♪ Android apps တွေ ထည့်သုံးနိုင်တဲ့ ၁၈၉ ဒေါ်လာတန် Chromebook 11 G5 လက်ပ်တော့ကို HP မိတ်ဆက် ♫


HP ကုမ္ပဏီဟာ တန်ဖိုးနည်းလက်ပ်တော့ဈေးကွက်အတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ Chromebook မော်ဒယ်အသစ်ကို မနေ့က မိတ်ဆက်သွားခဲ့ပါတယ်။

Chromebook 11 G5 လို့ နာမည်ပေးထားတဲ့ ယခုလက်ပ်တော့မှာ Android အက်ပလီကေးရှင်းတွေကိုပါ အဆင်သင့်ထည့်သုံးနိုင်ပြီး၊ ဈေးကလည်း ၁၈၉ ဒေါ်လာသာရှိပါတယ်။

Chrome OS မှာ Android app တွေကို run လို့ရအောင် Google က လုပ်ပေးခဲ့ပြီးနောက်၊ ထွက်ရှိလာတဲ့ Chromebook မော်ဒယ်အသစ်ဖြစ်ပြီး၊ နောက်ထွက်မယ့် Chrome OS သုံးစက်တွေမှာလည်း Google Play Store တပါတည်းပါဝင်လာမှာဖြစ်တာကြောင့် သန်းနဲ့ချီတဲ့ Android apps တွေကို Chrome OS မှာတင် လွယ်လွယ်ကူကူ အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။

ဒီလက်ပ်တော့ရဲ့ နောက်ထပ်ကောင်းတဲ့တစ်ချက်ကတော့၊ ဘက်ထရီသက်တမ်း ၁၂.၅ နာရီလောက် အသုံးခံနိုင်ပြီး၊ တန်ဖိုးနည်းလက်ပ်တော့တွေထဲမှာ ဘက်ထရီအကောင်းဆုံးလက်ပ်တော့တစ်လုံးလို့ ဆိုနိုင်ပါတယ်။

Chromebook 11 G5 ကို touchscreen အနေနဲ့လည်း ရွေးချယ်ဝယ်ယူနိုင်တာကြောင့်၊ Android apps တွေ သုံးတဲ့အခါ အခက်အခဲတွေ့ရတော့မှာမဟုတ်ဘဲ၊ ကိုယ့်အကြိုက် Android ဂိမ်းတွေကို လက်ပ်တော့နဲ့ အားရပါးရဆော့ကစားနိုင်မှာပါ။ မျက်နှာပြင်ကို Touchscreen နဲ့ယူမယ်ဆိုရင်တော့ ၁၈၉ ဒေါ်လာထက် အနည်းငယ်ပိုပေးရမှာဖြစ်တယ်လို့ HP က ပြောပြထားပါတယ်။ ဘယ်မော်ဒယ်ယူယူ မျက်နှာပြင်က ၁၁.၆ လက်မဖြစ်ပြီး၊ resolution ကတော့ 1366×769 pixels ပဲဖြစ်ပါတယ်။

hp-chromebook_front-100668478-large

Chromebook 11 G5 မှာ Intel Celeron N3060 ပရိုဆက်ဆာကို အသုံးပြုထားပြီး၊ အမြင့်ဆုံးမြန်နှုန်း 2.48 GHz အထိပေးနိုင်ပါတယ်။ RAM အနေနဲ့ 2 GB နဲ့ 4GB မော်ဒယ်နှစ်မျိုး ရွေးချယ်ဝယ်ယူနိုင်ကာ၊ လက်ပ်တော့ storage မှာလည်း  16 နဲ့ 32 GB ဆိုပြီး နှစ်မျိုးရှိမှာဖြစ်ပါတယ်။

လက်ပ်တော့ရဲ့ USB port နေရာမှာ G4 မော်ဒယ်အဟောင်းတုန်းကလို၊ USB 2.0 အပေါက်တွေနဲ့ မဟုတ်တော့ဘဲ၊ ပိုမိုမြန်ဆန်တဲ့ USB 3.0 ဖြစ်သွားတာကို တွေ့ရပါတယ်။ အလေးချိန်ကတော့ ၂.၈၁ ပေါင် ပါ။

HP ရဲ့ Chromebook 11 G5 တန်ဖိုးနည်းလက်ပ်တော့ကို အောက်တိုဘာလလောက်မှာ စတင်ရောင်းချသွားမှာ ဖြစ်ပြီး၊ အနိမ့်ဆုံးဈေးက ၁၈၉ ဒေါ်လာဖြစ်ပါတယ်။

Credit to ==> Digital Times



<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 



www.pyaephyo.com

0 comments:

Post a Comment