ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ်အဖြစ် ထိန်းသိမ်းရေးစခန်းများရှိ မြန်မာ ၃၀၀ နေရပ်ပြန်ရန် မလေးရှားရောက်မြန်မာများ လေယာဉ်စရိတ်ကူညီပေး



ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ်အဖြစ် ထိန်းသိမ်းရေးစခန်းများရှိ မြန်မာ ၃၀၀ နေရပ်ပြန်ရန် မလေးရှားရောက်မြန်မာများ လေယာဉ်စရိတ်ကူညီပေး

Wednesday, June 29, 2016

နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ၏ မွေးနေ့အထိမ်းအမှတ်အဖြစ် မလေးရှားနိုင်ငံ ထိန်းသိမ်းရေး စခန်းများရှိ နေရပ်ပြန်ရန် အခက် အခဲဖြစ်နေသော မြန်မာနိုင်ငံသား ၃၀၀ ကျော်ကို မလေးရှားရောက် မြန်မာများက စုပေါင်း၍ လေယာဉ် လက်မှတ်ဝယ်ပေးကာ ဇူလိုင်တွင် ပြန်လည်ပို့ဆောင်ပေးမည်ဖြစ် ကြောင်း သတင်းရရှိသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အသက် (၇၁)နှစ်ပြည့် မွေးနေ့ ကုသိုလ်အဖြစ် မလေးရှားရှိ မြန်မာလူမှု အသင်းအဖွဲ့အစည်းများက ဦးဆောင်ကာအကြောင်းအမျိုးမျိုး ကြောင့် ပြစ်ဒဏ်ကျခံနေရပြီး နေရပ်ပြန်ရန် အခက်အခဲဖြစ်နေသော မြန်မာနိုင်ငံသား ၃၀၀ ကျော်ကို ပြန်လည်ပို့ဆောင်ပေးရန် လေ ယာဉ်လက်မှတ်အလှူငွေများ ရရှိ ထားပြီဖြစ်ကြောင်း ကပုန်းခုနစ် ရက်သားသမီး နာရေးကူညီမှုအ သင်းဥက္ကဋ္ဌ ဦးဆန်းဝင်းကပြော သည်။

‘‘အခု အလှူငွေရထားတာ က လူဦးရေ ၃၁၅ ယောက်စာရ ထားတယ်။ ခက်နေတာက အခု အချိန်က ဥပုသ်လဖြစ်နေတော့ ကန့်တာဝန်ရှိတဲ့သူတွေက အလုပ် မလုပ်ကြဘူး။ ကျွန်တော်တို့ဘက် က ပြင်ဆင်ထားပါတယ်။ ဥပုသ် လပြီးတာနဲ့ ပြန်ပို့ပါမယ်။ ကျန်းမာ ရေးအရ အဆင်မပြေတဲ့သူတွေ၊ ပြန်ဖို့အတွက် တကယ်အခက်အ ခဲဖြစ်နေတဲ့သူတွေ ဦးစားပေးပြန် ပို့မှာပါ’’ ဟု မလေးရှားနိုင်ငံဆိုင် ရာ မြန်မာသံရုံးမှ တာဝန်ရှိသူတစ် ဦးက ပြောသည်။

မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးသည် ထိန်းသိမ်းရေးစခန်း များတွင် နေထိုင်နေသောသူများ အား လစဉ်ပျမ်းမျှဦးရေ ၆၀၀ ကျော်ထိ ပြန်လည်ပို့ဆောင်ပေး လျက်ရှိရာ ၄၀၀ ကျော်ကို လေ ယာဉ်လက်မှတ်ဖိုးစိုက်ထုတ်၍ ပြန်ပို့ပေးခဲ့ကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားသည်။

ထိုသို့ပြန်လည်ပို့ဆောင်ပေး နေသော်လည်း ထိန်းသိမ်းရေး စခန်းများသို့ ရောက်ရှိလာသည့် လူဦးရေမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

‘‘မွေးနေ့ကို ကုသိုလ်အဖြစ် လုပ်ပေးချင်တာရယ်၊ ပြန်ဖို့ရာအ တွက် ဒုက္ခရောက်နေတဲ့ သူတွေ ကို ကူညီချင်တာရယ်ကြောင့် အခု လိုစီစဉ်နေတာပါ။ မြန်မာသံရုံးက လည်း ကူညီတယ်။ တခြားဝန် ဆောင်ခတွေ မပေးရတော့ဘူး။ တစ်ယောက်ကို လေယာဉ်လက် မှတ်ဖိုး ရင်းဂစ် ၄၅၀ လောက်ပဲပေး ရတော့မယ်’’ဟု ဦးဆန်းဝင်းက ပြောသည်။

ယခင်က ပြစ်ဒဏ်ကျခံပြီး နေရပ်ပြန်လိုသူများသည် မြန်မာ နိုင်ငံသားဖြစ်ကြောင်း ထောက်ခံ စာအပါအ၀င် အခြားဝန်ဆောင်မှု များနှင့် လေယာဉ်လက်မှတ်ခ ရင်းဂစ် ၆၅၀ ပေးဆောင်နိုင်မှသာ ပြန်ခွင့်ရခြင်းဖြစ်သည်။

မလေးရှားနိုင်ငံရှိ ထိန်းသိမ်း ရေးစခန်း ၁၁ ခုတွင် အကြောင်းအ မျိုးမျိုးကြောင့် ဖမ်းဆီးထိန်းသိမ်းခံ ရသော မြန်မာနိုင်ငံသား ၅,၀၀၀ ကျော်ကို မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ၂၀၁၅ အတွင်း ပြန်လည်ပို့ဆောင်ပေးခဲ့သည်။

မလေးရှားနိုင်ငံတွင် နိုင်ငံ ခြားသားများကို ထိန်းသိမ်းထား သည့် ထိန်းသိမ်းရေးစခန်း ၁၁ ခုရှိရာ စခန်းတစ်ခု၌ မြန်မာနိုင်ငံသား လေးရာခန့်ရှိကြောင်း သတင်းရ ရှိသည်။

၂၀၁၃ တွင် ဆာလာရန်းဈေး ၌ လုပ်ကိုင်နေသော မြန်မာနိုင်ငံ သားများကို မလေးရှားနိုင်ငံသား များက အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် မလေးရှားနိုင်ငံ ရောက် မြန်မာ လုပ်သားများ ထောင်နှင့်ချီ၍ ဇာတိမြေ ပြန်လာခဲ့ကြသည်။


7Day


0 comments:

Post a Comment