♪ Android စနစ်ကို အစားထိုးမယ့် ကိုယ်ပိုင်မိုဘိုင်း OS တစ်ခုကို Huawei ရေးဆွဲနေ ♫


တရုတ်စမတ်ဖုန်းကုမ္ပဏီ Huawei ဟာ Google ရဲ့ Android စနစ်အပေါ်ပဲ အဓိကမှီခိုနေရမှုကို လျှော့ချဖို့အတွက်၊ ၎င်းတို့ရဲ့ ကိုယ်ပိုင် မိုဘိုင်းလည်ပတ်မှုစနစ် (OS) တစ်ခုကို ရေးဆွဲနေတယ်လို့ သိရပါတယ်။

နည်းပညာနယ်ပယ်ထဲက အတွင်းသတင်းတွေကို တိကျစွာဖော်ပြနေတဲ့ The Information ဆိုက်ရဲ့ ဖော်ပြချက်အရ၊ Huawei ဟာ ဒီပရောဂျက်ကို လှို့ဝှက်စွာလုပ်ဆောင်လျက် ရှိပြီး၊ Nokia ရဲ့ ၀န်ထမ်းဟောင်းတစ်ချို့ပါ ဒီပရောဂျက်မှာ ပါဝင်နေတယ်လို့ သိရပါတယ်။

Huawei က ခေါ်ယူထားတဲ့ Apple ရဲ့ creative director ဟောင်း Abigail Brody လည်း ဒီ ကိုယ်ပိုင်မိုဘိုင်း OS ပရောဂျက်မှာ UI designer ဦးစီးအရာရှိအဖြစ် တာဝန်ယူထားတယ်လို့  သိရပါတယ်။

abigail-brody-780

Abigail Brody အနေနဲ့ Huawei ကုမ္ပဏီထုတ်ဖုန်းတွေမှာပါတဲ့ Emotion UI ကို အသစ်ပြောင်းလဲပြင်ဆင်မှုတွေ အများအပြားလုပ်သွားဖို့ရှိပြီး၊ မကြာခင်ထုတ်မယ့် Emotion UI ဗားရှင်းအသစ် မှာ အပြောင်းအလဲတွေကို စတင်မြင်တွေ့ရမှာဖြစ်တယ်လို့ ဆိုပါတယ်။

Brody ရဲ့ အဓိကတာဝန်ဟာ iOS နဲ့ တူတယ်လို့ထင်ရတဲ့ တစ်ချို့ UI တွေကို တတ်နိုင်သမျှမတူအောင် ပြင်ဆင်ပေးဖို့ဖြစ်ပြီး၊ Emotion UI ဗားရှင်းအသစ်ကို Android Material Design နဲ့ ပိုတူအောင် လုပ်ပေးဖို့ ဖြစ်ပါတယ်။ သတင်းတွေအရ EMUI အသစ်မှာ icon အသစ်တွေ၊ အရောင်အသွေးအသစ်တွေ တွေ့မြင်ရဖို့ ရှိပြီး၊ app drawer လိုမျိုး တခြား feature အသစ်တွေလည်း ပါဝင်လာဖို့ ရှိတယ်လို့ သိရပါတယ်။


Credit to ==>Digital Times



<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 



www.pyaephyo.com

0 comments:

Post a Comment