♪ ကမ္ဘာကျော် ဘောလုံးသမား ရော်နယ်ဒိုက Kick’n’Run အမည်ရ ဂိမ်းတစ်ခုထုတ်လုပ် ♫


ယူရို ၂၀၁၆ ပြိုင်ပွဲ ဆက်လက်ကျင်းပနေချိန်မှာပဲ ပေါ်တူဂီအသင်းနဲ့ ရီးရဲလ်အသင်းတို့ရဲ့ အကျော်အမော်ကစားသမား စီရော်နယ်ဒိုက မိုဘိုင်းလ်ဂိမ်းတစ်ခုကို ထုတ်လုပ်လိုက်ပါတယ်။ ဂိမ်းရဲ့ နာမည်ကတော့ ‘Ronaldo: kick’n;Run’ လို့အမည်ရပြီး ဖဗီလာမြို့ရဲ့ လမ်းတွေပေါ်မှာ လှည့်ပတ်ကစားရတဲ့ ပုံစံမျိုး ကစားရမှာဖြစ်ပါတယ်။

Ronnaldo 11

ကျွန်တော်တို့ မြန်မာပရိသတ်တွေကြားမှာ ရေပန်းစားခဲ့တဲ့ Subway Surf ဂိမ်းနဲ့ ပုံစံဆင်တူပြီး ပြေးနေရင်းနဲ့ ဘောလုံးနဲ့ ပစ်မှတ်တွေ ၊ အတားအဆီးတွေကို ကန်သွားရတဲ့ ပုံစံတွေ ၊ အဖျက်ဘောလုံးသမားတစ်ချို့ရဲ့ လျှောထိုးဖျက်ထုတ်မှုကိုတွေကို ရှောင်ရတာတွေ ပါဝင်ပါတယ်။ ဒီဂိမ်းကိုတော့ Hugo Games ကနေ တာဝန်ယူရေးဆွဲထုတ်လုပ်ခဲ့တာဖြစ်ပြီး ထုတ်လုပ်ပြီး မကြာခင်မှာပဲ ဒေါင်းလုဒ်ဆွဲမှု အကြိမ်ရေ တစ်သန်းကျော် အထိ ရှိလာခဲ့တယ်လို့ သိရပါတယ်။

Ronaldo 11


လက်သွက်သွက်နဲ့ ဆော့ရမယ့် ဂိမ်းဖြစ်ပြီး ပစ်မှတ်တွေကို တိကျတဲ့ ကန်ချက်တွေနဲ့ ကန်နိုင်လေ အမှတ်ပိုရလေပါပဲ။ ကစားသူရဲ့ ကျွမ်းကျင်မှု Level ပုံစံမျိုးနဲ့ သွားထားတာမို့ တစ်ဆင့်ပြီးတစ်ဆင့်ပိုခက်ခဲလာတာကိုတွေ့ရမှာပါ။ ဆော့ကစားသူတွေ အတော်များများကတော့ အကြိုက်တွေ့ကြပါတယ်။ ဂိမ်းရဲ့ ဖိုင်လ်ဆိုက်ကလည်း 50 MB ကျော်ကျော်သာရှိတာကြောင့် ဖုန်းတိုင်းမှာ အလွယ်တကူ ဒေါင်းလုဒ်ရယူနိုင်မှာပါ။ ဒီလင့်ခ်ကို နှိပ်ပြီး ‘Ronaldo: kick’n;Run’ ကို အခုပဲ ဒေါင်းလုဒ်ပြုလုပ်လို့ရပါပြီ။

Android ရော iOS မှာပါရရှိနိုင်ပါတယ်။

ဒီဂိမ်းကတော့ ကျွန်တော်တို့နိုင်ငံအနေနဲ့ တရားဝင် မရရှိသေးပေမယ့်လည်း ဒီနည်းလေးနဲ့ VPN ကျော်ပြီး play store ကနေ ဒေါင်းလုဒ်ရယူနိုင်မှာဖြစ်ပါတယ်။






Credit to ==> Digital Times



<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 




www.pyaephyo.com

0 comments:

Post a Comment