♪ SanDisk က ထုတ်လုပ်လိုက်တဲ့ မမ်မိုရီ 128GB ပါ iPhone ကေ့စ် ♫


ဖုန်းမှာ storage မလောက်တဲ့ပြဿနာကို အမြဲကြုံတွေ့နေရတဲ့ iPhone user တွေအတွက် အမိုက်စား iPhone ကေ့စ်တစ်ခု ထွက်ပေါ်လာပါပြီ။

SanDisk က ထုတ်လုပ်လိုက်တဲ့ iXpand Memory Case မှာ external storage 128 GB ပါဝင်လာပြီး၊ 1900mAhအပိုဘက်ထရီလည်း တပ်ဆင်အသုံးပြုနိုင်ပါတယ်။

iXpand Memory Case ဟာ flash storage ကိုအသုံးပြုထားပြီး၊ iPhone ရဲ့ Lightning အပေါက်မှာ တပ်လိုက်ရုံနဲ့၊ သင့် iPhone storage ပမာဏချက်ချင်းများလာမှာဖြစ်ပါတယ်။ ကေ့စ်အပြင်ဘက်ကို ပလတ်စတစ်အမာသားနဲ့ပြုလုပ်ထားကာ၊ အထဲမှာ ရာဘာအပျော့စားထားတာကြောင့်၊ ဖုန်းကိုလည်း ကာကွယ်မှုကောင်းကောင်းပေးနိုင်ပါတယ်။

Untitled

Apple ဟာ iPhone တွေမှာ တခြားပြင်ပပစ္စည်းတွေသုံးပြီး၊ storage လွယ်လွယ်မြှင့်လို့မရအောင် လုပ်ထားတာကြောင့်၊ ဒီကေ့စ်နဲ့တွဲသုံးရမယ့် app တစ်ခုကို ဖုန်းမှာသွင်းပေးဖို့ လိုပါတယ်။ အဆိုပါ app က သင့် ဖုန်း camera roll ကို အလိုအလျောက် backup လုပ်ပေးနေမှာဖြစ်သလို၊  ဓာတ်ပုံတွေ၊ ဖိုင်တွေကိုလည်း password ခံထားလို့ရပါတယ်။ iXpand ကေ့စ်ရဲ့ နောက်ထပ်မိုက်တဲ့တစ်ချက်ကတော့၊ 1900mAh ဘက်ထရီလည်း ကေ့စ်နောက်မှာ ထပ်တင်ဆင်ထားနိုင်တာကြောင့်၊ ဘက်ထရီအရေးတကြီးအသုံးလိုတဲ့အခါ မှာလည်း အဆင်ပြေမှာပါ။

ဝမ်းနည်းစရာတစ်ခုကတော့ iXpand Memory Case ကို iPhone မော်ဒယ်အဟောင်းတွေနဲ့ အရွယ်အစားကြီးတဲ့ iPhone 6 Plus ၊ 6S Plus တို့မှာမသုံးနိုင်ဘဲ၊ iPhone 6 နဲ့ 6S မှာပဲ သုံးနိုင်မှာ ဖြစ်ပါတယ်။

iXpand ကေ့စ်ကို storage ပမာဏအလိုက်ရွေးချယ်ဝယ်ယူနိုင်ပြီး၊ 32GB မော်ဒယ်ကို ၅၉ ဒေါ်လာ၊ 64GB ကို ၉၉ ဒေါ်လာနဲ့ 128GB ကို ၁၂၉ ဒေါ်လာကျသင့်မှာဖြစ်ပါတယ်။ အနီရောင်၊ အညိုရောင်၊ အပြာရောင်၊ အစိမ်းရောင်ဆိုပြီး ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ကာ၊ Amazon မှာ ယနေ့ပဲဝယ်ယူနိုင်ပြီဖြစ်ပါတယ်။ ဘက်ထရီပါ လိုချင်ရင်တော့ နောက်ထပ် ဒေါ်လာ ၄၀ ထပ်သုံးနိုင်ပါတယ်။






Credit to ==> Digital Times


<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 




www.pyaephyo.com

0 comments:

Post a Comment