Samsung Galaxy S7, S7 Edge ကို Root ဖေါက်ပြီး မြန်မာစာထည့်သွင်းနည်း




Samsung Galaxy  S7, S7 Edge ကို Recovery တင်ပြီး မြန်မာစာထည့်သွင်းနည်း နှင့်  Root ဖေါက်ပြီး မြန်မာစာထည့်သွင်းနည်းပါ..။

Samsung Galaxy S7  ရဲ့ ဒီ Model တွေ   SM-G930F, SM-G930FD, and SM-G930X, Korean SM-G930S, SM-G930K, SM-G930L, Canadian SM-G930W8 အားလုံးကို အောက်ဖေါ်ပြပါနည်းအတိုင်း မြန်မာစာထည့်သွင်းနိုင်ပါတယ်..။





(ဘာမှ မလုပ်ခင် ဖုန်းထဲက အရေးကြီးတာတွ အားလုံးကို Backup လုပ်ထားပါ)


(လိုအပ်လျှင် Format ရိုက်ရတတ်ပါတယ်)
Email (Gmail) ကို Singout လုပ်ပါ...



Phone Setting > Developer Option မှ OEM unlocking  > Enable လုပ်ပါ...

အောက်နားမှ USB Debugging ကိုလည်း On ပေးပါ။ 

  
 မလုပ်တတ်သေးရင် အောက်က Video ကို ကြည့်ပါ..


Video ထဲကအတိုင်း ဖုန်းမှာပြင်ဆင်ပေးထားပါ။


===== XXXXX =====


ပထမနည်း လမ်းကတော့ CF Auto Root ဖိုင်လ်နဲ့ Root ပြုလုပ်ပြီး မြန်မာမာစာထည့်တဲ့နည်းပါ

=====@@@=====

CF Auto Root ဖိုင်လ်ကို  မိမိဖုန်း Model အလိုက် ရွေးပြီး ဒေါင်းယူပါ..။


Samsung Usb Driver

Odin flashing tool



Samsung Android USB Driver ကို Install လုပ်ပါ...။

Odin3-v3.10.xx .exe ကို RUN ပါ...



AP မှတဆင့် စောစောကဒေါင်းယူ Zip ဖြည်ထားတဲ့ CF Auto Root Zip မှ CF-Auto-Root-smg935x.tar.md5 ဖိုလ်ကို ရွေးပေးပါ..


[ပုံနံပါတ် (1)]


ဖုန်းကို Power Off (ပိတ်) ပါ...





Volume Down + Home + Power ခလုတ် သုံးခုစလုံးကို တပြိုင်တည်း ၁၀ စက္ကန့်မျှ တွဲနှိပ်လိုက်ပါ...

Warning Message တတ်လာရင် Volume UP ကို တစ်ချက်နှိပ်ပါ..



Download Mode ကို ရောက်သွားပြီဆိုရင် USB ကြိုးမှတဆင့် ကွန်ပျူတာနှင့် ချိတ်ဆက်ပေးလိုက်ပါ..


How To Root Samsung Galaxy A8 SM-A800 Without PC



Odin မှ Start ကို နှိပ်ပေးလိုက်ပါ...


 [ပုံနံပါတ် (2)]


ခဏနေရင် ဖုန်းဟာ အလိုလျှောက် Restart ကျပြီး ပြန်တတ်လာရင် Root ပြုလုပ်ခြင်း  အောင်မြင်သွားပါပြီ...။

Root access ရပြီဆိုရင်....

မြန်မာစာအတွက် MPPG မှ ကိုဖြိုးညီညီရဲ့  MPPG FONT TOOL V 1.9  နှင့် သွင်းယူပါ..။ Android 4.xx ကနေ 6.xx အထိ အဆင်ပြေပါတယ်။ (ကိုယ်တိုင်စမ်းသပ်ပြီး)


============  XXXXXXXXXX  =============


ဒုတိယ နည်းလမ်းကတော့ TWRP Recovery တင်ပြီး မြန်မာစာထည့်နည်းပါ..
=====@@@@@=====


TWRP Recovery ဖိုင်လ်ကို မိမိဖုန်း Model အလိုက် သေချာ ရွေးပြီး ဒေါင်းယူပါ..

======= GALAXY S7 =======

Odin_3.10.7.zip :
https://www.androidfilehost.com/?fid=...

Twrp 3.0.0.0 :
https://www.androidfilehost.com/?fid=...


အပေါ်က TWRP 3.0.0.0 နှင့် အဆင်မပြေရင် ဒီနေရာမှတဆင့် အခြား Update ဖြစ်တဲ့ TWRP ကို ဒေါင်းယူပြီး ထပ်ကြိုးစားပါ။



======= GALAXY S7 EDGE =======

Odin_3.10.7.zip :
https://www.androidfilehost.com/?fid=...

Twrp 3.0.0.0 :
https://www.androidfilehost.com/?fid=...


အပေါ်က TWRP 3.0.0.0  နှင့် အဆင်မပြေရင် ဒီနေရာမှတဆင့် အခြား Update ဖြစ်တဲ့ TWRP ကို ဒေါင်းယူပြီး ထပ်ကြိုးစားပါ။

----------------------------------------


အပေါ်မှာ CF Auto Root နှင့် Root ပြုလုပ်သည့်အတိုင်း  TWRP Recovery ကိုလည်း Odin Tool မှတဆင့် တဆင့်ချင်း ပြုလုပ်ပေးပါ..။


      

မြန်မာစာ အတွက်ကိုတော့... ညီလေး Than Toe Aung ရဲ့ 4.4x to 6.0x Font Zip by TTA.zip ကို ဒေါင်းယူပြီး ဖုန်းထဲသို့ Copy ကူးထည့်ထားပါ.....


ဖုန်းကို Power Off (ပိတ်) ပါ...


Volume UP + Home + Power ဆိုတဲ့ ခလုတ် သုံးခုကို တပြိုင်တည်း 7-10 စက္ကန့်လောက် တွဲနှိပ်လိုက်ပါ...


  Recover Mode ကိုရောက်ရင်...


 Install  မှတဆင့် 4.4x to 6.0x Font Zip by TTA.zip  ရွေးပြီး Swipe to confirm Flash ကို ဆွဲပေးလိုက်ပါ..။


ပြီးရင် Back နှင့် နောက်ပြန်ဆုတ်ကာ Reboot System Now ကို နှိပ်ပေးလိုက်ပါ...။



======== XXXXXXX ========



Root
=====


 Root Access လိုအပ်ရင် SuperSu v2.71 ကိုဒေါင်းယူပြီး  စောစောက မြန်မာစာ ထည့်သည့်အတိုင်း Recover Mode ကိုဝင်ကာ
 Install > Swipe to confirm Flash မှတဆင့် Flash ပေးလိုက်ပါ။


ပြီးရင် Back နှင့် နောက်ပြန်ဆုတ်ပြီး Reboot System Now ကို နှိပ်ပေးလိုက်ပါ...။ 



=======  XXXXXX  =======



အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်ပါတယ်ခင်မျာ....


ခင်မင်လျှက်

ဝင်းကမ္ဘာကျော်


www.winkabarkyaw.net



17 comments:

ယူနီကုဒ် ခေတ်ရောက်နေပြီ

This comment has been removed by the author.

ယူနီကုဒ် ခေတ်ရောက်နေပြီ

ကို Khon Soe Zaw Thu ခင်များးးးး ဝေဖန်အကြံပြုပေးတဲ့အတွက် ကျေးဇူးပါ..... ကျနော် ဖုန်းဆိုင်မှာ လုပ်ဖူးပါတယ် ၁နှစ်ခွဲခန့်ကြာခဲ့ပါတယ်... Malaysia မှာပါ.....

ကျနော်တို့ဆိုင်ကတော့ မြန်မာလူမျိုးတွေအများဆုံးလာတဲ့ဆိုင်ဆိုလည်း မမှားပါဘူး....Zawgyi & Unicode နဲ့ ပါတ်သက်ပြီး ကျနော် မှီသလောက် စစ်တမ်းကောက်ယူကြည့်တဲ့အခါ... Unicode ဆိုတာကို ၉၅% လောက်က မသိကြပါဘူး.... နောက်ပြီး Build in Myanmar Language ပါတယ်ဆိုပေမဲ့ Malaysia ကိုဝင်တဲ့ Samsung တွေမှာတော့ မပါသေးပါဘူး ....

နောက်ပြီး အခု Post ကို တင်ပေးလိုက်ရတဲ့ အကြောင်းရင်းကလည်း နေ့စဉ်လိုလို Message,Email တွေပို့ပြီး မေးနေကြလို့ အချိန်တွေပေးပြီး တင်ပေးရခြင်းဖြစ်ပါတယ်။


ကျနော်သိထားတဲ့ ပတ်ဝန်းကျင်သေးသေးလေးထဲမှာတော့ 95% လောက်ဟာ Unicode ဆိုတာကို မသိကြတာတော့ သေချာပါတယ်....


ကျေးဇူးတင်ပါတယ်ခင်မျာ...


အပြုသဘောဆောင်တဲ့ Comment တွေကို ကြိုဆိုလျှက်ပါ..


အားလုံးကို

လေးစားလျှက်

ဝင်းကမ္ဘာကျော်
wwww.winkabarkyaw.net

မင်္ဂလာပါ ကိုဝင်းကမ္ဘာကျော်
အထက်က ကွန့်မန်းမှာ ၀င်ဖြေကြားတာလေးတွေ့လို့
မေးကြည့်တာပါ။
မလေးရှားက မြန်မာဖုန်းဆိုင်မှာ ကိုဝင်းကမ္ဘာကျော် အလုပ်လုပ်ခဲ့တာ ဘယ်မြို့နယ်မှာလဲ အကို ၊
လက်ရှိ ကျွန်တော်လဲ မလေးရှားမှာ ဖုန်းနဲ့ပတ်သက်တဲ့ မြန်မာဆိုင်မှာ အလုပ်လုပ်နေလို့ပါ။
ကျေးဇူးတင်ပါတယ်။
အီးတီ

ဟုတ်ကဲ့..... STARKENT ENTERPRISE A2-21, 1st Floor, Komtar, Jalan Penang , Pulau Pinang , Malaysia မှာပါခင်မျာ.... တစ်နှစ်ခွဲလောက် လုပ်ခဲ့ပါတယ် အတွေ့အကြုံ နဲ့ ဗဟုသုတ လိုချင်လို့ ဝင်လုပ်ခဲ့တာပါခင်မျာ..........

ဒါပေမဲ့ အခုလက်ရှိ ကျနော် အဲ့မှာ မလုပ်တော့ပါဘူး.....


Please I would like to know Win Gabar contact number.

Yes Pls contact me from winkabarkyaw@gmail.com Or https://www.facebook.com/win.kabarkyaw.1

Thanks.

လက်ရှိမလေးရှားမှာပဲလား ကိုဝင်းကမ္ဘာကျော်
ဆက်သွယ်လို့ရမဲ့ ဖုန်းနံပါတ်လေး ပေးလို့ရမှလားအကို ?
ကျေးဇူးတင်ပါတယ်။
အီးတီ

ဟုတ်ကဲ့ ကိုအီးတီ ( winkabarkyaw@gmail.com )သို့မဟုတ် ဒီ Facebook ကနေ ( https://www.facebook.com/win.kabarkyaw.1 ) ဆက်သွယ်ပါလားခင်မျ....

Thanks ပါ..... :)

အစ်ကို့ honor 4Xကို Build Numberမတူပဲ firmwareတင်လို့ရလား။ဖုန်းက RAM 1Gပါ။ဒါပေမဲ့ downloadဆွဲတဲ့ဖိုင့်ရဲ့ pdfထဲမှာပြောထားတာက RAM 2G ပါ။1G RAMနဲ့ firmwareက ရှာမတွေ့လို့ပါ။

1G RAM firmwareလေးများရှိရင် linkလေး shareပေးပါ ခင်ဗျ။

Aung Ko Myat >>> http://mm-mpxteam.net/forum.php?mod=viewthread&tid=13389

Hi Bro, I am from Singapore and I bought Galaxy S7 Edge from StarHub. I would like to clarify the 2nd method using with TWRP Recovery, you said that the same method using odin for CF Auto Root. Means to choose the same 'AP' tab at odin? or others? Please advise me.

ဖုန်းထဲက​နေပဲလုပ်​မရဘူးလားအကို

Post a Comment