♪ " Xiaomi Redmi 3s VS Meizu M3s တို့အားနှိုင်းယှဉ်လေ့လာခြင်း "


Xiaomi ဟာ Redmi 3s ကို အရင် Redmi 3 ထက်လည်း ပိုမိုကောင်းမွန်နေအောင် ဖန်တီးပေးခဲ့ပြီး တန်ဖိုးကိုလည်း သက်သာအောင် ပြုလုပ်ပေးခဲ့ပါတယ်။ Redmi 3s မှာ Qualcomm Snapdragon 430 processor ကို တွေ့ရပြီး Adreno 505 ဂရပ်ဖစ် processor နဲ့ တွဲဖက်အလုပ်လုပ်ပေးပါတယ်။ ဖုန်းမှာလိုအပ်တဲ့ သိုလှောင်မှုပမာဏကို micro SD နဲ့ တိုးမြှင့်နိုင်အောင် support လုပ်ထားပါတယ်။
 
 Redmi 3s ဟာ Micro နဲ့ Nano ဆင်းကတ်တွေ ထည့်သုံးနိုင်တဲ့ Dual-SIM အမျိုးအစား စမတ်ဖုန်းဖြစ်ပြီး SIM Slot တစ်ခုဟာ micro SD အတွက် သုံးနိုင်ပါတယ်။ Redmi 3s ထက် ထူးခြားကောင်းမွန်လာတာဟာ Redmi 3s ရဲ့ ကျောဘက်မှာ fingerprint feature တစ်ခု ပါဝင်နေတာဖြစ်ပါတယ်။ ၅ လက်မအရွယ် IPS LCD HD Display ပါဝင်ပြီး Android OS 5.1 (Lollipop) run ထားပါတယ်။ အဓိကကင်မရာ 13MP နဲ့ ရှေ့ဘက်မှာ 5MP ကင်မရာတို့ တပ်ဆင်ထားပါတယ်။
 
Meizu M3s ဟာလည်း အဆင့်မြင့်ဖုန်းတစ်လုံးဖြစ်တဲ့အချက်ကို fingerprint sensor ပါဝင်တာကြောင့် ပိုမိုသိသာစေပါတယ်။ M3s မှာ ဖြုတ်/တပ်လို့မရတဲ့ 3020mAh ဘက်ထရီကို သုံးစွဲထားပါတယ်။ အဓိကင်မရာ 13MP နဲ့ Full HD ဗီဒီယို ရိုက်ကူးနိုင်ပါတယ်။

" Design "

1. Xiaomi Redmi 3s
ဘေးထောင့်တွေကို ကိုင်သုံးလို့ကောင်းအောင် ကွေးပေးထားပြီး Redmi 3s ရဲ့ ဒီဇိုင်းကို ဘေးတိုက်ကြည့်လိုက်ရင် တောင့်တင်းတဲ့ ကိုယ်ထည်ကြောင့် ဖုန်းဟာ အလွန်မပါးလွှာပါဘူး။ 8.5mm အထူ၊ အလေးချိန် 144 g တို့နဲ့ ဖွဲ့စည်းပေးထားပါတယ်။

2. Meizu M3s
Meizu M3s ရဲ့ ဒီဇိုင်းဟာ iPhone ဒီဇိုင်းတွေနဲ့ ပိုပြီးတူပါတယ်။ ဒီဇိုင်းအားသာချက်ကြောင့် M3s ဟာ ဆွဲဆောင်မှုရှိပြီး ဘေးထောင့်တွေကို အနည်းငယ်ကွေးထားတာ တွေ့ရပါတယ်။ ရရှိနိုင်တဲ့ M3s ရဲ့ အရောင်တွေဟာ နှစ်သက်စရာကောင်းပါတယ်။

" Processor "

1. Xiaomi Redmi 3s
အရင်ဖုန်းထက် ကောင်းမွန်လာတာက Redmi 3s ရဲ့ Processor ပိုင်းဖြစ်ပါတယ်။ Qualcomm Snapdragon 430 octa-core processor က စွမ်းဆောင်ရည်မြင့်မားအောင် ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ RAM ပမာဏ 2GB ကို ထည့်သွင်းထားပါတယ်။

2. Meizu M3s
Meizu M3s မှာ Mediatek MT6750 chip ကို အသုံးပြုထားပြီး 1.5GHz မြန်နှုန်းရှိတဲ့ octa-core processor ကပါ စွမ်းဆောင်ရည်ပိုင်းကို တာဝန်ယူလုပ်ကိုင်ပေးပါလိမ့်မယ်။ 2GB RAM ပါဝင်ပြီး အဆင့်မြင့်ဂိမ်းတွေ ကစားနိုင်ဖို့ ဂရပ်ဖစ် Mali-T860 MP2 ဖြစ်ပါတယ်။

" Display "

1. Xiaomi Redmi 3s
Redmi 3s ရဲ့ အရွယ်အစားဟာ အနေတော်အရွယ်ဖြစ်ပြီး ၅ လက်မအရွယ်ရှိတဲ့ Display ကို သုံးထားပါတယ်။ 720 x 1280 pixels HD ရုပ်ထွက်အရည်အသွေးကို ပေးစွမ်းနိုင်ပြီး pixel သိပ်သည်းဆ 294ppi ပါရှိပါတယ်။ ကျောဘက်မှာ fingerprint sensor ပါဝင်လာပါတယ်။

2. Meizu M3s
မျက်နှာပြင်ဟာ ၅ လက်မအရွယ်ရှိပြီး ရုပ်ထွက်ကောင်းအောင် IPS LCD Display ပါဝင်ပါတယ်။ ရုပ်ထွက်အရည်အသွေးမြင့်မားပြီး 720 x 1280 pixels HD ရရှိနိုင်ပါတယ်။ အရောင်ထွက် တိကျပြတ်သားပြီး ဂိမ်းနဲ့ ဗီဒီယိုတွေ ကောင်းကောင်းကြည့်နိုင်ပါတယ်။

" Verdict "

1. Xiaomi Redmi 3s
Xiaomi ရဲ့ အရင်ထွက်ရှိခဲ့ဖူးတဲ့ Redmi 3 နဲ့ အခုထွက်ရှိလာတဲ့ Redmi 3s တို့နှစ်လုံးမှာ အကြီးမားဆုံးကွာခြားချက်က fingerprint ပါဝင်လာခြင်းနဲ့ ပိုမိုအဆင့်မြင့်တဲ့ processor ကို အသုံးပြုပေးထားတဲ့အချက်တွေ
ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ပြောစရာမလိုအောင် သင့်တင့်မျှတပါတယ်။

2. Meizu M3s
Meizu M3s မှာ M3 အတိုင်း တူညီတဲ့အချက်တွေ ပါဝင်နေပေမယ့် M3s ရဲ့ သတ္တုကိုယ်ထည်ဒီဇိုင်းက အားသာချက်ဖြစ်နေပါတယ်။ Meizu M3 မှာ Yun OS သုံးခဲ့ရပြီး M3s မှာတော့ Android OS 5.1 (Lollipop) အပေါ် အခြေခံထားတဲ့ Flyme OS နဲ့ ထွက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal



<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 




www.pyaephyo.com

0 comments:

Post a Comment