♪ OPPO က 4G စနစ်သုံး A37 ဖုန်းကို ဈေးကွက်အတွင်းသို့ မိတ်ဆက်ဖြန့်ချိပေးသွားမည် ♫

A37 (Brighten your Selfie)

OPPO ကုမ္ပဏီက ယခု ၂၀၁၆ တွင် မြန်မာပြည်ဈေးကွက်အတွက် သင့်လျော်ကိုက်ညီမှုရှိစေမည့် စမတ်ဖုန်းသစ်တစ်လုံးကို လာမည့် ဇူလိုင်လတွင် ဈေးကွက်အတွင်းသို့မိတ်ဆက်ဖြန့်ချိပေး သွားမည်ဖြစ်ပြီး အဆိုပါဖုန်းမှာ A37 ဟုအမည်သတ်မှတ်ထားသည့် mid-range အမျိုးအစား ဖုန်းတစ်လုံးပင် ဖြစ်သည်။OPPO က ၂၀၁၆ အတွင်း မိတ်ဆက်ပေးခဲ့သည့် စမတ်ဖုန်းများမှာ F1 Selfie ဘုရင်ဖုန်းနှင့် F1 Plus ဖုန်းတို့ဖြစ်ပြီး ယခု A37 ဖုန်းသစ်မှာ တတိယမြောက်စမတ်ဖုန်းဖြစ်လာမည်ဖြစ်သည်။

OPPO အနေဖြင့် မြန်မာပြည်ကွန်ရက်အသုံးပြုမှုနှင့် ကိုက်ညီမှုရှိစေရန်အတွက် စမတ်ဖုန်းသစ်များကို သေချာကျနစွာရွေးချယ်ထုတ်လုပ်ပေးလျက်ရှိရာ ယခု A37 ဖုန်းသစ်မှာ 4G ကွန်ရက်တွင်အသုံးပြုနိုင်စေမည်ဖြစ်သလို SIM ကဒ်တစ်ခုထက်ပိုမိုအသုံးပြုလာကြသည့် သုံးစွဲ သူများပိုမိုအဆင်ပြေစေရန်အတွက် Dual SIM အမျိုးအစားကိုပါအသုံးပြုပေးထားသည်။ ထို SIM ကဒ် ၂ခုစလုံး  မှာ မည်သည့် SIM slot တွင်ထည့်သွင်းအသုံးပြုပါစေ 4G စနစ်ကိုအပြည့်အ၀ထောက်ပံ့ပေးထားမည်ဖြစ်သည်။

ထို့အပြင် သီးသန့် SD card ထည့်သွင်းသုံးစွဲနိုင်ရန် တတိယမြောက် slot ပေါက်ကိုပါထောက်ပံ့ပေး ထားဦးမည်  ဖြစ်သည်။ ယခု OPPO A37 ဖုန်းသစ်မှာ ဒီဇိုင်းပိုင်းလှပမှုရှိစေရန်အားထုတ်ပေးထားပြီး Unibody သတ္ထုကိုယ်ထည်ပြည့်အမျိုးအစားဖြစ်၍ စမတ်ဖုန်းကို fashion gadget တစ်ခုအဖြစ်ပါ ဂုဏ်ယူဝင့်ကြွားစွာကိုင်ဆောင်အသုံးပြုနိုင်မည်ဖြစ်သည်။ ယခု A37 ဖုန်းဖြင့် မြန်မာပြည်မိုဘိုင်းဈေးကွက် ကို  ဦးဆောင်သွားရန် OPPO က ရည်ရွယ်ထားသည်။

ဖုန်း၏မျက်နှာပြင်မှာ ၅လက်မအရွယ်အစားရှိပြီး မျက်နှာပြင်ပိုမိုလှပမှုရှိစေရန်နှင့် အကြမ်းခံနိုင်စေရန် 2.5D Arc Edge screen နှင့် Corning Gorilla Glass 4 တို့ကိုအသုံးပြုပေးထားသည်။ မျက်နှာပြင်ရုပ်ထွက်အရည်အသွေးမှာ HD အဆင့် (720×1280 pixels) ရှိပြီး 294ppi မျက်နှာပြင်သိပ်သည်းဆရှိ IPS TFT screen ကိုအသုံးပြုထားသည့်အချက်ကြောင့် အလားတူထုတ် ကုန်များနှင့်နှိုင်းယှဉ်ပါက ရုပ်ထွက်ပိုမိုကြည်လင်တောက်ပစေမည်ဖြစ်သည်။

ကင်မရာပိုင်းတွင် pixel အရွယ်အစားပိုမိုကြီးမားသည့် 8MP နောက်ကင်မရာနှင့် 5MP ရှေ့ကင်မရာတို့ကိုအသုံးပြုပေးထားပြီး အလင်းဝင်အားပိုမိုကောင်းမွန်သည့် aperture တို့ကြောင့် သစ်လွင်တောက်ပသည့် ကင်မရာပုံရိပ်အလှကို ဖမ်းယူရရှိနိုင်စေမည်ဖြစ်သည်။ ထို့အပြင် Android 5.1 ပေါ်တွင်အခြေခံထားသည့် ColorOS 3.0 ကိုအသုံးပြုပေးထားသောအချက်ကြောင့် ဖုန်းကို ပိုမိုမြန်ဆန် လွယ်ကူစွာဖြင့်အသုံးပြုနိုင်စေမည်ဖြစ်သလို battery အားကိုလည်း ပိုမိုချွေတာပေးနိုင်စေမည်ဖြစ်သည်။ ဖုန်း၏လုပ်ဆောင်မှုပိုင်းအတွက် Qualcomm Snapdragon 410 chipset ကို အသုံးပြုထားပြီး quad-core 1.2GHz နှုန်းဖြင့်အလုပ်လုပ်ပေးမည်ဖြစ်ကာ system memory အတွက် 2GB RAM ကိုတွဲဖက်ပေးထားခြင်း   ကြောင့် multi-task စနစ်ကိုပါသုံးစွဲနိုင်စေမည်ဖြစ်သည်။

Internal Memory 16GB ပါဝင်သလို SD ကဒ်မှတစ် ဆင့်တိုးမြှင့်အသုံးပြုပါက 128GB အထိရရှိစေမည်ဖြစ်သည်။ Battery အတွက် 2630mAh  အမျိုးအစားကိုသုံးပေးထားပြီး Gold နှင့် Rose Gold အရောင်၂မျိုးရွေးချယ်ရရှိနိုင်မည်ဖြစ်သည်။ A37 ကို အထူးဈေးနှုန်းဖြစ်သော ၂၂၉,၀၀၀ ကျပ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်သည်။
Oppo A37
  • Beauty Camera with Extra-large Pixels
  • 5D Arc Edge Screen
  • Eye-catching Design (Metallic Unibody)
  • Three Individual slots (2GB RAM + 16GB ROM)
  • 4G Dual SIM


Credit to ==> Myanmar Digital Life Journal



<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 




www.pyaephyo.com

0 comments:

Post a Comment