♪ အပြည့်လှည့်နိုင်တဲ့ မျက်နှာပြင်၊ 8GB RAM နဲ့ 1TB Memory တို့ပါဝင်လာမယ့် တန်ဖိုးသင့် Samsung Notebook 7 spin ♫


Samsung ဟာ Window 10 Laptop ကွန်ပျူတာအသစ် တစ်မျိုးဖြစ်တဲ့ “Notebook 7 spin” ကို ကြာသပတေးနေ့တုန်းက မိတ်ဆက်ခဲ့ပါတယ်။ ဒီလက်ပ်တော့ဟာ ထူးခြားဆန်းသစ်တဲ့ ဒီဇိုင်းနဲ့ ကောင်းမွန်တဲ့ ဈေးနှုန်းတစ်ရပ်ရှိတဲ့ လက်ပ်တော့တစ်လုံးအနေနဲ့ ထွက်ပေါ်လာတာပါ။

Samsung Note 7 spin ဟာ ‘Spin’ ဆိုတဲ့ နာမည်နဲ့ လိုက်ဖက်အောင်ပဲ လက်ပ်တော့ရဲ့ မျက်နှာပြင်ဟာ ၃၆၀ဒီဂရီ တစ်ပတ်ပြည့်အောင် လှည့်နိုင်ပြီး မတူညီတဲ့ အနေအထားအမျိုးမျိုးနဲ့ ကြည့်ရှုလို့ရနိုင်စေမှာပါ။

samsung-notebook-7-spin2
Note 7 spin ရဲ့ ကနဦးဈေးနှုန်းကတော့ ၁၃.၃လက်မ မျက်နှာပြင်အကျယ်ရှိတဲ့ မော်ဒယ်ကို ဈေးနှုန်း ၇၉၉ဒေါ်လာရှိပြီး၊ ၄င်းဟာ 6th– gen Intel Core i5 Processor, Intel HD Graphics 520, 8GB RAM, 1080p ရုပ်ထွက်ရှိတဲ့ မျက်နှာပြင် နဲ့ 1TB (1,000 GB) အထိရှိတဲ့ မမ်မိုရီပမာဏတို့ ပါဝင်မှာဖြစ်ပါတယ်။
နောက်ထပ်မော်ဒယ်တစ်မျိုးကတော့ 1080p ရုပ်ထွက်ရှိတဲ့ ၁၅.၆ လက်မ ရှိတဲ့မျက်နှာပြင် ပါဝင်ပြီး၊ GeForce 940MX graphics, 6th-gen Intel Core i7 processor, 12GB RAM နဲ့ 1TB storage တို့ပါဝင်တာဖြစ်ပြီး ဈေးနှုန်းကတော့ ဒေါ်လာ ၉၉၉.၉၉ အထိခုန်တက်သွားပါတယ်။ ဈေးအကြီးဆုံးမော်ဒယ်ဖြစ်တဲ့ ၁,၁၉၉ ဒေါ်လာတန်မော်ဒယ်ကတော့ ခုနကအချက်အလက်တွေနဲ့ RAM ပိုင်းမှာသာအပြောင်းအလဲဖြစ်သွားပြီး 16GB ရှိတဲ့ RAM ပါဝင်တာပါ။

samsung-notebook-7-spin

Samsung Notebook အသစ်မှာ နောက်ထပ်အသစ်ပါဝင်တဲ့ လုပ်ဆောင်ချက်တချို့ကတော့ Charging Speed ပဲဖြစ်ပါတယ်။ ၁၃.၃လက်မ မော်ဒယ်ဟာ အားအပြည့်ဖြည့်နိုင်ဖို့အတွက် မိနစ် ၁၀၀သာလိုအပ်ပြီး မိနစ် ၂၀အားသွင်းရုံနဲ့ ဘက်ထရီသက်တမ်းကို ၂နာရီအထိ ဆွဲဆန့်ထားနိုင်တယ်လို့ Samsung ကဆိုပါတယ်။ ၁၅.၆လက်မ မော်ဒယ်နှစ်မျိုးကတော့ အားသွင်းတာ ပိုမိုမြန်ဆန်ပြီး အားအပြည့်သွင်းနိုင်ဖို့အတွက် မိနစ် ၉၀သာလိုအပ်ပါတယ်။

မော်ဒယ်သုံးမျိုးစလုံးကို လာမယ့် ဇွန်လ ၂၆ရက်နေ့မှာ စတင်ဖြန့်ချိမှာဖြစ်ပြီး Samsung Website ကနေတစ်ဆင့် မှာယူနိုင်မှာဖြစ်ပါတယ်။ တခြားဖြန့်ချိမယ့် အချက်အလက် အသေးစိတ်တွေကိုတော့ ဖော်ပြထားခြင်းမရှိသေးပါဘူး။

samsung notebook 7 spin specifications

Credit to ==>Digital Times



<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 




www.pyaephyo.com

0 comments:

Post a Comment