♪ Google Play Store အတွက် Tips and Tricks များ ♫


Android Device ပိုင်ရှင်များအတွက် Google Play Store က တကယ် အသုံးဝင်တဲ့ နေရာပါ။ Apps ပေါင်း သန်းနဲ့ချီရှိပြီး နှစ်သက်ရာကို သုံးနိုင်ပါတယ်။ အခမဲ့ App များသာမက အခပေး App များကိုလည်း ၀ယ်ယူနိုင်ပါတယ်။ ဒီတစ်ပတ် Mobile Tips ကဏ္ဍအတွက် Google Play Store ကို အသုံးချနည်းများကို ဖော်ပြပေးလိုက်ပါတယ်။

၁။ သင့်နိုင်ငံအတွက် မရတဲ့ App များကို Install လုပ်ပါ။
App တစ်ခုကို Install လုပ်ဖို့ သူ့ရဲ့ Google Play ၀က်စာမျက်နှာကို ရောက်တဲ့အခါမှာ သင့်နိုင်ငံအတွက် မရရှိပါဘူး ဆိုတဲ့ စာသားကို မြင်တွေ့ကြဖူးမှာပါ။ ဒါပေမယ့် Virtual Private Network (VPN) Apps များကို သုံးပြီး မရရအောင် Install လုပ်နိုင်ပါတယ်။ VPN က သင့်ကို အခြားနိုင်ငံ ( ဥပမာ အမေရိကန်) ကနေ သုံးနေတယ်လို့ ထင်ရအောင် Play Store ကို လှည့်ဖျားနိုင်ပါတယ်။ VPN App တစ်ခုကို Play Store ကနေ ရယူပါ။ App ကို ဖွင့်ပြီး သင့်နိုင်ငံ မဟုတ်တဲ့ အခြားနိုင်ငံတစ်ခုကို ရွေးပေးပါ။ ပြီးရင် VPN ကို Connect လုပ်ပါ။ ပြီးရင်တော့ Play Store က သင်လိုချင်တဲ့ App ကို Install လုပ်နိုင်ပါပြီ။


၂။ Play Store မှ သင့်ရဲ့ Apps များကို စီမံခန့်ခွဲပါ။
Google Play Store မှာ “ My apps & games “ ကဏ္ဍရှိပါတယ်။ အဲဒီမှာ သင် Download လုပ်ထားတဲ့ Apps များ၊ Update လုပ်ရမယ့် Apps များကို ပြသပေးထားပါတယ်။ အဲဒီနေရာကနေ သင့်ရဲ့ Apps များကို စီမံခန့်ခွဲဖို့ အကောင်းဆုံးပါပဲ။
Play Store ကိုဖွင့်ပါ။ ဘယ်ဘက်အပေါ်ထောင့်မှ Menu ကို နှိပ်ပါ။ My apps & games ကို နှိပ်ပါ။ အဲဒီမှာ သင် Install လုပ်ထားတဲ့ Apps အားလုံးကို တွေ့ရမှာပါ။ Update All ကို နှိပ်ရင် အားလုံးကို Update လုပ်ပေးမှာပါ။ နှစ်သက်တဲ့ App ကိုပဲ Update လုပ်ဖို့အတွက် App ကို တစ်ချက်နှိပ်ပါ။ နောက် စကရင်မှာ Update ကို နှိပ်ပါ။ သူ့ဘေးမှ Uninstall ကို နှိပ်ရင် App ကို ဖျက်ပေးမှာပါ။


၃။ Parental Lock သုံးပါ။
သင့်ကလေးက သင့်ဖုန်းကနေ App များကို ၀ယ်ယူသုံး ၊ မသင့်တော်တဲ့ App များကို Install လုပ်တာကို တားဆီးချင်ရင် Parental Lock ကို သုံးပါ။ Play Store ကို ဖွင့်ပါ။ Settings ထဲသွားပါ။ Parental controls ကို နှိပ်ပါ။ On လုပ်ပေးပါ။ ဒါဆိုရင် PIN Code သတ်မှတ်ခိုင်းမှာပါ။ သတ်မှတ်ပေးပါ။ နောက်အဆင့်မှာ Apps & Games ကို နှိပ်ပါ။ 3+ , 7+, 12+, 16+, 18+ စတဲ့ အထဲက သင်ခွင့်ပြုချင်တဲ့ တစ်ခုကို ရွေးပေးပါ။ သင့်ကလေးက Play Store ကနေ သင်သတ်မှတ်ထားတဲ့ အဆင့်ထက်ကျော်တဲ့ App တစ်ခုခုကို Install လုပ်တာနဲ့ PIN Code ကို ရိုက်ခိုင်းမှာပါ။

Credit to ==> Myanmar Digital Life Journal




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 



www.pyaephyo.com

0 comments:

Post a Comment