကို သွားရပါမယ်။ ပြီးရင် ကိုယ့် account နဲ့ sing in ၀င်ရပါမယ်။

Prompt တစ်ခုနဲ့အချက်ပြလာပြီဆိုရင် options ထဲက Bills and accounts ကို ရွေးရပါမယ်။ အဲဒီကနေပြီး ကိုယ်ပယ်ဖျက်ချင်တဲ့ ငွေကြေးကိုရွေးရပါမယ်။ ပြီးရင် Cancel Subscription ကို ရွေးရပါမယ်။ အရင်ကသွင်းခဲ့တဲ့ ငွေကြေးပမာဏတွေလည်း အဲဒီ screen မှာရှိနေပါတယ်။ Inactive tab ကို ရွေးရင်တွေ့ရပါမယ်။

*Office 365*
Office 365 က Windows ကို တရားဝင်ဝယ်သုံးရင် အသင့်ပါလာပြီးသား ဖြစ်ပါတယ်။ အဲဒီလိုကွန်ပျူတာတွေမှာ တစ်နှစ်အခမဲ့သုံးခွင့်ပေးတာရှိသလို free trial အနေနဲ့ စမ်းခွင့်ပြုထားတာမျိုးလည်းရှိပါတယ်။ Free trial ကာလမကုန်ခင်မှာ တစ်နှစ်စာသုံးဖို့ ပိုက်ဆံသွင်းလိုက်မိမယ်။ ပိုက်ဆံသွင်းပြီးမှ ပြန်ထုတ်ချင်တယ်ဆိုရင် ထုတ်လို့ရပါတယ်။ အဲဒီလို ပိုက်ဆံပြန်ထုတ်ဖို့အတွက် www.microsoft.com ကိုသွားရပါမယ်။ ကိုယ့်ရဲ့ Microsoft account ကိုသုံးပြီး sign in ၀င်ရပါမယ်။

ဝင်ပြီးသွားရင် view account services & subscriptions ကိုရွေးရပါမယ်။ ပြီးရင် subscriptions ခေါင်းစဉ်အောက်မှာ office 365 ကို ရှာရပါမယ်။ ပြီးရင် cancel မှာ ကလစ်နှိပ်ရပါမယ်။ ဒီလိုနှိပ်လိုက်ရင် free trial ကာလအပြီးမှာ feature တွေလျော့ချလိုက်မှာမို့ အဲဒီအနေအထားကို ဆင်းလိုက်တာပါ။ တစ်နှစ်စာပိုက်ဆံသွင်းမှ feature အပြည့်အစုံကိုသုံးနိုင်ပါမယ်။ Free mode မှာတော့ document ဖွင့်ကြည့်တာနဲ့ print လုပ်တာလောက်ကို ခွင့်ပြုထားပါတယ်။ ဒါပေမဲ့ document တွေကို edit လုပ်နိုင်မှာမဟုတ်ပါဘူး။ ပိုက်ဆံပေး ပြီးသုံးရင်ရမယ့် အခွင့်ထူးတွေလည်း ဆုံးရှုံးပါမယ်။ အဲဒီထဲမှာ skype အတွက် အခမဲ့ပေးသုံးတဲ့ မိနစ်တွေ၊ One Drive အတွက် အပိုရတဲ့ storage space တွေပါပါတယ်။

*Netflix*
ရုပ်ရှင်နဲ့ပတ်သက်ရင် Netflix နဲ့ကင်းလို့မရပါဘူး။ Netfilx က အစမ်းသုံးကြည့်ဖို့ ရက် ၃၀ ခွင့်ပြုပါတယ်။ အဲဒီကာလလွန်ရင်တော့ တစ်လကို ၁၀ ဒေါ်လာနှုန်း ပေးပြီး ကြည့်ရပါမယ်။ ရက် ၃၀ အစမ်းကာလထဲမှာ ကိုယ်ကလစဉ်ကြေး သွင်းလိုက်မယ်။ ဒါပေမဲ့ စိတ်ပြောင်းပြီး အစမ်းသုံးကာလမတိုင်မှာဘဲ လစဉ်ကြေးကို ပြန်နှုတ်ချင်တယ်ဆိုပါစို့။ www.netfilx.com ကို login ၀င်ပါ။ Cursor ကို ကိုယ့်ရဲ့ user name ပေါ် ဖြတ်တင်ပါ။ ပြီးရင် drop down menu ထဲက ကိုယ့် account ကို ရွေးချယ်ပါ။ Cancel Membership နေရာမှာ ကလစ်ဆက်နှိပ်ပါ။ အဲဒီအလုပ်ကို Membershp & Billing ခေါင်းစဉ်အောက်မှာ ၀င်ပြီးလုပ်ရပါမယ်။ Membership ကိုဖျက်သိမ်းဖို့ရွေးလိုက်ပြီဆိုရင် နောက်စာမျက်နှာမှာ ကိုယ့်ပိုက်ဆံသွင်းခဲ့တဲ့ ရက်စွဲကိုတွေ့ရပါမယ်။ ပယ်ဖျက်တဲ့လုပ်ငန်းစဉ်ပြီးဆုံးအောင် finish cancellation နေရာမှာ ကလစ် နှိပ်ပါ။ Netflix က ရုပ်ရှင်ကြည့်ရာမှာ ကိုယ်အကြိုက်တွေကို ဆယ်လလောက် သိမ်းပေးထားပါတယ်။ အဲဒီကာလအတွင်းမှာ ကိုယ်ဆန္ဒရှိလို့ ပိုက်ဆံပြန်သွင်းပြီး account reactivate လုပ်မယ်ဆိုရင် အရင်ပုံစံအတိုင်း ရုပ်ရှင်ပြန်ကြည့်လို့ ရပါမယ်။

*Spotity*
အွန်လိုင်းရုပ်ရှင်လောကမှာ Netflix ကအရေးပါသလို အွန်လိုင်းသီချင်း လောကမှာလည်း spotity က အရေးပါပါတယ်။ Spotity ကို ကြိုက်လို့ အခကြေးငွေပေးပြီးသုံးတော့မယ်ဆိုရင် သူ့ website ကိုသွားရပါမယ်။ သူ့ပင်ရင်းက www.spotity.com ဖြစ်ပါတယ်။ သုံးစွဲသူများတဲ့ နိုင်ငံတွေမှာ သက်ဆိုင်ရာနိုင်ငံအလိုက် website လက်စွဲတွေထားပါတယ်။ ဒါဆိုရင် website လိပ်စာနောက်မှာ / country name ပါလာပါမယ်။ Spotity အတွက် ပရီမီယံကြေး ၁၆ ဒေါ်လာရှိပါတယ်။ Accounts and subscription ကနေ၀င်ပြီး အွန်လိုင်း ငွေသွင်းစနစ်နဲ့ပိုက်ဆံသွင်းရပါမယ်။ အဲဒီနေရာမှာ ကိုယ့်account အတွက် နောက်တစ်ကြိမ် ပိုက်ဆံသွင်းရမယ့်ရက်စွဲကို ဖော်ပြပေးထားပါတယ်။ အဲဒီရက်မတိုင်ခင် subscription မပယ်ဖျက်ခဲ့ရင် ပိုက်ဆံဘယ်လောက် ဖြတ်မယ်ဆိုတာကိုလည်း ပြောထားပါတယ်။

ပိုက်ဆံသွင်းပြီးကာမှ စိတ်ပြောင်းသွားလို့ subscription ပယ်ဖျက်မယ်ဆိုရင် website link အတိုင်းပြန်ဝင်ပါ။ Renewal date မတိုင်မီ ပိုက်ဆံသွင်းတာ ပြန်နှုတ်မယ်ဆိုရင် account ကို free account အနေနဲ့ပြန်ပြောင်းပါမယ်။ အခမဲ့သုံးရင်လည်း သီချင်းတွေကို ကိုယ့် device အားလုံးပေါ်မှာ နားထောင်လို့ရပါဦးမယ်။ အနှောက်အယှက်အနေနဲ့ ကြော်ငြာတွေဝင်ပါမယ်။ Skip နဲ့ Shuffleကို ကြိမ်ရေအကန့်အသတ်နဲ့ပဲ လုပ်လို့ရပါမယ်။ သီချင်းကို အသံအရည်အသွေးကောင်းကောင်းနဲ့ နားထောင်လို့ရမှာမဟုတ်သလို offline နားထောင်ဖို့ သီချင်းတွေကို ကိုယ့် device ထဲမှာ သိမ်းဆည်းခွင့်ရှိမှာ မဟုတ်ပါဘူး။

*Apple*
သူ့ store ထဲမှာ သွင်းမိသမျှပိုက်ဆံတွေကို PC ဒါမှမဟုတ် Mac သုံးပြီး ပြန်နှုတ်ချင်ရင် iTunes ကိုဖွင့်ပြီး အင်တာနက်မှတစ်ဆင့် sing in ၀င်ရပါမယ်။ ကိုယ့်နာမည်နေရာမှာနှိပ်ပြီး ကျလာတဲ့ drop-down menu ထဲက Account info ကို ရွေးပါမယ်။ Password တောင်းရင်ထည့်ပေးပါ။ ပြီးရင် subscription ဘေးက Manage option ကို Autorenewal switch ကို off ဖြစ်အောင်လုပ်ပါ။ Apple ဆီ တိုက်ရိုက်ပိုက်ဆံသွင်းတာ မဟုတ်ဘဲ service provider ဆီက တစ်ဆင့်သွင်းရင် ဒီလမ်းကြောင်းအတိုင်း ကိုယ့် subscription ကို ၀င်ရှာလို့မရနိုင်ပါဘူး။ Subscription ဖျက်ဖို့ ကိုယ့် service provider နဲ့ပဲ ဆက်သွယ်ပြီးလုပ်ဆောင်ရပါမယ်။

ဆောင်းပါးရှင် - နောင်စိုး(ထားဝယ်)
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal


<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 




www.pyaephyo.com

0 comments:

Post a Comment