♪ ၉၉,၉၀၀ ကျပ်တန် ဟန်းဆက်သစ် တယ်လီနော စတင်မိတ်ဆက် ♫


၉၉,၉၀၀ ကျပ်တန် ဟန်းဆက်တစ်မျိုးကို Telenor မှ စတင်မိတ်ဆက်လိုက်သည်။

T600M အမျိုးအစားဖြစ်ပြီး ၁၈ လ အာမခံ ပါရှိမည်ဖြစ်သည်ဟု သိရသည်။ ဟန်းဆက်ဝယ်ယူခြင်းအတွက် Telenor သုံးစွဲသူများအနေဖြင့် တစ်လလျှင် 1GB ဒေတာအခမဲ့ သုံးစွဲခွင့်နှင့် Capture အတွက် unlimited data သုံးစွဲခွင့်များကို (၃ လ အထိ) ရရှိမည်ဖြစ်ကြောင်း သိရသည်။

T600M သည် 3G Android အမျိုးအစားဖြစ်ပြီး ဆင်းကတ်နှစ်ခု အသုံးပြုနိုင်ကြောင်း၊ နောက်ကင်မရာမှာ 8 Mpx ရှိပြီး အရှေ့ကင်မရာမှာ 5Mpx ရှိသည့် touch-screen အမျိုးအစားဖြစ်ကြောင်း၊ ၁၀ မီလီမီတာ ပါးလွှာကြောင်း သိရသည်။

ကင်မရာနှစ်ဖက်စလုံးအတွက် LED flash အသုံးပြုနိုင်ပြီး အရှေ့ကင်မရာသည် Selfie ပုံများ ရိုက်ရန်အတွက် ပိုမိုကောင်းမွန်ကြောင်း ဆိုသည်။ ရွှေရောင်နှင့် အမည်းရောင် အမျိုးအစား နှစ်မျိုးရှိကြောင်း၊ မျက်နှာပြင်မှာ ၆ လက်မ ကျယ်ပြီး 1GB RAM ရှိကြောင်း၊ Data များကို 8GB အထိ သိမ်းဆည်းနိုင်မည်ဖြစ်ပြီး ဘက်ထရီစွမ်းရည်မှာ 2580mAh ဖြစ်ကြောင်း သိရသည်။

Credit to ==> Internet Journal


<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 




www.pyaephyo.com

0 comments:

Post a Comment