♪ iPhone 7 ဟာ အမျိုးအစား သုံးမျိုးနဲ့ ထွက်လာနိုင်ဖွယ်ရှိ ♫


လူတိုင်းပြောစမတ်ပြုနေကြတဲ့ iPhone 7 ဟာနှစ်မျိုးနှစ်စားထွက်ရှိမယ်လို့ ထင်ထားကြပြီး iPhone 7 နဲ့ ပါတ်သက်တဲ့ အမျိုးမျိုးသော ကောလဟာလတွေလည်း ထွက်ရှိလာခဲ့ကြပါတယ်။ အရင်က ထွက်ရှိလာတဲ့ ကောလဟာလတွေမှာတော့ iPhone 7 ဟာ iPhone 7 နဲ့ iPhone 7 Plus ဆိုပြီး နှစ်မျိုးထွက်လာမယ်လို့ ဖော်ပြထားကြပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာတော့ iPhone 7 ဟာ အမျိုးအစား ၃ မျိုးနဲ့ ထွက်ရှိလာမယ်လို့ ဖော်ပြနေကြပါတယ်။
အဆိုပါ iPhone 7 အမျိုးအစား ၃ မျိုးကတော့ iPhone 7, iPhone 7 Plus နဲ့ iPhone 7 Pro ဆိုပြီး ၃ မျိုးထွက်ရှိလာမယ်လို့ ဖော်ပြထားကြပါတယ်။ အလားတူပဲ iPad အတွက်လည်း iPad Mini, iPad Air နဲ့ iPad Pro ဆိုပြီး သုံးမျိုးထွက်လာဖို့ ရှိပါတယ်။ iPhone ရဲ့ Pro ဗားရှင်းဟာ iPhone 7 နဲ့ iPhone 7 Plus တို့ထက် မျက်နှာပြင်ပိုကြီးမလား မကြီးဘူးလားဆိုတာကိုတော့ မသိရပါဘူး။
ဒါ့အပြင် ကောလဟာလသတင်းတွေမှာ ဖော်ပြနေတဲ့ ကင်မရာ နှစ်လုံးပါဝင်ခြင်း၊ iPad Pro မှာပါဝင်မဲ့ Smart Connector ကိုအသုံးပြုကာ ကြိုးမဲ့ စနစ်နဲ့ အားသွင်းခြင်း စတဲ့ အချက်တွေကိုလည်း အတိအကျ မသိရှိနိုင်သေးပါဘူး။
Ref: TNW
Aung Ko Htet (MMA)
#aungkohtet_mma



<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 




www.pyaephyo.com

0 comments:

Post a Comment