♪ မိနစ် ၂၀ အားသွင်းပြီး နှစ်နာရီကြာ သုံးနိုင်မည့် Notebook 7 spin လက်တော့ပ်ကို Samsung ပွဲထုတ်မိတ်ဆက် ♫


၃၆၀ ဒီဂရီလှည့်ကာ tablet အဖြစ် ပြောင်းလဲအသုံးပြုနိုင်မည့် touchscreen display နှင့် မိနစ် ၂၀ အားသွင်းရုံဖြင့် နှစ်နာရီကြာသုံးနိုင်မည့် လျင်မြန်သည့်အားသွင်းစနစ်ပါဝင်သော Notebook 7 spin လက်တော့ပ်ကို Samsung က ပွဲထုတ်မိတ်ဆက်ပေးခဲ့သည်။

အဆိုပါ Windows 10 လက်တော့ပ်ကို ၁၃.၃ လက်မနှင့် ၁၅.၆ လက်မ အရွယ်အစားများဖြင့် ရရှိနိုင်သည်။ ဗီဒီယိုကြည့်ရှုခြင်းအတွက် “tent” mode ဖြင့် အသုံးပြုနိုင်ပြီး 1,920x 1,080 (full HD) screen ပေါ်တွင် ဗီဒီယိုကြည့်ရှုခြင်းကို အကောင်းဆုံးထောက်ပံ့ပေးနိုင်မည့် Video HDR mode ကိုလည်း Samsung က အမွှမ်းတင်ပြောကြားခဲ့သည်။

၎င်းတို့တွင် Intel Skylake ပရိုဆက်ဆာသစ်များကို အသုံးပြုထားပြီး ၁၃.၃ လက်မအမျိုးအစားတွင် Core-i5-6200U နှင့် ၁၅.၆ လက်မတွင် i7-6500U တို့ကို အသုံးပြုထားသည်။ ၁၅.၆ လက်မ အမျိုးအစားတွင် Nvidia GeForce 940MX ဂရပ်ဖစ်ကတ်ပါဝင်သည်။ ဈေးပိုကြီးသည့် ၁၅.၆ လက်မ အမျိုးအစားတွင် 1TB hard drive အပြင် 128GB solid-state drive အပိုဆောင်းပါဝင်သည်။ ချိတ်ဆက်မှုအပိုင်းတွင် USB 3.0 တစ်ခု၊ USB Type C port တစ်ခုနှင့် automatic backlight ပါဝင်သည့် ကီးဘုတ်တစ်ခုတို့ ပါဝင်သည်။

Notebook 7 spin တွင် လျင်မြန်သည့်အားသွင်းစနစ်ကို ထောက်ပံ့ပေးထားသောကြောင့် မိနစ် ၂၀ အားသွင်းရုံဖြင့် ဘက်ထရီကို နှစ်နာရီကြာ အသုံးပြုနိုင်မည်ဖြစ်သည်။ အရွယ်ကြီးမားသည့်အမျိုးအစားကို မိနစ် ၉၀ ဖြင့် အားအပြည့်သွင်းနိုင်ပြီး ၁၃.၃ လက်မကိုမူ မိနစ် ၁၀၀ ဖြင့် အားအပြည့်သွင်းနိုင်သည်။

Notebook 7 spin ကို ဇွန်လ ၂၆ ရက်မှစတင်ကာ Best Buy နှင့် Samsung ဝက်ဘ်ဆိုက်တွင် ရောင်းချမည်ဖြစ်သည်။ တန်ဖိုးမှာ ၁၃.၃ လက်မအတွက် ဒေါ်လာ ၈၀၀ ဖြစ်သည်။ 12GB RAM ပါဝင်သည့် ၁၅.၅ လက်မ အမျိုးအစားအတွက် ဒေါ်လာ ၁၀၀၀ ကျသင့်မည်ဖြစ်ပြီး 16GB RAM နှင့် အပိုဆောင်း SSD ပါဝင်သည့်အမျိုးအစားအတွက် ဒေါ်လာ ၁၂၀၀ ကျသင့်မည်ဖြစ်သည်။


Credit to ==> Internet Journal


<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 




www.pyaephyo.com

0 comments:

Post a Comment