၎ ဒေါ်လာတန်၊ ကမ္ဘာ့တန်ဖိုးအနည်းဆုံးစမတ်ဖုန်းကို ယခုတစ်ပတ်ထဲ စတင်ရောင်းချမည်


အိန္ဒိယအခြေစိုက် Ringing Bells ကုမ္ပဏီဟာ ၄ ဒေါ်လာသာ တန်ကြေးရှိတဲ့၊ ကမ္ဘာ့တန်ဖိုးအနည်းဆုံးစမတ်ဖုန်း ‘Freedom 251’ ကို ယခုနှစ်အစောပိုင်းမှာ စတင်မိတ်ဆက်ခဲ့တုန်းက၊ စမတ်ဖုန်းလောကမှာ တော်တော်လေး အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့တာကို မှတ်မိကြမှာပါ။

Ringing Bells ကုမ္ပဏီဟာ ကြိုတင်မှာယူသူတွေကို လိမ်လည်ဖို့ ကြိုးစားနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့်၊ အိန္ဒိယအစိုးရကိုယ်တိုင် စစ်ဆေးမှုတွေလုပ်ခဲ့ရပါတယ်။

အခုအခါမှာတော့ Ringing Bells ကုမ္ပဏီဟာ ‘Freedom 251’ ဖုန်းကို စတင်ရောင်းချသွားတော့မှာဖြစ်ကြောင်း တရားဝင်ကြေငြာလိုက်ပါပြီ။ ဂျွန်လ ၃၀ ရက်နေ့က စတင်ကာ၊ ‘Freedom 251’ ဖုန်းကို အော်ဒါမှာယူနိုင်ပြီဖြစ်ပြီး၊ ပထမအသုတ်အနေနဲ့ အလုံးရေ နှစ်သိန်းအထိ စတင်ရောင်းချသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အလုံးရေနှစ်သိန်းအပြင်၊ နောက်ထပ်အသုတ်အနေနဲ့လည်း အများအပြားထပ်မံရောင်းချသွားမှာဖြစ်ပြီး၊ အခုအခါ ကြိုတင်မှာယူဖို့ အော်ဒါမှာယူထားမှုပေါင်း သန်း ၇၀ လောက် ရှိနေပြီလို့ ဆိုပါတယ်။

ဖုန်းရဲ့ specification ကို ပြန်ပြောင်းပြောရမယ်ဆိုရင်၊ SIM နှစ်ကတ်ထိုးဖုန်းအမျိုးအစားဖြစ်ပါတယ်။ မျက်နှာပြင်အရွယ်အစားအနေနဲ့ လေးလက်မရှိပြီး၊ resolution ကတော့ 800×480 pixels ပါ။ မျက်နှာပြင်က အကြီးစားမဟုတ်ပေမယ့်၊ ရုပ်ထွက်ပိုင်းကတော့ မဆိုးတာတွေ့ရပါတယ်။ အနိမ့်စား 1.3 GHz quad-core CPU ကို အသုံးပြုထားပြီး၊ RAM 1GB ပါရှိပါတယ်။ ဖုန်းတွင်း storage 8GB ပါရှိပြီး၊ ကင်မရာပိုင်းမှာတော့ 8-megapixel ကျောကင်မရာနဲ့၊ 3.2 megapixel ရှေ့ကင်မရာတို့ ပါရှိပါတယ်။

ဖုန်း Android ဗားရှင်းကလည်း ယခုမြန်မာနိုင်ငံတွင်းက ဟန်းဆက်တော်တော်များများလိုပဲ၊ Android 5.1 Lollipop စနစ်နဲ့ဖြစ်ကာ၊ ဘက်ထရီကတော့ 1450mAh ဘက်ထရီဖြစ်ပါတယ်။

ကုမ္ပဏီ CEO ဖြစ်သူ Mohit Goel ရဲ့ ပြောကြားချက်အရ၊ ကုမ္ပဏီအနေနဲ့ ဖုန်းတစ်လုံးကို ၂ ဒေါ်လာလောက် အရှုံးရှိပေမယ့်၊ ၀ယ်လိုအားကြောင့် အနာဂတ်တစ်ချိန်မှာတော့ အမြတ်အစွန်းရှိလာဖို့ မျှော်မှန်းထားတယ်လို့ သိရပါတယ်။






































<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 



www.pyaephyo.com

0 comments:

Post a Comment