သွားရင်းလာရင်းအလုပ်လုပ်တတ် သူများအတွက်Laptop ကွန်ပျူတာကို ကိုယ်နှင့်မကွာသယ်ဆောင်ခြင်းသည်မထူးဆန်းသောအရာဖြစ်ပါ၏။ Laptop ကွန်ပျူတာသည်ပစ္စည်းတန်ဖိုးအ ရတန်ဖိုးရှိသလိုကွန်ပျူတာထဲ တွင် သိမ်းဆည်းထားသိုသောအရေးကြီး အချက်အလက်များကပို၍ပင်တန်ဖိုးရှိပါ ၏။ ကွန်ပျူတာထဲရှိငွေကြေးနှင့်ပတ်သက်ရာအချက်အလက်များကကွ န်ပျူတာဆယ်လုံးစာမကတန်ဖိုးရှိခြင်းသည်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ မသူတော် လက်သို့Laptop ကွန်ပျူတာပါမသွားမီမှာမည်သည်တို့ကိုကြိုတင် ဆောင်ရွက်ထားသင့်ပါသနည်း။ပါ သွားပြီးသည့်နောက်တွင်ရောမည်သည်တို့ကိုဆောင်ရွက်သင့်ပါ သနည်း။Laptopကွန်ပျူတာသည်မြ ဖစ်စကောင်း ဖြစ်စကောင်းမသမာသူလက်သို့ပါ သွားနိုင်ခြေရှိသည်ကိုတွက်ဆ ထားရပါ မည်။Laptop ကွန်ပျူတာကိုခိုးယူသွားသူသည်တစ်စစီဖြုတ်ပြီး ရောင်းစား မည် မဟုတ်တစ်ယောက်ယောက်ထံလက်လွှဲ ရောင်းချပေလိမ့်မည်။ တစ်စုံတစ်ယောက်၏လက်ဝယ်တွင်မိမိကွန်ပျူတာဟုထင်သည့်Lapto p ကွန်ပျူတာတစ်လုံးကိုတွေ့သည် ဆိုပါစို့။ထိုကွန်ပျူတာသည်မိမိကွန်ပျူတာ ဖြစ်ကြောင်းဥပဒေအရမည်သို့သက်သေပြမည်နည်း။မည်သည့် brand ဖြစ်သည်ဟူသောအချက်ကိုပြောနိုင်ရုံဖြင့်မိမိ၏ကွန်ပျူတြာ ဖစ်ကြောင်း သက်သေမထူနိုင်ပါ။မိမိကွန်ပျူတာပါဟုအတိအကျသက်သေထူနိုင်ေ သာ အရာမှာLaptop ကွန်ပျူတာ၏ကျောဖက်တွင်ရေးထားသောserial number ဖြစ်ပါသည်။လူအတော်များများသ ည်Laptop ကွန်ပျူတာဝယ်၍သုံးသော် လည်းယင်းserial number အကြောင်းယောင်၍ပင်မစဉ်းစားမိကြပါ။ ယင်း နံပါတ်ကိုလက်ရေးဖြင့်ကူး၍မှ တ်သားထားသူလည်းအလွန်ရှားပါသ ည်။ ကံကောင်း၍အဆိုပါကွန်ပျူတာသည်ဝရန်တီသက်တမ်းမကုန်သေးဟုဆိုလျှင်သိမ်းဆည်းထားသောအရောင်းပြေစာသို့မဟုတ်ဝရန်တီကတ်နှင့်Serial numberရှိနေနိုင်ပါသည်။
အရောင်းပြေစာနှင့်ဝရန်တီကတ် ကိုဝရန်တီသက်တမ်းမကုန်မီ၌သာ ဂရု တစိုက်သိမ်းဆည်းမိတတ်ကြသည်။ ထိုကာလပြီးချိန်၌မရှိတော့သည်လည်း ဖြစ်နိုင်သည်။အသိမ်းလွန်ပြီးပျောက်နေသည်လည်း ဖြစ်နိုင်သည်။ထိုကိစ္စ အတွက်အကောင်းဆုံးဖြေရှင်းနိုင်သည်မှာမိုဘိုင်းဖုန်းဖြင့်Laptop ကွန်ပျူတာ ၏ကျောဘက်ရှိSerial number ကိုဓာတ်ပုံရိုက်ယူထားခြင်ြး ဖစ်ပါသည်။ ကွန်ပျူတာကိုသာမကယင်းနှင့်ဆ က်စပ်အသုံးပြုသောတွဲဖက်ပစ္စည်းများကိုလည်းဓာတ်ပုံရိုက်ယူထားသင့်ပါသည်။ထိုမျှဖြင့်မ ပြီးသေးပါ။ကွန်ပျူတာရှိ ထူးခြားထင်ရှားသောအမှတ်သမား များကိုလည်းဓာတ်ပုံရိုက်ယူထားသင့်ပါ သည်။ထိုသို့ရိုက်ယူသောအမှတ် အသားသည်ကြီးမားသောပွန်းရာခြ စ်ရာပဲ့ရာမှသည်အရောင်အစွန်း အထင်းတစ်ခုခုထိ ဖြစ်နိုင်ပါသည်။မိမိကွန်ပျူ တာ ပါဟုသက်သေပြနိုင်သောအရာထဲတွ င်desktop မြင်ကွင်းလည်းပါဝင်သည်။ Print Scrခလုတ်ကိုနှိပ်၍လည်းကောင်းCtrl + print scrကိုနှိပ်၍ လည်းကောင်း၊ screen shot ရိုက်ယူနိုင်သည်။ယင်းပုံကို မိုဘိုင်းဖုန်းထဲသို့ လွှဲပို့ပြီးသိမ်းဆည်းနိုင်သ ည်။Windows 7 မှအထက်သုံးသူများဆိုရင်scre en shot ရိုက်ကူးနိုင်သောapp များတစ်ပါတည်းပါလာပြီး ဖြစ်ပါသည်။ အလွယ် တကူ ပြုလုပ်လိုလျှင်desktop screen ကိုမိုဘိုင်းဖုန်းဖြင့်ဓာတ် ပုံရိုက်ယူ ထားသည်။Screen အလင်းမပြန်စေရန်နှင့်လျှပ်တ စ်ပြက်မီးမသုံးမိစေရန် သတိထားရပါမည်။ယင်းထက်ပိုပြီးသေချာသည့်မှတ်တမ်းမှာကွန်ပျူတာ ဆိုင်ရာသင်တန်းအချက်အလက်များကိုကွန်ပျူတာscreen ပေါ်တွင်ဖွင့်ပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ထား ခြင်းဖြစ်သည်။Windows
10 မှအောက် အဆင့် Version များတွင်Computer icon ကိုညာကလစ်ထောက်ပြီးပေါ်လာ
သောအကွက်ထဲမှproperties ကိုရွေးလိုက်လျှင်ကွန်ပျူတာ ဆိုင်ရာ သတင်း အချက်အလက်များပေါ်လာပါမည်။ယင်းအချက်အလက်များကိုမိုဘိုင်းဖုန်းဖြင့်ဓာတ်ပုံရိုက်၍ဖြ စ်စေ၊Screen shot ရိုက်၍ဖြစ်စေ၊သိမ်းဆည်းသင့် ပါသည်။
Windows 10 သုံးသူများကမူControl Panel > System and Security >
System > See the name of this computer သို့အဆင့်ဆင့်ဝင်ရောက်ရ
ပါမည်။ပြီးလျှင်Screen shot ဖြစ်စေ၊မိုဘိုင်းဖုန်းဖြင့် ဖြစ်စေမိမိကွန်ပျူတာနှင့် ပတ်သက်သောသတင်းအချက်အလက်များကိုမှတ်တမ်းတင်နိုင်ပါပြီ။ Screen shotကိုမပျောက်မပျက်သိမ်းဆည်းလိုလျှင်မိမိ၏အီးမေးထဲသို့ ပို့ထားနိုင်သည်။Google Drive တွင်သိမ်းနိုင်သည်။Printထုတ်ပြီးဖိုင်တွဲ၍လည်းထားနိုင် ပါ သည်။မှတ်သင့်မှတ်ရာများကိုသိမ်းဆည်းပြီးသည့်နောက်တွင် ပြုလုပ် ထားသင့်သည်မှာမိမိပစ္စည်းအား နောက်ယောင်ခံလိုက်နိုင်သည့် app တစ်ခု ထည့်သွင်းထားခြင်းဖြစ်သည်။မိမိ၏ကွန်ပျူတာတွင်သာမကမိုဘိုင်းဖုန်းနှင့် တက်ဘလက်တွင်လည်းယင်းapp တစ်ခုခုထည့်သွင်းသင့်ပါသည်။ ယင်းapp တို့မှာများသောအားဖြင့်အခမဲ့ ရနိုင်ပါသည်။ယင်းapp တင်ထားလျှင်အခိုးခံ ရသည့် ကွန်ပျူတာအားဖွင့်သုံးနေသည့် အခိုက်တွင်ယင်းကွန်ပျူတာမည်သည့် နေရာသို့ရောက်နေသည်ကိုအနီးစ ပ်ဆုံးသိနိုင်ပါသည်။အရေးကြီးdataများကိုအဝေးမှလှမ်း၍ဖျ က်ချနိုင်သည်။အချို့app များဆိုလျှင်မိမိ၏device အားသုံး နေသူ၏ဓာတ်ပုံကိုပင်ရိုက်ယူေ ပးနိုင်ပါသေးသည်။Windows OS အားလုံး အတွက် အထောက်အပံ့ပေးသည်မှာPrey ဖြစ်သည်။ယင်းကို https://preyproject.com/ မှdownload ချနိုင်သည်။ယင်းကိုWindows 7 မှWindows 10 အထိအကောင်းဆုံးသုံးနိုင်သည် ။prey ကိုAndroid နှင့်iOS device သုံးapp အဖြစ်လည်းရနိုင်သည်။ကွန်ပျူ တာပေါ်တွင်သုံးသုံး မိုဘိုင်းဖုန်း နှင့်တက်ဘလက်ပေါ်တွင်သုံးသုံးအခမဲ့ဖြစ်ပါသည်။
Androidအတွက်app ကို (www.snipca.com / 20470) မှdownload ဆွဲချ အသုံးပြုနိုင်ပြီးiOSအတွက်app ကို (www.snipca.com/20471) မှdownload ဆွဲချအသုံးပြုနိုင်ပါသည်။Pr ey ကိုinstall လုပ်ပြီးသည်နှင့်ယင်းကနောက် ကွယ် တွင်ငြိမ်သက်စွာအလုပ်လုပ်နေ ပါမည်။ဘက်ထရီစားသော်လည်း ဖြစ်နိုင်သမျှ အနည်းဆုံးသာစားပါသည်။Prey ကိုဖွင့်ထားခြင်းကြောင့်dev ice အခိုးခံရ လျှင်နောက်ယောင်ခံဖို့အခွင့် သာစေပါသည်။အခြားdevice တစ်ခုပေါ်မှာ လည်းPrey ရှိသည်ဟုဆိုလျှင်ကွန်ပျူတာဖွင့်လည်းတားမည်ဆိုလျှင် အခြား device တစ်ခုမှlog in ၀င်ပြီးအဝေးမှထိန်းချုပ်နို င်သည်။Laptop ပေါ်မှာPrey ကိုတင်ထားပြီးမိုဘိုင်းဖုန်းပေါ်မှာPrey ရှိမည်ဆိုလျှင်လည်းထိုအတိုင်းပင်ဖြစ် သည်။Prey သည်ပျောက်ဆုံးနေသောLaptop နှင့်ပတ်သက်ပြီးအသေးစိတ် အချက်အလက်များကိုပေးနိုင်သည်သာမကသေးနောက်ကွယ်မှနေပြီးL aptop သုံးစွဲနေသူ၏ဓာတ်ပုံကိုတိတ် တဆိတ်ရယူပေးနိုင်သည်။အင်တာန က်သာချိတ်လိုက်မည်ဆိုလျှင်ထိုဓာတ်ပုံကိုသက်ဆိုင်ရာWebs ite မှတစ်ဆင့်ရယူနိုင်ပါ သေးသည်။Laptop ၏Serial number၊screen shot များနှင့်သုံးစွဲနေသူ ဓာတ်ပုံတို့သည်ရဲမှတစ်ဆင့်အ မှုဖွင့်ရာတွင်ခိုင်လုံသောသက်သေအထောက်အထားဖြစ်လာပါမည်။L aptopအားနောက်ယောင်ခံလိုက်နိုင်ခြင်း၊ ခိုးသူအား အမှုဖွင့်ခြင်းတို့ ပြုလုပ်နိုင်မည်ဖြစ်သော်လည်းLaptop ပြန်ရရေးမှာ ရာနှုန်းပြည့် မသေချာပါ။ထို့ကြောင့်နောက်ထ ပ် ပြုလုပ်သင့်သော အလုပ်တစ်ခုမှာLaptop အတွင်းမှအရေးကြီးdataအားလုံးကိုbackup ပြုလုပ် ထားရန်ဖြစ်ပါသည်။နောက်ယောင် ခံလိုက်သောappကမည်မျှပင်ကော င်း သည်ဟုဆိုဆိုLaptop ရရှိသူကပါးရေနပ်ရေရှိပြီးကွ န်ပျူတာအားformat ချလိုက်မည်ဆိုပါကမည်သို့မှတ တ်နိုင်မည်မဟုတ်ပါ။
အကယ်၍Laptop အဟောင်းဆိုင်တစ်ဆိုင်တွင်သူ ခိုးကရောင်းလိုက်လျှင် လည်းယင်းကို ပြန်မရောင်းမီတွင်ဆိုင်ကအတွ င်းရှိappနှင့်dataများကိုဖျက်ချ မည်။အကောင်းဆုံးမှာdataထားရာအကန့်တစ်ခုလုံးအားincremen tal back up ပြုလုပ်ရန်စီစဉ်ထားခြင်းဖြစ်ပါသည်။Laptopသည်ဆုံးရှုံးနိုင်ခြေ ရှိသည် ဆိုပါကနောက်ထပ်လုပ်သင့်သည့် အလုပ်များရှိပါသေးသည်။ပထမဆုံးကိစ္စမှာဘဏ်ကိစ္စဖြစ်ပါသည်။ အွန်လိုင်းဘဏ်သုံးသည်ဆိုပါက ဤကိစ္စမှာအရေးကြီးပါသည်။ထိုကိစ္စအတွက်ကွန်ပျူတာသူခိုးလက် ပါပြီးနာရီပိုင်းအတွင်း၌ဘဏ် သို့အကြောင်းကြားရပါမည်။အွန်လိုင်းဘဏ်စာရင်းပိတ်ရမည်ဖြ စ်သလိုထုတ်ပေးထားသောဘဏ်ကတ်ကိုပိတ်သိမ်းနိုင်ရပါမည်။နော က်ထပ်လုပ်ဆောင်သင့် သည့်အလုပ်တစ်ခုမှာမိမိ၏အီးေ မးအပါအ၀င်အွန်လိုင်းအတွက်သုံးသည့် password ပေါင်းစုံကိုအွန်လိုင်းမှပင်ဝင်၍ဖျက်နိုင်သလောက်ဖျက်ရန် ဖြစ်ပါ သည်။Password များကိုbrowser အားမှတ်သားခိုင်းသောအကျင့်ရှိပါက ဤ အလုပ်ကိုမလွဲမသွေလုပ်ရပါမည် ။ထို့ပြင်browser
sync လုပ်သောကိစ္စကို လည်းပိတ်ရပါမည်။Sync လုပ်သောကိစ္စကြောင့်Laptop
တွင်သာမက ယင်း နှင့်Sync လုပ်ရန်ချိတ်ထားသောအခြားdev ice ပေါင်းစုံအတွက်ပါအန္တရာယ် ရှိပါသည်။
ဧဧသက်(ဖြိုးဓနဒစ်ဂျစ်တယ်ဓာတ်ပုံ)
Mobile Guide Journal (Every Monday)
https://www.facebook.com/ officialmobileguidejournal
အရောင်းပြေစာနှင့်ဝရန်တီကတ်
10 မှအောက် အဆင့် Version များတွင်Computer icon ကိုညာကလစ်ထောက်ပြီးပေါ်လာ
သောအကွက်ထဲမှproperties ကိုရွေးလိုက်လျှင်ကွန်ပျူတာ
Windows 10 သုံးသူများကမူControl Panel > System and Security >
System > See the name of this computer သို့အဆင့်ဆင့်ဝင်ရောက်ရ
ပါမည်။ပြီးလျှင်Screen shot ဖြစ်စေ၊မိုဘိုင်းဖုန်းဖြင့်
Androidအတွက်app ကို (www.snipca.com /
အကယ်၍Laptop အဟောင်းဆိုင်တစ်ဆိုင်တွင်သူ
sync လုပ်သောကိစ္စကို လည်းပိတ်ရပါမည်။Sync လုပ်သောကိစ္စကြောင့်Laptop
တွင်သာမက ယင်း နှင့်Sync လုပ်ရန်ချိတ်ထားသောအခြားdev
ဧဧသက်(ဖြိုးဓနဒစ်ဂျစ်တယ်ဓာတ
Mobile Guide Journal (Every Monday)
https://www.facebook.com/
www.pyaephyo.com
0 comments:
Post a Comment