♪ iPhone ကို တိုက်ရိုက်ယှဉ်ပြိုင်နိုင်မယ့် စမတ်ဖုန်းတစ်လုံးကို Google ကိုယ်တိုင်ထုတ်လုပ်တော့မည် ♫


Google ဟာ iPhone ကို တိုက်ရိုက်ယှဉ်ပြိုင်မယ့် အမိုက်စား Android စမတ်ဖုန်းတစ်လုံးကို ထုတ်လုပ်သွားဖို့ရှိနေတယ်လို့ သိရပါတယ်။

လက်ရှိမှာ Google အနေနဲ့ Nexus စီးရီးစမတ်ဖုန်းတွေ ရှိတယ်ဆိုပေမယ့်၊ ထုတ်လုပ်သူတွေကတော့ Huawei ၊ LG ၊ HTC ၊ Motorola ၊ Asus စတဲ့ ကုမ္ပဏီပေါင်းစုံက မော်ဒယ်တစ်မျိုးစီအလိုက် ထုတ်လုပ်ပေးနေတာဖြစ်ပြီး၊ Google ကိုယ်တိုင်ထုတ် စမတ်ဖုန်းမရှိသေးပါဘူး။

၂၀၁၆ ခုနှစ်၊ နှစ်ကုန်ပိုင်းလောက်မှာ အသစ်ထွက်ရှိမယ့်စမတ်ဖုန်းရဲ့ ထုတ်လုပ်မှုအပိုင်းကိုတော့ Google ကိုယ်တိုင်ကြီးကြပ်မှုပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

CCS Insight ရဲ့ ဈေးကွက်လေ့လာရေးပညာရှင် Ben Wood ကတော့ Google ဟာ ၎င်းတို့ပိုင်ဆိုင်တဲ့ Android ပလက်ဖောင်း တစ်စစီဖရိုဖရဲဖြစ်နေမှုကို စိုးရိမ်ပူပန်မှုတွေရှိနေပြီး၊ ထိန်းချုပ်မှုတွေ တင်းကြပ်သွားဖို့ ရှိနေတယ်လို့ သုံးသပ်ထားပါတယ်။ Apple လိုမျိုး ထိန်းချုပ်ကန့်သတ်မှုတွေလည်း ပိုလုပ်သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

Ben Wood ရဲ့ ပြောကြားချက်ဟာ မှားတယ်လို့ မဆိုနိုင်ပါဘူး။ Android ဟာ တကယ်မိုက်တဲ့ OS တစ်ခု ဖြစ်ပေမယ့်၊ Unix အခြေခံ open စနစ်တစ်ခုဖြစ်တာကြောင့် ဖုန်းထုတ်လုပ်သူတိုင်းလိုလိုဟာ ကိုယ်ပိုင်ပြင်ဆင် မှုတွေ လုပ်နေကြပါတယ်။ အကယ်၍ Android ဖုန်းသာ တစ်ခုခု အမှားအယွင်းယွင်းဖြစ်သွားရင်၊ ပြန်လည်ပြင်ဆင်နိုင်ဖို့အတွက် သာမန် user တစ်ယောက်အနေနဲ့ မဖြစ်နိုင်ဘဲ၊ ဆော့ဖ်ဝဲကျွမ်းကျင်သူ developer တွေမှ ပြင်ဆင်နိုင်မှာဖြစ်ပါတယ်။ ဒီလိုအားနည်း ချက်တွေကြောင့် Google ဟာ Android စနစ်ကို ပိုမိုကန့်သတ်ထိန်းချုပ်မှုတွေ လုပ်လာမှာဖြစ်တယ်လို့ ယူဆရပါတယ်။

Google အနေနဲ့ ယခုစမတ်ဖုန်းကို ဘယ်တော့ထုတ်မလဲဆိုတာကိုတော့ သေချာမသိရသေးပါဘူး။

Credit to ==>Digital Times



<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 



www.pyaephyo.com

0 comments:

Post a Comment