♪ ဈေးနှုန်းချိုသာသော - “Vital Smart Phone GOAL” ♫


ပြည်တွင်းဈေးကွက်မှာဖုန်း တံဆိပ်မြောက်မြားစွာ ရှိပြီးအချို့တံဆိပ်တွေကတော့ ဈေးနှုန်းတန်ဖိုး မြင့်မားကြ ပါတယ်။ တံဆိပ်အသီးသီးဟာ ဈေးကွက် ထဲတွင် အောင်မြင်မှုရရန် နည်းမျိုးစုံဖြင့် ကြိုးစားနေကြပါတယ်။ Vital Smart Phone များထဲမှ အခြားဖုန်းတွေထက် တစ်မူထူးခြားသည့် GOAL Model အသစ်သည် အခြားဖုန်းများထဲသို့ အားသွင်းလို့ရတဲ့ Power Bank အနေနဲ့ အသုံးပြုလို့ရမှာဖြစ်ပြီး Phone ထဲမှ Data များကိုComputer ကဲ့သို့ ပေးပို့၊ ရယူလို့ရတဲ့စနစ် ပါဝင်လာပါတယ်။

လှပတဲ့ဒီဇိုင်း (Metalic Cover) နှင့် စမတ်ကျတဲ့အပြင် အကြမ်းခံလိုင်းဆွဲအားကောင်းပြီး ဖုန်းအသုံးပြုရတာ မြန်ဆန်တဲ့ GOAL ဖုန်းကိုပြည်တွင်းဈေးကွက်မှာ ၀ယ်ယူ ရရှိနိုင်ပါပြီ။ ပေးဝယ်ယူ ရတဲ့ ဈေးနှုန်းနဲ့တန်အောင်၊ သုံးစွဲလို့ကောင်းမွန်အောင် ဖန်တီး ပေးထားသော စမတ်ဖုန်းအမျိုး အစားဖြစ်ပါတယ်။

သွက်လက် မြန်ဆန်တဲ့ အထိအတွေ့ကိုရရှိစေဖို့ သာမန် Processor 4 လုံးစာအလုပ်လုပ်နိုင်စွမ်းရှိတဲ့ Quad Core 4×RAM Cortex-A7 1.3GHZ နဲ့ RAM 1GB တို့ကိုပေါင်းစပ် ဖန်တီး ပေးထားပါတယ်။ Movies, Music, Photo, Application, Data များ ကိုဖုန်းအတွင်းပိုမိုသိမ်းဆည်းနိုင်ရန်အတွက် Storage 8GB ကိုထည့်သွင်း ပေးထားသည့်အပြင် ကြည်လင်ပြတ်သားပြီး မြင့်မားတဲ့ ရုပ်ထွက် အရည်အသွေး ကိုထုတ်ပေးနိုင်တဲ့ 540 × 960 Pixels ကိုအသုံးပြုထားပါ တယ်။

ကင်မရာနှစ်မျိုးနှစ်စားတပ်ဆင်ပေးထားပြီးအရှေ့ဘက်ကင်မရာငယ်ရဲ့ စွမ်းရည်မှာ2 Megapixel ဖြစ်ပြီး အနောက်ဘက်ကင်မရာရဲ့ စွမ်းရည်မှာ5 Megapixel ဖြစ်ပါတယ်။ ဘက်ထရီသက်တမ်း ကြာရှည်ခံတဲ့ Li-Ion အမျိုးအစား ဘက်ထရီတွင် Real 3600 mAhကိုအသုံးပြုထားတဲ့အတွက် Internet နဲ့ ဖုန်းများများပြောသောသူများနှင့် ဂိမ်းဆော့ဝါသနာပါသူများ အတွက် အဆင်ပြေစေမှာဖြစ်ပြီး ဖုန်းအားခဏခဏသွင်းရသည့် ပြဿနာ ကိုလည်းဖြေရှင်းပေးနိုင်မှာ ဖြစ်ပါတယ်။

<Specification>
Network - GSM/ WCDMA
Memory - up to 64 GB
CPU - 4×RAM Cortex A7 1.3GHz
Camera - 5MP
Screen - 5 inches
OS - Android OS, v5.1
Contact - 09-454566688
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal



<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 




www.pyaephyo.com

0 comments:

Post a Comment