♪ တယ်လီနောမှ ဈေးနူန်းသင့်တင့်သော ဟန်းဆက်အမျိုးအစားတစ်ခုကို စတင်မိတ်ဆက် ♫

PIXI 4 (6) 3G SOFT GOLD COMPOSITION 1



တယ်လီနောမြန်မာလီမိတက် (“တယ်လီနော”) သည်  ဟန်းဆက်အမျိုးအစားသစ် တစ်ခုကို ယနေ့တွင် စတင်မိတ်ဆက်လိုက်သည်။ အသစ်ထွက်ရှိလာသော T600M အမျိုးအစား ဟန်းဆက်သည် တယ်လီနော၏ ကိုယ်ပိုင်အရောင်းဆိုင်များနှင့် ဖရန်ချွိုက်စ် ဆိုင်များတွင် ၀ယ်ယူရရှိနိုင်မည်ဖြစ် သည်။ တယ်လီနောမှ ယခင်ရောင်းချခဲ့ဖူးသော T100M, T200M,  T300M နှင့် T400M တို့ကို သုံးစွဲသူများက အားပေးမှုများကြောင့် ယခုဟန်းဆက်ကို ထပ်မံမိတ်ဆက်လိုက်ခြင်းဖြစ်သည်။


T600M သည် သုံးစွဲသူများအတွက် ၁၈ လအာမခံပေးမည်ဖြစ်သည်။ တယ်လီနောသုံးစွဲသူများအနေဖြင့်  တစ်လလျှင် 1GB ဒေတာအခမဲ့ သုံးစွဲခွင့်နှင့် Capture အတွက် unlimited data သုံးစွဲခွင့်များကို  (၃လအထိ) ရရှိမည်ဖြစ်သည်။ တယ်လီနော Capture သည် ဓာတ်ပုံများကို သိမ်းဆည်းထားနိုင်သည့် storage service တစ်ခုဖြစ်သည်။

T600M သည် 3G Android အမျိုးအစားဖြစ်ပြီး ဆင်းကတ်နှစ်ခုအသုံးပြုနိုင်သည်။ နောက်ကင်မရာမှာ 8 Mpx ရှိပြီး အရှေ့ကင်မရာမှာ 5Mpx ရှိသည့် touch-screen အမျိုးအစားဖြစ်သည်။ ၁၀ မီလီမီတာပါးလွှာမှုရှိပြီး အသုံးပြုရာတွင်လည်း လွယ်ကူအဆင်ပြေသည်။ ကင်မရာနှစ်ဘက်စလုံးအတွက် LED flash အသုံးပြုနိုင်ပြီး အရှေ့ကင်မရာသည် Selfie ပုံများရိုက်ရန်အတွက် ပိုမိုကောင်းမွန်ရန်စီစဉ်ထားသည်။ ဟန်းဆက်သည် အခြေခံအားဖြင့် ရွှေရောင်နှင့် အမည်းရောင် အမျိုးအစား နှစ်မျိုးရှိသည်။ မျက်နှာပြင်မှာ ၆ လက်မကျယ်ပြီး 1GB RAM ရှိသည်။ ဒေတာများကို 8GB အထိ သိမ်းဆည်းနိုင်မည်ဖြစ်ပြီး ဘက်ထရီစွမ်းရည်မှာ 2580mAhဖြစ်သည်။ အဆိုပါ ဟန်းဆက်ဈေးနူန်းမှာ ကုန်သွယ်လုပ်ငန်းခွန်အပါအ၀င် ၉၉,၉၀၀ ကျပ်ကျသင့်မည် ဖြစ်သည်။

“မြန်မာနိုင်ငံမှာ စမတ်ဖုန်းသုံးစွဲမှုနူန်းမြင့်နေတယ်ဆိုတာ ကျွန်တော်တို့အနေနဲ့ သိခဲ့ရပြီးဖြစ်ပါတယ်။ တယ်လီနောသုံးစွဲသူ ၁၆ သန်းထဲက ၆၀ ရာခိုင်နူန်းကျော်ကလည်း စမတ်ဖုန်းသုံးစွဲသူတွေဖြစ်ကြပါတယ်။ လွယ်ကူပြီး ဈေးနူန်းသက်သာတဲ့ဖုန်းတွေကို မြန်မာနိုင်ငံမှာရှိတဲ့ ဖုန်းသုံးစွဲသူတွေ ပိုမိုသုံးစွဲနိုင်ဖို့ ကျွန်တော်တို့ ဆောင်ရွက်ပေးချင်ပါတယ်။ ဒါမှသာ သုံးစွဲသူတွေအနေနဲ့ မိုဘိုင်းအင်တာနက် အကျိုးကျေးဇူးတွေကို  မြန်မာနိုင်ငံရဲ့ အကြီးဆုံး 3G ကွန်ရက်ဖြစ်တဲ့ တယ်လီနောကို အသုံးပြုရင်း ရရှိနိုင်မှာဖြစ်ပါတယ်။

အရင်တုန်းကလည်း ကမ္ဘာကျော် စမတ်ဖုန်းထုတ်လုပ်တဲ့ Alcatel နဲ့ ပူးပေါင်းပြီး ဈေးနူန်းသက်သာတဲ့ စမတ်ဖုန်း တွေကို မိတ်ဆက်နိုင်ခဲ့ပါတယ်။ အခုတကြိမ်ကတော့ တစ်သိန်းထက် လျှော့တဲ့ ဈေးနူန်းနဲ့ ထပ်မံမိတ်ဆက်လိုက် တာဖြစ်ပါတယ်” ဟု  တယ်လီနောမြန်မာ ဈေးကွက်ရှာဖွေရေးဌာနမှ အကြီးအကဲ Joslin E Myrthong က ပြောသည်။


Credit to ==> Myanmar Digital Life Journal



<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 




www.pyaephyo.com

0 comments:

Post a Comment