MS 330 ဟာ Metro PCS အတွက်ပါ။ K7 ဟာ ဆင်းကတ်တစ်ကတ်သုံးနဲ့ နှစ်ကတ် သုံးဆိုပြီး နှစ်မျိုးရှိပါတယ်။ ထည့်သွင်းအသုံးပြုရမယ့် ဆင်းကတ်အရွယ်အစားကတော့ Micro SIM ပါ။ ဖုန်းရဲ့ခလုတ်နှင့် အဓိကကင်မရာတို့ကို အနောက်ဘက်တွင် အထက်အောက်ပုံစံ တပ်ဆင်ပေး ထားပါတယ်။
ဖုန်းရဲ့အရွယ်အစား ပမာဏ ကတော့ 143.6 × 72.5 × 9.1 mm ရှိ ကာ အလေးချိန်သည် 161g ဖြစ်ပါ တယ်။ ဖုန်းမျက်နှာပြင်အတွက် IPS LCD Capacitive Touch Screen ကို အသုံးပြုပေးထားပြီး မျက်နှာပြင်အကျယ် အ၀န်းပမာဏကတော့ 5 inches ရှိပါတယ်။ မြင်ကွင်းစွမ်းရည် အတွက် ထောက်ပံ့ပေးထားသော Pixels ပမာဏ မှာ 480 × 854 ဖြစ်ပါတယ်။
တစ်လက်မမှာရှိမယ့် Pixel ပမာဏ သိပ်သည်းဆ ကတော့ 196 ppi ပါ။ ကင်မရာပိုင်းတွင် မော်ဒယ်အလိုက် ကွဲပြားမှုရှိပါမယ်။ အဓိကကင်မရာသည် 8 MP (သို့) 5 MP (f/2.6) စွမ်းရည် ရှိပါတယ်။ ရှေ့ကင်မရာငယ်ကတော့ 5 MP စွမ်းရည်ရှိပါတယ်။ 720p စွမ်းရည်ဖြင့် ဗီဒီယိုရိုက်ကူးပါက တစ်စက္ကန့်ကို 30 Frames နှုန်း ရရှိပါမယ်။ 3G Model, LS 675 တွင် Internal Storage သည် 8 GB ဖြစ်ပြီး RAM ပမာဏမှာ 1GB ဖြစ်ပါတယ်။
LTE Model တွင် Internal Storage ဟာ 8 (သို့) 16GB ဖြစ်ပြီး RAM ပမာဏကတော့ 1.5GB ပါရှိပါတယ်။ အချက်အလက် အများအပြား သိမ်းဆည်းလိုပါက မှတ်ဥာဏ်ပမာဏကို ချဲ့ထွင်သုံးစွဲရပါမယ်။ Chipset , CPU နှင့် GPU တို့သည်လည်း မော်ဒယ်အလိုက် အနည်းငယ် ကွဲပြားပါတယ်။ ဘက်ထရီမှာ Li-ion 2125 mAh ဖြစ်ပါတယ်။
<Specification>
Network - GSM/HSPA/LTE
Screen - 5 inches
Memory - 8 GB
Bluetooth - v4.1
CPU - Quad Core 1.3GHz
OS - Android OS,v5.1
Contact - 01-252988
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal
www.pyaephyo.com
1 comments:
LG xcam root လေးများရနိင်မလား
Post a Comment