♪ ကွန်ပျူတာလုပ်ငန်းရှင်အသင်း နည်းပညာဆိုင်ရာသင်တန်းအတွက် ပညာသင်ထောက်ပံ့ကြေး ပေးအပ်မည် ♫


ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင်အသင်းမှ ဖွင့်လှစ်မည့် PC & Mobile Technician နှင့် System & Network Engineer သင်တန်းများအတွက် အပြည့်အဝ ပညာသင်စရိတ်ထောက်ပံ့ရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။

အဆိုပါ သင်တန်းများအတွက် အချိန်ကာလ ၄ လ ကြာမြင့်ပြီး Certificate ပေးအပ်မည် ဖြစ်ကြောင်း သိရသည်။ PC & Mobile Technician သင်တန်းအတွက် သင်တန်းကြေးကို ငွေကျပ် ၅ သိန်း ၅ သောင်း သတ်မှတ်ထားပြီး System & Network Engineer သင်တန်းအတွက် သင်တန်းကြေးကို ငွေကျပ် ၂ သိန်း ၈ သောင်း သတ်မှတ်ထားကြောင်း သိရသည်။ ပညာသင်ဆု လျှောက်ထားသူများကို အင်တာဗျူးမေးမြန်းပြီး အင်တာဗျူး ဖြေဆိုသူများထဲမှ ၁၅ ဦးကိုသာ ရွေးချယ်၍ Full Scholarship ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

သင်တန်းတက်ရောက်လိုသူများအနေဖြင့် ဘွဲ့ရရှိရမည်ဖြစ်ပြီး ပညာသင်ဆု လျှောက်ထားလိုသူများ သည် လျှောက်လွှာပုံစံကို ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင်အသင်း ရုံးခန်း၊ အဆောင် (၁၄)၊ ၅ လွှာ၊ အမှတ် (၆၀၄) MICT Park တွင် ထုတ်ယူကာ ဇူလိုင်လ ၂၂ ရက်အထိ နောက်ဆုံး ထား ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။


Credit to ==> Internet Journal


<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 




www.pyaephyo.com

0 comments:

Post a Comment