♪ Samsung ရဲ့ Galaxy Folder 2 Android ခေါက်ဖုန်းကို ထပ်မံထုတ်လုပ် ♫


ခေါက်ဖုန်းဒီဇိုင်းတွေကို ဒီနေ့ခေတ် နည်းပညာနဲ့ သုံးချင်တဲ့ သူတွေရှိနေသေးရင်တော့ Samsung က သင့်ဆန္ဒကို ဖြည့်ဆည်းပေးတော့မှာပါ။ Samsung ဟာ Android စနစ်သုံး ခေါက်ဖုန်း အမျိုးအစားတစ်မျိုး ဖြစ်တဲ့ Galaxy Folder 2 ဖုန်းကို စတင်ဖြန့်ချိတော့မှာဖြစ်တယ်လို့ သိရပါတယ်။ Samsung ဟာ ပြီးခဲ့တဲ့နှစ်က Android စနစ်သုံး Galaxy Golder ခေါက်ဖုန်းကို ထုတ်လုပ်ပြီးနောက်ဆက်တွဲ အနေနဲ့ ဒီဖုန်းကိုဆက်လက် ထုတ်လုပ်ခဲ့တာပါ။

အဲ့ဒီအပြင် Samsung အနေနဲ့ ဒီဖုန်းအတွက် အချက်အလက်တချို့ကိုလည်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ကင်မရာပိုင်းမှာဆိုရင်ဒီဖုန်းဟာ ကျောဘက်ကင်မရာ 5MP ကိုထည့်သွင်းထားတာကြောင့် မနှစ်က ထွက်ခဲ့တဲ့ Galaxy Folder ရဲ့ 2MP ရှိတဲ့ ကင်မရာကို အဆင့်မြှင့်တင်ထားခဲ့တာကိုတွေ့ရမှာပါ။


အတွင်းပိုင်း Storage တွေအနေနဲ့ 16 GB ထိပါဝင်လာခဲ့ပြီး Android နောက်ဆုံးထွက်ဗားရှင်း Marshmallow 6.0.1 ကိုအသုံးပြုထားခဲ့ပါတယ်။ Snapdragon 425 Soc နဲ့ quad-core 1.2 GHz CPU, 1.8GB RAM, Adreno 308 Graphics နဲ့ မျက်နှာပြင်အကျယ် ၃.၈လက်မ 800 x 480 p Display တို့လို အချက်အလက်တွေ ပါဝင်လာခဲ့ပါတယ်။


ဒါကြောင့် Android စမတ်ဖုန်းကို သေးငယ်တဲ့ ခေါက်ဖုန်းအဖြစ်အသုံးပြုလိုသူတွေအတွက် သင့်တော်တဲ့ ချစ်စရာ ဖုန်းအမျိုးအစားလေး တစ်မျိုးဖြစ်ပါတယ်။ ဖုန်းနဲ့လိုက်အောင် လုပ်ဆောင်ချက်တွေ သင့်တော်တဲ့ ဖုန်းတစ်မျိုးလည်း ဖြစ်ပါတယ်။ အရောင်အသွေးနဲ့ ဈေးနှုန်းကတော့ ထုတ်ပြန်ခြင်းမရှိသေးပေမယ့် ယခင် Galaxy Folder ခေါက်ဖုန်းတုန်းကတော့ ကျပ်သုံးသိန်းခန့် ဈေးရှိတာဖြစ်ပါတယ်။

Credit to ==> Digital Times



<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 




www.pyaephyo.com

0 comments:

Post a Comment