♪ FBI အနေနဲ့ ကွန်ပျူတာတွေကို ဝရမ်းမလိုပဲ Hack လုပ်ခွင့်ရှိ ♫


အမေရိကန်ဖက်ဒရယ်ထောက်လှမ်းရေးဗျူရို (FBI) ဟာ အမေရိကန်နိုင်ငံသားတွေရဲ့ ကွန်ပျူတာတွေကို ဝရမ်းမလိုပဲ Hack (ချိုးဖောက်ဝင်ရောက်) နိုင်တယ်လို့ ခရိုင်တရားသူကြီး Henry Coke Morgan, Jr ကဆိုပါတယ်။ တကယ်လို့ ဒီအတိုင်းသာ မှန်ခဲ့မယ်ဆိုရင် ဒါဟာ အမေရိကန်အစိုးရအေဂျင်စီတွေရဲ့ အင်တာနက်ထိန်းချုပ်မှုဟာ အကျိုးသက်ရောက်မှုတွေ များပြားလာနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။

ဒီစည်းမျဉ်းဟာ FBI ရဲ့ “Operation Pacifier” လို့အမည်ရတဲ့ သက်ငယ်လိင်ပိုင်းဆိုင်ရာ ဆိုက်တွေကို ပစ်မှတ်ထားပြီး ဖြိုခွင်းရာ ကနေထွက်ပေါ်လာခဲ့တာပါ။ FBI ဟာ အမေရိကန်၊ ချီလီ၊ ဒိန်းမတ် နဲ့ ဂရိနိုင်ငံတွေက ကွန်ပျူတာတွေကို ချိုးဖောက်ဝင်ရောက်ခဲ့ပြီး အနက်ရောင် ဆိုက်တွေက သက်ငယ်မှုဒိမ်းသမား ၁၅၀၀ ကျော်ကို ဖမ်းဆီးခဲ့ပါတယ်။

fbi3

တရားသူကြီးချုပ် မော်ဂန်ဂျူနီယာက FBI ရဲ့လှုပ်ရှားမှုတွေဟာ အမေရိကန်နိုင်ငံသားတွေကို အကြောင်းပြချက်မဲ့ ရှာဖွေမှုပြုလုပ်ချက်ဆိုင်ရာ ပြင်ဆင်ချက် ၄ ကို မချိုးဖောက်ကြောင်း အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။ အဲ့ဒီအပြင် အမေရိကန်က တရားသူကြီးတွေဟာ ကိုယ့်ပြည်နယ်မဟုတ်တဲ့ တခြားပြည်နယ်တစ်ခုက ကွန်ပျူတာတွေကို Hack လုပ်ဖို့အမိန့်ပေးနိုင်တဲ့ သြဇာလည်းရှိပါတယ်။
FBI ဟာ ပြီးခဲ့တဲ့ ဧပြီလလောက်ကလည်း ဆန်ဘာဒီနိုအကြမ်းဖက်သမားရဲ့ iPhone ကို Lock ဖြည်ပေးဖို့ Apple ကိုတောင်းဆိုရာမှာ တင်းမာမှုတွေဖြစ်ပေါ်ခဲ့တဲ့အပြင် အမေရိကန်ပြည်သူတွေရဲ့ Privacy ကို ချိုးဖောက်ခြင်းက ရပ်တန့်ဖို့ ဆန္ဒအပြခံခဲ့ရပါသေးတယ်။
fbi5
အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီရှိ FBI ရုံးချုပ်ကိုတွေ့ရစဉ်

Credit to ==> Digital Times



<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 



www.pyaephyo.com

0 comments:

Post a Comment