OPPO ကထူးခြားကောင်းမွန်သည့် 4G စနစ်သုံး A37 ဖုန်းဖြင့် မြန်မာပြည်မိုဘိုင်းဈေးကွက်ကိုဦးဆောင်သွားရန် ရည်ရွယ်ထား



OPPO ကုမ္ပဏီက ယခု ၂၀၁၆ တွင် မြန်မာပြည်ဈေးကွက်အတွက အထူးသင့်လျော်ကိုက်ညီမှုရှိစေမည့်
စမတ်ဖုန်းသစ်တစ်လုံးကို လာမည့်ဇူလိုင်လတွင်ဈေးကွက်အတွင်းသို့ မိတ်ဆက်ဖြန်ချိပေးသွားမည်ဖြစ်ပြီး
အဆိုပါဖုန်းမှာ A37 ဟု အမည်သတ်မှတ်ထားသည့် Mid Range အမျိုးအစားဖုန်းတစ်လုံးပင်ဖြစ်သည်။

OPPO က၂၀၁၆ အတွင်း မိတ်ဆက်ပေးခဲ့သည့် စမတ်ဖုန်းများမှာ F1 Selfie ဘုရင်ဖုန်းနှင့် F1 Plus ဖုန်းတို့ဖြစ်ပြီး ယခုA37 ဖုန်းသစ်မှာ တတိယမြောက်စမတ်ဖုန်း ဖြစ်လာမည်ဖြစ်သည်။ OPPO အနေဖြင့်မြန်မာပြည်ကွန်ရက်အသုံးပြုမှုနှင့် အထူးကိုက်ညီမှုရှိစေရန်အတွက် စမတ်ဖုန်းသစ်များကိုသေချာကျနစွာရွေးချယ်ထုတ်လုပ်ပေးလျက်ရှိရာယခုA37 ဖုန်းသစ်မှာ
4G ကွန်ရက်တွင်အသုံးပြုနိုင်စေမည်ဖြစ်သလို SIM ကဒ်တစ်ခုထက်ပိုမိုအသုံးပြုလာကြသည့်သုံးစွဲသူများ ပိုမိုအဆင်ပြေစေရန်အတွက် Dual SIM အမျိုးအစားကိုပါအသုံးပြုပေးထားသည်။ 



ထို SIM ကဒ် ၂ခုစလုံးမှာ
မည်သည့် SIM slot တွင်ထည့်သွင်းအသုံးပြုပါစေ 4G စနစ်ကိုအပြည့်အ၀ထောက်ပံ့ပေးထားမည်ဖြစ်သည်။
ထို့အပြင် သီးသန် SD card ထည့်သွင်းသုံးစွဲနိုင်ရန်တတိယမြောက် Slot ပေါက်ကိုပါထောက်ပံ့ပေးထားဦးမည်ဖြစ်သည်။



ယခု OPPO A37 ဖုန်းသစ်မှာ ဒီဇိုင်းပိုင်းလှပမှုရှိစေရန်အားထုတ်ပေးထားပြီး Unibody သတ္ထုကိုယ်ထည်ပြည့်အမျိုးအစားဖြစ်၍စမတ်ဖုန်းကို Fashion Gadget တစ်ခုအဖြစ်ပါဂုဏ်ယူဝင့်ကြွားစွာကိုင်ဆောင်အသုံးပြုနိုင်မည်ဖြစ်သည်။



ယခု A37 ဖုန်းဖြင့်မြန်မာပြည်မိုဘိုင်းဈေးကွက်ကိုဦးဆောင်သွားရန်OPPO ကရည်ရွယ်ထားသည်။
ဖုန်း၏မျက်နှာပြင်မှာ ၅လက်မ အရွယ်အစားရှိပြီး မျက်နှာပြင်ပိုမိုလှပမှုရှိစေရန်နှင့်အကြမ်းခံနိုင်စေရန် 2.5D Arc Edge screen နှင့် Corning Gorilla Glass4 တိုကိုအသုံးပြုပေးထားသည်။ မျက်နှာပြင်ရုပ်ထွက်အရည်အသွေးမှာ HD အဆင့်(720×1280 pixes) ရှိပြီး 294ppi မျက်နှာပြင်သိပ်သည်းဆရှိ IPS TFT Screen ကိုအသုံးပြုထားသည့်အချက်ကြောင့် အလားတူထုတ်ကုန်များနှင့်နှိုင်းယှဉ်ပါက ရုပ်ထွက်ပိုမိုကြည်လင်တောက်ပစေမည်ဖြစ်သည်။ 


ကင်မရာပိုင်းတွင် Pixel အရွယ်အစားပိုမိုကြီးမားသည့် 8MP နောက်ကင်မရာနှင့် 5MP ရှေ့ကင်မရာတိုကိုအသုံးပြုပေးထားပြီးအလင်းဝင်အားပိုမိုကောင်းမွန်သည့် aperture တိုကြောင့်သစ်လွင်တောက်ပသည့်ကင်မရာပုံရိပ်အလှကိုဖမ်းယူရရှိနိုင်စေမည်ဖြစ်သည်။
ထို့အပြင် Android 5.1 ပေါ်တွင်အခြေခံထားသည့် ColorOS 3.0 ကိုအသုံးပြုပေးထားသောအချက်ကြောင့် ဖုန်းကိုပိုမိုမြန်ဆန်လွယ်ကူစွာဖြင့်အသုံးပြုနိုင်စေမည်ဖြစ်သလို Battery အားကိုလည်းပိုမိုချွေတာပေးနိုင်စေမည်ဖြစ်သည်။


ဖုန်း၏လုပ်ဆောင်မှုပိုင်းအတွက် 
Qualcomm Snapdragon 410 chipset ကိုအသုံးပြုထားပြီး Quad-core 1.2GHz နှုန်းဖြင့်အလုပ်လုပ်ပေးမည်ဖြစ်ကာ

System Memory အတွက် 2GB RAM ကိုတွဲဖက်ပေးထားခြင်းကြောင့် Multi-task စနစ်ကိုပါသုံးစွဲနိုင်စေမည်ဖြစ်သည်။

Internal Memory 16GB ပါဝင်သလို SD ကဒ်မှတစ်ဆင့်တိုးမြှင့်အသုံးပြုပါက128GB အထိရရှိစေမည်ဖြစ်သည်။

Battery အတွက် 2630mAh အမျိုးအစားကိုသုံးပေးထားပြီး Gold နှင့် Rose Gold အရောင်၂မျိုးရွေးချယ်ရရှိနိုင်မည်ဖြစ်သည်။

Key words:
-Beauty Camera with Extra-large Pixels-2.5D Arc Edge Screen-Eye
-catching Design(Metallic Unibody)
-Three Individual slots (2GB RAM + 16GB ROM) -4G Dual SIM
- ဈေးနှုန်း - 229000 ကျပ်

Address: 262, 5th Floor (B), Padamyar Condo,
Corner of BoMinYaung & U Phoe Kyar Street,
Mingala Taungnyunt Township, Yangon
 
Post by: Thura Hein



0 comments:

Post a Comment