♪ " Asus မှ Zenfone Pegasus 3 အား ထပ်မံထုတ်လုပ် " ♫


Asus သည် Zenfone 3 ဖုန်းများတွင် စတုတ္ထမြောက်ဖုန်းအား ထပ်မံထုတ်လုပ်ပေးခဲ့ပြီး ဈေးနှုန်း သက်သာမည့် ဖုန်းတစ်လုံးဖြစ်ကာ Asus ZenFone Pegasus 3 သည် ယခင်ဖုန်းများနှင့်ဆင်တူသော်လည်း ကွဲပြားခြားနား ချက်များလည်းရှိခဲ့သည်။

သတ္တုဖြင့် ဖုန်းအားတည်ဆောက်ထားပြီး 5.2" screen ဖြစ်ကာ ရှေ့ဘက်တွင် 2.5 D ဖန်သားဖြင့် ဖုံးအုပ်ထားသည်။ 720p HD resolution ရှိကာ Android 6.0 (Marshmallow) ကိုသုံးထားပြီး ZenFUI 3.0 ဖြင့် ပြင်ဆင်မှုအချို့ ပြုလုပ်ထားသည်။

Processor မှာ octa-core 1.3GHz ဖြစ်ပြီး RAM ကို 2GB နှင့် 3GB နှစ်မျိုးခွဲခြား ထုတ်လုပ်မည်ဟု သိရသည်။ Storage 16GB အမျိုးအစားတွင် RAM 2GB နှင့် storage 32GB အတွက် RAM 3GB ပါဝင်သည်ဟု သိရသည်။

ဈေးနှုန်းမှာ ဒေါ်လာ ၂၀၀ နှင့် ၂၃၀ ၀န်းကျင် အသီးသီးရှိပြီး တရုတ်တွင် မကြာမီ စတင်ရောင်းချမည့် ဈေးနှုန်းများဖြစ်ကာ ကျန်ဒေသများအတွက် ဈေးနှုန်းကိုမူ မသိရသေးပေ။

အဓိကကင်မရာမှာ 13MP f/ 2.2 ကင်မရာဖြစ်ပြီး ရှေ့ဘက်တွင် 5MP f/2.0 ကင်မရာ တပ်ဆင်ပေးထားသည်။ ကျောဘက်တွင် လက်ဗွေ ဖတ်ပေးနိုင်သော Fingerprint sensor ပါဝင်ကာ ကြီးမားသော 4100mAh ဘက်ထရီအား သုံးစွဲပေးထားပါသည်။

Asus Zenfone Pegasus 3 သည် dual-SIM ဖုန်းဖြစ်ကာ LTE connectivity နှင့် VoLTE ပါ ရရှိနိုင်ကြောင်း သိရသည်။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal


<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 




www.pyaephyo.com

0 comments:

Post a Comment