MPT မှ ဘီလ်ဖြည့်သွင်းသူတွေအတွက် ၂၀ ရာခိုင်နှုန်းကနေ ၁၀၀ ရာခိုင်နှုန်းအထိ ပရိုမိုးရှင်းပြုလုပ်သွားမည်




MPT ဟာ ဘီလ်ဖြည့်သွင်းသူတွေအတွက် ပရိုမိုးရှင်းပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဇွန်လ ၂၈ ရက်နေ့ ကနေ စတင်ပြီးတော့ ဇူလိုင်လ ၂ ရက်နေ့အထိ ဘီလ်ဖြည့်သွင်းသူတွေကို ဘီလ်အပိုပေးအပ်ခြင်း အနေနဲ့ ပရိုမိုးရှင်းပြုလုပ်သွားမှာပါ။



ဘီလ်အပိုပေးတဲ့ပမာဏကတော့ ၂၀ ရာခိုင်နှုန်းကနေ ၁၀၀ ရာခိုင်နှုန်းအထိ ရှိပါတယ်။ ယခင်ပေးအပ်တဲ့ ပရိုမိုးရှင်းတွေလို ဒီပရိုမိုးရှင်းမှာလည်း ကန့်သတ်ချက်တွေတော့ရှိပါတယ်။ အပိုဘီလ်ကို ၁၀ ရက်အတွင်းကုန်ဆုံးအောင် သုံးစွဲရမှာဖြစ်တယ်လို့ ကန့်သတ်ထားတဲ့အပြင် MPT အချင်းချင်း ဖုန်းခေါ်ဆိုခြင်း၊ စာတိုပေးပို့ခြင်းနဲ့ အင်တာနက်အသုံးပြုခြင်း တွေကိုသာ ပြုလုပ်နိုင်မယ်လို့လည်း သိရပါတယ်။



InternetJournal

0 comments:

Post a Comment