♪ မိုဘိုင်းဖုန်းဈေးကွက်အရောင်းအ၀ယ်အေး အလဲအထပ် ပိုမိုသွက် ♫

used-phones

မိုဘိုင်းဖုန်းဈေးကွက်အတွင်းတွင် အရောင်းအ၀ယ်အေးနေပြီး ဖုန်းချင်းအလဲအထပ်နှင့်
မိုဘိုင်းဖုန်းအဟောင်းများကိုပြန်လည် ရောင်းချသည့်ဈေးကွက်တွင်ကျယ်လျှက်ရှိသည်။
“ ရောင်းတဲ့သူတွေဘက်ကများပေမယ့် လောလောဆယ်မှာဝယ်တဲ့သူတွေဘက်က နည်းနည်းအေးနေတယ်။
ဖုန်းချင်းအလဲအထပ်လုပ် ၊ အလိုက်ယူ အလိုက်ပေးစနစ် တွေပဲ ပိုပြီးလုပ်နေကြပါတယ်” လို့ ဖုန်းအရောင်း
အ၀ယ်အကျိုးဆောင်တစ်ဦးမှပြောကြားခဲ့သည်။
အခမဲ့ အရောင်းအ၀ယ်ဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် www.ads.com.mm မှ Head of content and product တာဝန်ရှိသူ ကိုဟိန်းအောင်ကျော်မှ
“ လက်ရှိမှာတော့ ကျွန်တော်တို့ ဝက်ဘ်ဆိုက်မှာ အရောင်းအများဆုံး Brand ကတော့ Samsung ပါ
Smartphones  Total Website မှာ လက်ရှိ အလုံးရေ ၄၁၄၀၀ ရှိပါတယ်။ ဒါကအကြမ်းဖျင်းပေါ့နော်
ရောင်းဖို့ လာတင်ကြတဲ့ဖုန်းအလုံးရေ တစ်နေ့ ကို ပျဉ်းမျှ ၁၀၀ ကနေ ၂၀၀ ကျော်ရှိပါတယ်။ ဈေးနှုန်းတွေ
ကတော့ တစ်သောင်းနှစ်သောင်းဝန်းကျင်ကနေ အမြင့်ဆုံး ကိုးသိန်းကျော်ထိရှိပါတယ် “ ဟုပြောပြခဲ့ပါသည်။



<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 



www.pyaephyo.com

0 comments:

Post a Comment