♪ Galaxy Note စီးရီးရဲ့ မျိုးဆက်သစ်ကို “Galaxy Note 7” လို့အမည်ပေးထား ♫


ဒီနှစ်အစောပိုင်းတုန်းကတည်းကရင်း Galaxy Note စမတ်ဖုန်းအတွက် ကောလဟလသတင်းတွေ ထွက်လာခဲ့ဖူးပါတယ်။ Samsung ရဲ့ အဓိက စမတ်ဖုန်းတွေထဲက တစ်ခုဖြစ်တဲ့ Galaxy Note စီးရီးရဲ့ နောက်ထွက်မယ့် စမတ်ဖုန်းကို နာမည်စဉ်အတိုင်း သွားမယ့်ပုံစံဖြစ်တဲ့ “Galaxy Note 6” ကိုကျော်ပြီး “Galaxy Note 7” ဆိုတဲ့ နာမည်ပေးမှာဖြစ်ပါတယ်။

note-7-rumour1

ဒီနာမည်ဟာ ယခင်ကတည်းက သတင်းထွက်ထားတာဖြစ်ပေမယ့် ယခု အဲ့ဒီနာမည်နဲ့ ပုံတစ်ပုံပေါက်ကြားလာတာကြောင့် အတည်ပြုနိုင်ခဲ့တာပါ။ ဒီသတင်းကို ကောလဟလ သတင်းတွေတင်ပြီး မှန်ကန်တဲ့နေရာမှာ နာမည်ကြီးတဲ့ Eban Blass က သူ့ရဲ့ Twitter မှာ ပုံနဲ့တကွဖော်ပြခဲ့တာဖြစ်ပြီး ပုံအရဆိုရင်တော့ ဒီသတင်းဟာ မှန်ကန်ဖို့ အခြေအနေများနေပါတယ်။

အသစ်ထွက်မယ့် Note 7 ဟာ “Edge” ဆိုတဲ့စကားလုံးကို ဖော်ပြထားခြင်းမရှိတာကြောင့် ယခင် Note 5 လို “Edge” ဗားရှင်းကိုလည်း မထုတ်တော့ဘူးလေလား ဆိုတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်နေတာပါ။ ဖုန်းအသစ်အနေနဲ့ အားလုံးက မျက်နှာပြင်နှစ်ဘက်ကွေးစတိုင်လ်ကို S7 မှာ မျှော်လင့်ခဲ့သလို မျှော်လင့်နေခဲ့ကြတာပါ။ ဖုန်းကို လာမယ့် နွေရာသီနှောင်းပိုင်းကာလ၊ IFA ကုန်သွယ်ရေးပြပွဲမတိုင်ခင် စက်တင်ဘာလမှာ ထုတ်ဖော်ပြသဖို့အတွက် ရှိနေခဲ့ပါတယ်။

Credit to ==> Digital Times


<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 




www.pyaephyo.com

0 comments:

Post a Comment