Lenovo က တန်ဖိုးနည်း စမတ်ဖုန်း ၂ လုံးကို မိတ်ဆက်လိုက်ပါတယ်။ Phab2 မှာ ၆.၄ လက်မ HD Display , Quad-Core 1.3GHz MediaTek Chip , Android 6.0 , 3GB RAM , 32GB Storage, 13MP Rear Camera, 4050mAh Battery တပ်ဆင်ထားပါတယ်။

Phab2 Plus ရဲ့ အနောက်ဘက်မှာ 13MP Camera ၂ လုံးကို ပူးတွဲတပ်ဆင်ထားပါတယ်။ ၆.၄ လက်မ Full HD Display တပ်ဆင်ထားပါတယ်။ Quad-Core MediaTek Chip မောင်းနှင်မှာ ဖြစ်ပါတယ်။ အရှေ့ဘက်မှာ 8MP Camera တပ်ဆင်ထားပါတယ်။ အခြား Specifications များမှာ Phab2 နဲ့ တူညီပါတယ်။

Phab2 နဲ့ Phab2 Plus တို့ကို ၁၉၉ နဲ့ ၂၉၉ ဒေါ်လာ အသီးသီးဖြင့် ရောင်းချမှာ ဖြစ်ပါတယ်။ ဇူလိုင်လမှာ စတင် ရောင်းချမှာ ဖြစ်ပါတယ်။ အမေရိကန်နဲ့ ဥရောပ နိုင်ငံများ အပါအ၀င် တစ်ကမ္ဘာလုံးမှာ ရောင်းချနိုင်ပါတယ်။