♪ HTC ကထုတ်လုပ်မယ့် Nexus ဖုန်းသစ် “Sailfish” အတွက် အချက်အလက်များပေါက်ကြားလာ ♫


လာမယ့်နွေရာသီမှာ တရားဝင်ထွက်ရှိလာမှာဖြစ်တဲ့ Google ရဲ့ Nexus ဖုန်းအသစ်အတွက် ကောလဟလ သတင်းတွေထပ်မံ ထွက်ပေါ်လာပါတယ်။ Nexus နဲ့ ပတ်သက်တဲ့ ကောလဟလသတင်းတွေဟာ ပြီးခဲ့တဲ့ လအနည်းငယ်ကတည်းက ထွက်ပြီးသားဖြစ်ပေမယ့် ယခုထပ်မံထွက်ပေါ်လာတဲ့ သတင်းတွေအရတော့ Nexus ဖုန်းကို HTC ကုမ္ပဏီက တာဝန်ယူပြုလုပ်သွားမှာဖြစ်ပါတယ်။

Android Police မှာဖော်ပြထားတဲ့ သတင်းတွေအရ HTC ရဲ့ Nexus ဖုန်းသစ်ကို နာမည်ဝှက်အနေနဲ့ “Sailifsh” လို့ နာမည်ပေးထားပြီး ဒီနှစ်အတွင်းမှာပဲ ထွက်ပေါ်လာနိုင်ခြေရှိနေခဲ့တာပါ။ ဒီဖုန်းသစ်အတွက် ပါဝင်နိုင်မယ့် အချက်အလက်တွေကိုလည်း ဖော်ပြထားခဲ့ပါတယ်။

အဲ့ဒါတွေကတော့ ၅လက်မ 1080p မျက်နှာပြင်၊ Quad-core 2.0 GHz 64-bit Processor၊ 4GB ရှိတဲ့ RAM 2770mAh ဘက်ထရီ၊ 32GB Inbuilt Storage တို့ပါဝင်မှာဖြစ်ပြီး ကင်မရာပိုင်းမှာဆိုရင်တော့ 12-MP ကျောဘက်ကင်မရာနဲ့ 8-MP ရှေ့မျက်နှာကင်မရာတို့ ပါဝင်မှာပါ။ Fingerprint ဆန်ဆာနဲ့ USB-Type C တို့လည်း ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

Google ဟာ သူတို့ရဲ့ နာမည်ကျော် Nexus ဖုန်းတွေကို ယခင်က HTC, Huawei စတဲ့ကုမ္ပဏီတွေနဲ့ တွဲဖက်ထုတ်လုပ်ခဲ့ဖူးပြီး ယခုတော့ HTC နဲ့ ထပ်မံလက်တွဲခဲ့တာလည်း ဖြစ်ပါတယ်။ Google အနေနဲ့ Nexus ဖုန်းတွေ ထုတ်လုပ်ရာမှာ အောင်မြင်မှုရရှိခဲ့တယ်လို့ ဆိုနိုင်ပြီး ထိပ်တန်း Android ဖုန်းတွေထဲမှာ ပါဝင်နိုင်ခဲ့ပါတယ်။

Credit to ==> Digital Times



<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 




www.pyaephyo.com

0 comments:

Post a Comment