♪ Phone နဲ့ PC ကို Internet လွယ်ကူစွာ တွဲသုံးချင်သူများအတွက် ♫


Phone နဲ့ PC ကို internet တွဲသုံးချင်သူတွေအတွက် အဆင်ပြေတဲ့နည်းလမ်းလေးကို တင်ပေးလိုက်ပါတယ်။ အလွယ်တကူ USB Debugging on ပြီး USB Tethering နဲ့ အသုံးပြုနိုင်ပေမဲ့ ဒီနည်းလမ်းဟာဖုန်းမှာ VPN ကျော်ထားမယ်ဆိုရင် PC နဲ့တွဲသုံးတဲ့အချိန် PC မှာ internet ကအလုပ်လုပ်မှာမဟုတ်ပါဘူး။ ခုနည်းလမ်းလေးက လုံးဝအဆင်ပြေပါတယ်။ ဖုန်းမှာ Japan VPN သုံးထားရင် PC မှာပါ Japan VPN အနေနဲ့သုံးနိုင်မှာ ဖြစ်ပါတယ်။ လိုအပ်တာလေးတွေ ရယူလိုက်ရအောင် –

ဖုန်းအတွက် apk ရယူရန်
PC အတွက် exe ဖိုင်ရယူရန်

download ရယူလို့ရလာတဲ့ apk ကို ဖုန်းမှာ install ပြုလုပ်ပါ။ PC အတွက် exe ကိုတော့ PC မှာ install ပြုလုပ်ပေးလိုက်ပါ။ ပြီးရင်ဖုန်းကို USB Debugging on ပြီးကြိုးထိုးလိုက်ပါ။ apk ထဲဝင်ပြီး Activate USB Tether ကို on ပေးလိုက်ပါ။ apk မှာ Ready ဖြစ်ပြီဆိုရင် PC မှာ install လုပ်ထားတဲ့ exe လေးကိုဖွင့်ပြီး အပေါ်ဆုံးက စာကြောင်းလေးကိုနှိပ်လိုက်တာနဲ့ connecte ဖြစ်သွားပါပြီ။ ဒါဆိုရင်တော့ အဆင်ပြေပြေအသုံးပြုနိုင်ပါပြီ။


အဆင်ပြေပါစေ။
Warmly Welcome



<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 




www.pyaephyo.com

0 comments:

Post a Comment