♪ Facebook နဲ့ Google တို့က အစွန်းရောက် စာသားများနဲ့ မူပိုင်ခွင့် ငြိစွန်းတဲ့ စာသားများကို စစ်ဆေးကာ ပယ်ဖျက်ရန် စီစဉ်နေ ♫


ကမ္ဘာ့လူအသုံးများဆုံးနဲ့ နာမည်အကြီးဆုံး နည်းပညာ ကုမ္ပဏီ များဖြစ်တဲ့ Facebook, Google နဲ့ အခြား နည်းပညာ ကုမ္ပဏီ များဟာ အွန်လိုင်းပေါ်မှာ အစွန်းရောက်စာသားများ ရေးသားမှုကို ပယ်ဖျက်မဲ့ စနစ်တစ်ခုကို အသုံးပြုဖို့အတွက် စီစဉ်နေကြပါတယ်။ မိမိရေးသားလိုက်တဲ့ စာသားတွေဟာ မူရင်းပိုင်ရှင်ရဲ့ မူပိုင်ခွင့်နဲ့ ငြိစွန်းနေလား သို့မဟုတ် အရမ်း အစွန်းရောက်နေလားဆိုတဲ့ အချက်ကို စစ်ဆေးနိုင်တဲ့ နည်းပညာ တစ်မျိုးကို Facebook နဲ့ Google တို့က စတင်အသုံးပြုဖို့အတွက် စီစဉ်နေကြပါတယ်။

အမေရိကန်နိုင်ငံနဲ့ ဥရောပနိုင်ငံတွေရဲ့ အွန်လိုင်းပေါ်မှာ ရေးသားဖြန့်ဝေနေကြတဲ့ စာသားများကို စစ်ဆေးဖို့အတွက် ဘယ်လို နည်းပညာအသုံးပြုမလဲဆိုတဲ့အချက်နဲ့ ဘယ်လိုတွေအလုပ်လုပ်မလဲဆိုတဲ့ အချက်ကိုတော့ ဘယ်သူမှ မသိရှိနိုင်ပါဘူး။ တကယ်လက်တွေ့ အသုံးပြုမဲ့ ကုမ္ပဏီတွေကလည်း ထုတ်ပြန်ပြောကြားခြင်းမရှိပဲ နှုတ်စိတ်နေပါတယ်။ Facebook က ကမ္ဘာမှာ Facebook အသုံးပြုသူထဲက အသုံးပြုသူ တစ်သန်းကျော်တို့ရဲ့ အကောင့်တွေကို နေ့စဉ်ကြည့်ရှုနေပြီး အစွန်းရောက်စာသားများနဲ့ မူပိုင်ခွင့် မလွတ်ကင်းတဲ့ စာသားများကို စစ်ဆေးနေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ Twitter ကတော့ ISIS တို့နဲ့ ပတ်သက် ဆက်နွယ်နေတဲ့ အကောင့်များကို စစ်ဆေးနေရခြင်းဖြစ်တဲ့အတွက် လက်တလော အစီအစဉ်မှာတော့ ပါဝင်လာခြင်းမရှိသေးပါဘူး။ Google ကတော့ ပြီးခဲ့တဲ့လအတွင်းမှာ ဒီဂျစ်တယ် မူပိုင်ခွင့် ဥပဒေအရ စာသားများကို ဖယ်ရှားခိုင်တဲ့ တောင်းဆိုမှုပေါင်း ၇၅ မီလီယံထက် မနည်းရှိပါတယ်။

ဒါ့အပြင် အခြား တရားမဝင်တဲ့ စာအမျိုးအစားများကိုလည်း Microsoft, Twitter, Facebook နဲ့ Google တို့က စစ်ဆေးသွားမှာဖြစ်ပြီး အထူးသဖြင့် ချစ်တင်းနှောခြင်းအကြောင်းရေးသားထားတဲ့ စာသားများကို ကလေးသူငယ်တွေ အမြင်မှားမှာစိုးရိမ်တဲ့အတွက် အထူးတားမြစ်ဖို့အတွက် ၄င်း ကုမ္ပဏီ တို့ကစီစဉ်ထားကြပါတယ်။

Ref: The Verge
Aung Ko Htet (MMA)
#aungkohtet_mma



<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 




www.pyaephyo.com

0 comments:

Post a Comment