♪ “မိုဘိုင်းဖုန်းနှင့် တီဗီလက်တွေ့အသုံးချ ပြုပြင်တပ်ဆင်နည်းသင်တန်းကို ရန်ကုန်နည်းပညာတက္ကသိုလ်တွင် စတင်ဖွင့်လှစ်ခဲ့” ♫


မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ် စတင်သင်ကြားပေးမည့် လူမှုအသိုက် အဝန်းအကျိုးပြု အစီအစဉ်ဖြစ်သော Samsung Tech Institute ၏ မိုဘိုင်းဖုန်းနှင့် တီဗီလက်တွေ့အသုံးချပြုပြင် တပ်ဆင်နည်းသင်တန်းကို ၂ဝ၁၆ ခုနှစ်ဇွန်လ (၁၆) ရက်နေ့က ရန်ကုန်နည်းပညာတက္ကသိုလ်တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

Samsung Tech Institute ၏ ပထမဆုံး ခြေလှမ်းသစ်ဖြစ်သည့် အဆိုပါသင်တန်းတွင် မိုဘိုင်း Software၊ Hardware ပြင်ဆင်နည်းနှင့် တီဗီပြုပြင်နည်းသင်တန်းဟူ၍ အမျိုးအစားနှစ်မျိုးခွဲခြား ထားကာ သင်တန်းသားဦး ရေအနေဖြင့် မိုဘိုင်းဖုန်း Software နှင့် Hardware ပြုပြင်နည်း သင်တန်းအတွက် ကျောင်းသူကျောင်းသား (၈၈) ဦး၊ တီဗီပြုပြင်နည်းသင်တန်းအတွက် (၃၂) ဦး၊ စုစုပေါင်း သင်တန်းသားဦးရေ (၁၂ဝ) တက်ရောက်ရန် စာ ရင်းပေးသွင်းခဲ့ကြောင်း သိရသည်။

''ဒီအစီအစဉ်ဟာ Samsung Myanmar အနေနှင့် ရန်ကုန်နည်းပညာ တက္ကသိုလ်နဲ့ ပထမဆုံးအကြိမ် ပူးပေါင်း ဆောင်ရွက်တာဖြစ်ပါတယ်။ သင်တန်းသားဦးရေ (၁၂ဝ)ကို မိုဘိုင်းဖုန်းနှင့်တီဗီပြုပြင်ခြင်းဆိုင်ရာ နည်းပညာ တွေကိုသင်ကြားပေးသွားမှာဖြစ်ပါတယ်။ လက်တလော မြန်မာပြည်ဈေးကွက်ထဲမှာ ကျွမ်းကျင်ပညာရှင်များစွာ လိုအပ်နေတာမို့ အခုဖွင့်လှစ်သင်ကြားပေးမယ့် သင်တန်းဟာ ဒီလိုအပ်ချက်တွေကို တစ်ဖက် တစ်လမ်းကနေ ဖြည့်ဆည်းပေးနိုင်မယ်လို့ ယုံကြည်ပါတယ်'' ဟု Samsung Myanmar မှ Managing Director ဖြစ်သူ Mr. Nam Sik Ahn မှ ပြောကြား သွားသည်။

သင်တန်းမစတင်မီသင်တန်းသားများကို Samsung Myanmar သင်တန်း အတွက်လိုအပ်သော သင်ထောက်ကူ ပစ္စည်းများအပြင် Samsung အမှတ်တံဆိပ်နှင့် သင်တန်းအမှတ်တံဆိပ်ပါသော T-Shirt (၂)ထည်၊ မှတ်စုစာ အုပ်၊ ဘောပင်၊ ရေဘူး၊ အိတ်တို့အပြင် နေ့စဉ်စားသုံးစရိတ်အဖြစ် ငွေ ၃ဝဝဝ ကျပ်ကိုပေးအပ်ခဲ့ကြောင်း သိရ သည်။ Samsung မှ အဆိုပါ သင်တန်းတွင် အဆင့်မြင့် မိုဘိုင်းဖုန်းနှင့် တီဗီပြုပြင်ခြင်းဆိုင်ရာ နည်းလမ်း များကို စာတွေ့၊ လက်တွေ့ သင်ကြားပေးသွားမှာဖြစ်သည်။

Samsung Myanmar မှ ဆောင်ရွက်နေသော လူမှုအကျိုး ပြုလုပ်ငန်းအစီအစဉ်များ အနက်မှ တစ်စိတ် တစ်ဒေသဖြစ်သည့် အဆိုပါသင်တန်းများသည် နည်းပညာ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများအား ၄င်းတို့၏စိတ်ကူးအိပ်မက်များ အား အကောင်အထည်ဖော်ရာတွင် တစ် ဖက်တစ်လမ်းမှ ကူညီပံ့ပိုးပေးခြင်း ဖြစ်ကြောင်း သိရသည်။

ရဲလင်းစိုး
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 




www.pyaephyo.com

0 comments:

Post a Comment