အူရီဒူးမှ အင်တာနက်လက်ဆောင် လွှဲပြောင်းပေးနိုင်မည့် အစီအစဉ်သစ် မိတ်ဆက်

http://www.ooredoo.com/uploads/big/776_Logo-O-Stacked2.jpg

အူရီဒူးအနေဖြင့် မြန်မာနိုင်ငံအတွင်း ဆက်သွယ်ရေးလုပ်ငန်းစတင်ဆောင်ရွက်ခဲ့သည် ၂၀၁၄ ခုနှစ်ကတည်းက ဆက်သွယ်ရေးဝန်ဆောင်မှုသာမက သုံးစွဲသူများ လွယ်ကူရိုးရှင်းစွာ ရယူအသုံးပြုနိုင်မည့် ထပ်ဆောင်းဝန်ဆောင်မှုများကို ပေးအပ်လျက်ရှိပါသည်။ ယခုအခါ အူရီဒူးအနေဖြင့် ဖုန်းဘေလ်လွှဲပြောင်းနိုင်သည့် ဝန်ဆောင်မှုသာမက ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုဖြစ်သည့် အင်တာနက်လက်ဆောင်ပေးနိုင်မည့်အစီအစဉ်သစ် မိတ်ဆက်ပေးလိုက်ပြီဖြစ်ရာ ၂၀၁၆ ခုနှစ်၊ ဇွန်လ (၂၄) ရက်မှစ၍ သုံးစွဲသူများအနေဖြင့် အင်တာနက်အစီအစဉ်များကို မိမိတို့၏မိသားစုများနှင့် မိတ်ဆွေသူငယ်ချင်းများသို့ လွှဲပြောင်းပေးနိုင်တော့မည်ဖြစ်သည်။

အူရီဒူး၏ နှစ်ဆအင်တာနက်လက်ဆောင် အစီအစဉ်ကို စတင်ပေးအပ်ကတည်းက သုံးစွဲသူများ အထူးနှစ်သက်ကြသည်ကို တွေ့ရှိရပါသည်။ ယခုသုံးစွဲသူများအနေဖြင့် ယင်းနှစ်ဆအင်တာနက်အစီအစဉ်ကို ဝယ်ယူကာ လက်ဆောင်အဖြစ် လွယ်ကူရိုးရှင်းစွာ လွှဲပြောင်းပေးနိုင်တော့မည်ဖြစ်သည်။

သုံးစွဲသူများအနေဖြင့် ယခုဝန်ဆောင်မှုကိုရယူကာ မိမိတို့၏မိသားစုဝင်များနှင့် သူငယ်ချင်းမိတ်ဆွေများအတွက် အရေးပါသောအချိန်အခါသမယမျိုးများတွင် အံ့သြဝမ်းသာအောင် အထူးလက်ဆောင်အဖြစ် ပေးအပ်ရာတွင်လည်းကောင်း၊ နှစ်ဆအင်တာနက် လက်ဆောင်အစီအစဉ်ကို မသုံးကြည့်ဖူးသေးသည့် သူငယ်ချင်းများကို ကူညီနိုင်ရန်လည်းကောင်း အဆင်ပြေပြေ အသုံးပြုနိုင်မည်ဖြစ်သည်။ ။ Wi-Fi Device များသို့လည်း ဖုန်းမှတစ်ဆင့် အင်တာနက်အစီအစဉ် လွယ်လွယ်ကူကူလွှဲပြောင်း ပေးပို့နိုင်မည်ဖြစ်ရာ အသုံးပြုသူများအတွက် အလွန်ပင်အဆင်ပြေမည်ဖြစ်သည် ။

အဆပေါင်းများစွာသော အင်တာနက်အသုံးများသူများအနေဖြင့် အူရီဒူးမြန်မာ၏ အထူးမြန်ဆန်သော 3G နှင့် 4G အင်တာနက်များကို Wi-Fi Device များဖြင့် တဝကြီးအသုံးပြုနိုင်မည်ဖြစ်သည်။ Wi-Fi Device ထဲရှိ ဆင်းကတ်ကို ငွေထပ်ဖြည့်ရန်နှင့် အင်တာနက်အစီအစဉ်များဝယ်ယူရန်အတွက် ယခင်ကဲ့သို့ တကူးတကအလုပ်ရှုပ်ခံနေစရာမလို တော့ဘဲ မိမိဟန်းဆက်ထဲရှိ ဆင်းကတ်ဖြင့်ပင် အလွယ်တကူဝယ်ယူပြီး လွှဲပြောင်းပေးနိုင်မည်ဖြစ်သည်။

Chief Marketing Officer ဖြစ်သူ Charity Safford က “ ကျွန်မတို့အနေနဲ့ သုံးစွဲသူများ အဆင်ပြေချောမွေ့ကာ ကျေနပ်သဘောကျစေမယ့် ဝန်ဆောင်မှုတွေပေးအပ်နိုင်ဖို့ နည်းလမ်းတွေ အမြဲစဉ်းစားလျက်ရှိပြီး အကောင်အထည်ဖော်ပေးလျက် ရှိပါတယ်။ အခု အူရီဒူးသုံးစွဲသူတွေအနေနဲ့ မိမိတို့ချစ်ခင်သူတွေကို အထူးစိတ်လှုပ်ရှားပျော်ရွှင်စေမယ့် အင်တာနက်အစီအစဉ်တွေ လွှဲပြောင်းကာ လက်ဆောင်ပေးလို့ရနေပါပြီ။ Wi-Fi Device တွေ ငွေထပ်ဖြည့်ဖို့အတွက်လည်း အလုပ်ရှုပ်စရာလိုတော့မှာ မဟုတ်ပါဘူး ။ ကျွန်မတို့အနေနဲ့ သုံးစွဲသူတွေလွယ်ကူရိုးရှင်းစွာ ရယူအသုံးပြုနိုင်မယ့် ဝန်ဆောင်မှုမျိုးတွေ ဖန်တီးပေးအပ်နိုင်လို့ အထူးဝမ်းသာပါတယ် “ ဟု ပြောကြားခဲ့သည်။

အူရီဒူးသုံးစွဲသူများအနေဖြင့် အဆိုပါဝန်ဆောင်မှုကို လွယ်ကူရိုးရှင်းစွာ ရယူနိုင်မည်ဖြစ်ပြီး မိမိတို့၏ မိုဘိုင်းလ်ဖုန်းများတွင်လည်းကောင်း၊ tablets များတွုင်လည်းကောင်း၊ Wi-Fi Device များတွင်လည်းကောင်း အသုံးပြုနိုင်မည်ဖြစ်သည်။ သုံးစွဲသူများအနေဖြင့် အူရီဒူးမှ ယူဆောင်လာပေးသည့် အမြန်ဆန်ဆုံးသော 4G နည်းပညာနှင့် မြန်ဆန်သည့် 3G အင်တာနက်တို့ကို အချိုသာဆုံးဈေးနှုန်းဖြင့် အလွယ်တကူရရှိ အသုံးပြုနိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံအတွက် အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှု ပေးအပ်နေသည့် အူရီဒူးမြန်မာအနေဖြင့် သုံးစွဲသူများအတွက် ပိုမိုကောင်းမွန်ပြီး အရည်အသွေးပြည့်မီသည့် အင်တာနက်အစီအစဉ်များနှင့် ပရိုမိုးရှင်းများဆက်လက်ပေးအပ်နိုင်ရန် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်သည်။

ရွေးချယ်နိုင်တဲ့ နှစ်ဆလက်ဆောင်အစီအစဉ်များအနေဖြင့် 70 MB + 70MB အပိုလက်ဆောင် အတွက် ၄၅၀ ကျပ်၊ 550MB + 550MB အပိုလက်ဆောင် အတွက် ၃၀၀၀ ကျပ်၊ 1.35GB + 1.35 GB အပိုလက်ဆောင် အတွက် ၆၈၅၀ ကျပ်၊ 2.5GB + 2.5GB အပိုလက်ဆောင် အတွက် ၁၂၅၀၀ ကျပ်၊ 5.5GB + 5.5GB အပိုလက်ဆောင် အတွက် ၂၇၀၀၀ ကျပ် စသည်ဖြင့် ဖြစ်ပါသည်။

အဆိုပါအင်တာနက်လက်ဆောင်ကို လွှဲပြောင်းပေးအပ်လိုပါက သုံးစွဲသူများအနေဖြင့် လွယ်လွယ်ကူကူပင် *442# သို့ ခေါ်ဆို၍လည်းကောင်း၊ 442 သို့ လက်ဆောင်ပေးပို့လိုသည့်ပမာဏနှင့် လွှဲပြောင်းပေးလိုသူ၏ ဖုန်းနံပါတ်ရိုက်ကာ SMS ပေးပို့၍လည်းကောင်း လွှဲပေးနိုင်မည်ဖြစ်သည်။
































<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 





www.pyaephyo.com

0 comments:

Post a Comment