၂၀၁၆ ခုနှစ်၊ မေလတွင် အူရီဒူးမြန်မာသည် မြန်မာနိုင်ငံအတွက် နောက်ဆုံးပေါ် မြန်နှုန်းမြင့် နည်းပညာ ဖြစ်သည့် 4G ကွန်ရက်ကို ဦးဆုံးသယ်ဆောင်ခဲ့သည့် ဆက်သွယ်ရေးကုမ္ပဏီဖြစ်လာခဲ့သည်။ ယင်းကဲ့သို့အောင်မြင်စွာ အစပြုပေးနိုင်ခဲ့ပြီးနောက် ကမ္ဘာ့အဆင့်မီ 4G နည်းပညာ သုံးစွဲလိုသူများပြားလာခဲ့သည် ။ အူရီဒူးအနေဖြင့် အကောင်းဆုံးနှင့် အဆန်းသစ်ဆုံးသော ထုတ်ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို ဈေးကွက်အတွင်း ယူဆောင်လာပေးလျက်ရှိရာတွင် ယခုတစ်ဖန် အထူးအသုံးဝင်မည့် အခြားကမ်းလှမ်းချက်တစ်ခုကို ထပ်မံမိတ်ဆက်ပေးလိုက်ပြန်ပြီဖြစ်သည်။

သုံးစွဲသူအများ စောင့်ဆိုင်းလျက်ရှိသည့် ပစ္စည်းသစ်တစ်ခုကို အူရီဒူးနှင့် Huawei အတူတကွပူးပေါင်း ယူဆောင်ပေးလိုက်နိုင်ပြီဖြစ်သည်။ အင်တာနက်အသုံးများသူများအတွက် ယခုအခါ 4G Wi-Fi Device ကို မိတ်ဆက်ပေးလိုက်ပြီဖြစ်သည်။ အဆိုပါ Wi-Fi Device သည် မြန်မာနိုင်ငံအတွင်း အမြန်ဆန်ဆုံးသော 4G အင်တာနက်ကို Device များစွာမှ ချိတ်ဆက်အသုံးပြုနိုင်မည့် ပထမဦးဆုံးသော 4G Wi-Fi Device ဖြစ်ပြီး မိမိတို့၏ ကွန်ပျူတာ၊ Laptop ၊ မိုဘိုင်းဖုန်း ၊ tablet အစရှိသဖြင့် Device ၁၀ ခုအထိချိတ်ဆက်ကာ အင်တာနက်အသုံးပြုနိုင်မည်ဖြစ်ပါသည်။

မြန်မာနိုင်ငံအတွက် ပထမဦးဆုံးသော 4G personal Wi-Fi Device ဖြစ်သည့် Huawei E5577 သည် Device ၁၀ ခုခန့်ချိတ်ဆက်ကာ အင်တာနက်အသုံးပြုစေနိုင်မည်ဖြစ်သည် ။ ယင်းသည် အူရီဒူးမှကမ်းလှမ်းလိုက်သည့် 4G  နည်းပညာကို လူအများစု တစ်ပြိုင်နက်ထည်း ရယူအသုံးပြုရန် အထူးသင့်လျော်ကောင်းမွန်သည့်ပစ္စည်း ဖြစ်ပါသည်။ အဆိုပါ  Wi-Fi Device သည် အိတ်ဆောင်အရွယ်အစားမျှသာ ရှိသည့်အတွက် မည့်သည့်နေရာသို့မဆို အလွယ်တကူသယ်ဆောင်သွားနိုင်ပြီး၊ နေရာများစွာမယူသည့်အတွက် ရုံးတွင်သော်လည်းကောင်း ၊ အိမ်တွင် မိသားစုဖြင့်သော်လည်းကောင်း အခြားမည်သည့်နေရာတွင်မဆို စိတ်ကြိုက်အင်တာနက်အသုံးပြုနိုင်မည်ဖြစ်သည် ။ သုံစွဲသူများမှ မြန်ဆန်သည့်အင်တာနက်နှုန်းဖြင့် တစ်ပြိုင်နက်ထဲ download ဆွဲခြင်း၊ upload တင်ခြင်းတို့ကို ဆောင်ရွက်နိုင်မည်ဖြစ်သည့် စံနှုန်းမြင့် ပစ္စည်းကောင်းတစ်ခုဖြစ်ပါသည်။

၎င်း Huawei Wi-Fi Device နှင့်အတူရရှိနိုင်မည့် အခြားအားသာချက်တစ်ခုမှာ သုံးစွဲသူများအနေဖြင့် မိမိတို့၏ မိုဘိုင်းဖုန်းများဖြင့်ပင် အင်တာနက်အစီအစဉ်များဝယ်ယူကာ ထို Wi-Fi Device သို့ အလွယ်တကူပင် လွှဲပြောင်းပေးနိုင်ခြင်းပင်ဖြစ်သည်။

အူရီဒူးမြန်မာအနေဖြင့် အဆိုပါ Wi-Fi Device အား ငွေပြန်ဖြည့်ရလွယ်ကူစေရန်အတွက် ဆင်းကဒ်နှစ်ခု တစ်ပြိုင်နက်ထဲပေးအပ်မည် ဖြစ်ပါသည်။ သုံးစွဲသူများအနေဖြင့် မိမိ၏မိုဘိုင်းဖုန်းတွင် ဆင်းကဒ်တစ်ခု၊ Wi-Fi Device တွင် ဆင်းကဒ်တစ်ခုထည့်ကာ အသုံးပြုနိုင်မည်ဖြစ်သောကြောင့် အူရီဒူး၏ အင်တာနက်လက်ဆောင် အစီအစဉ်ဖြင့် မိမိ၏မိုဘိုင်းဖုန်းမှ Wi-Fi Device ထဲသို့ လွယ်ကူစွာ ငွေလွှဲပေးနိုင်မည်ဖြစ်သည်။ သို့ဖြစ်ပါ၍ Wi-Fi Device ထဲမှ ဆင်းကဒ်ကို ငွေဖြည့်ရန်အတွက် ယခင်ကဲ့သို့ အလုပ်ရှုပ်ခံစရာလိုတော့မည် မဟုတ်ပါ။

Chief Marketing Officer ဖြစ်သူ Ms. Charity Safford က “သုံးစွဲသူတွေအနေနဲ့ အင်တာနက်ကိုအများကြီး သုံးချင်နေကြပြီး၊ အိမ်မှာမိသားစုနဲ့ Wi-Fi Device အသုံးပြုဖို့ရာကြတော့ ဈေးလည်းကြီးပြီး တပ်ဆင်ဖို့မလွယ်ကူပါဘူး။ အခု သုံးစွဲသူတွေအနေနဲ့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်အတွင်း နီးစပ်ရာ အူရီဒူးစတိုး သို့မဟုတ် Huawei စတိုးကိုသွားပြီး Huawei 4G Wi-Fi Device ကို အချိုသာဆုံးဈေးနှုန်းနဲ့ဝယ်ယူမယ်၊ ပြီးရင်ငွေဖြည့်ပြီး အမြန်ဆန်ဆုံးသော 4G အင်တာနက်ကို လုပ်ဖော်ကိုင်ဖက်တွေ၊ မိသားစုဝင်တွေ၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ တစ်ပြိုင်နက်ထဲချိတ်ဆက်ပြီးအသုံးပြုဖို့၊ download လုပ်ဖို့၊ upload တင်ဖို့ လွယ်ကူသွားပါပြီ ။ ကျွန်မတို့အနေနဲ့ အကောင်းဆုံးနဲ့ အမြန်ဆန်ဆုံးသော အင်တာနက်ဝန်ဆောင်မှုပေးရုံမျှမကပါဘူး  ၊ တကယ့်ကို ဈေးနှုန်းချိုသာပြီး သုံးပျော်တဲ့ အင်တာနက်အစီအစဉ်တွေပါ ကမ်းလှမ်းပေးလျက်ရှိပါတယ် ။  ကျွန်မတို့က Huawei နဲ့ အခုလိုပူးပေါင်းဆောင်ရွက်ရတဲ့အတွက်လည်း ဝမ်းသာဂုဏ်ယူပါတယ်။ “
၎င်း Huawei E5577 အား ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ရှိ အူရီဒူးနှင့် Huawei အရောင်းဆိုင်များတွင် ရောင်းချသွားမည်ဖြစ်သည်။ ဈေးကွက်အတွင်းဖြန့်ချီမည့်နှုန်းထားမှာ ၈၉,၀၀၀ ကျပ် ဖြစ်သည်။ ထိုကဲ့သို့ရောင်းချရာတွင် အူရီဒူးမြန်မာက အထူးလက်ဆောင်အဖြစ် 4G ဆင်းကဒ်နှင့်အတူ ဝယ်ယူပြီး ပထမ လေးလအတွင်း ငွေငါးထောင်ကျပ် ဖြည့်သွင်းတိုင်း 1GB ကို လက်ဆောင်အဖြစ် စုစုပေါင်း 4GB ကို လက်ဆောင်ပေးအပ် သွားမည်ဖြစ်သည် ။

၎င်း Huawei E5577 Personal Wi-Fi Device ကို ဇွန်လ (၂၈) ရက်မှစတင်ကာ အူရီဒူး နှင့် Huawei အရောင်းဆိုင်များ၌ ရရှိနိုင်ပြီဖြစ်သည်။ အဆိုပါ Device များကို ရရှိနိုင်မည့် နီးစပ်ရာ အူရီဒူးအရောင်းဆိုင်စာရင်းကို www.ooredoo.com.mm တွင် ကြည့်ရှုနိုင်မည်ဖြစ်သည်။