♪ SMS တွေကို Messenger နဲ့တင် ပို့နိုင်အောင်လုပ်ပေးလိုက်တဲ့ Facebook ♫


ဖုန်းတစ်ခုလုံးရဲ့ လုပ်ဆောင်ချက်တွေကို Facebook နဲ့ Messenger ထဲမှာတင် သုံးနိုင်အောင် ကြိုးစားနေတဲ့ Facebook ရဲ့ နောက်ထပ်ခြေလှမ်းတစ်ရပ်လို့ ဆိုရမှာပါ။

အရင်တစ်ပတ်လောက်က အသစ်ထွက်ရှိထားတဲ့ Messenger update ထဲမှာ SMS လုပ်ဆောင်ချက် ပါဝင်လာပြီး၊ ဖုန်းထဲက SMS အ၀င်အထွက်တွေအကုန်လုံးကို Messenger ထဲမှာတင် လုပ်ဆောင်နိုင်ပြီဖြစ်ပါတယ်။

Facebook ဟာ ဒီ SMS လုပ်ဆောင်ချက်ကို စမ်းသပ်နေတာ နှစ်အတန်ငယ်ကြာပြီဖြစ်ပြီး၊ အခုမှ တစ်ကမ္ဘာလုံးကို ထုတ်ပေးခဲ့တာပါ။ လောလောဆည်တော့ Android အတွက်ပဲ ရရှိထားပြီး၊ iOS ကတော့ Permission အခက်အခဲအနည်းငယ်ရှိလို့ မရသေးဘူးလို့ သိရပါတယ်။

ယခု Messenger အသစ်မှာဆိုရင်၊ ဖုန်းထဲဝင်သမျှ SMS တွေ အကုန်လုံးက Messenger app ထဲ ရောက်သွားမှာဖြစ်ပြီး၊ SMS ပြန်ပို့ချင်ရင်လည်း Messenger ထဲကနေ ပြန်ပို့ရမှာဖြစ်ပါတယ်။ Messenger မှာ ပါဝင်တဲ့ Emoji တွေကိုလည်း SMS ထဲမှာ ထည့်သုံးပို့နိုင်ကာ၊ SMS လက်ခံတဲ့လူဘက်ကလည်း ဒီ emoji တွေကို မြင်ရမှာဖြစ်ပါတယ်။

ဒီ့အပြင် လက်ရှိ Messenger chat လိုပဲ ကိုယ်စကားပြောနေတာက စခရင်မှာ float ပေါ်နေမှာ ဖြစ်တာကြောင့်၊ တခြား app တွေဝင်နေရင်းနဲ့လည်း Messenger ပြောနေသလို၊ ပြန်ထွက်စရာမလိုဘဲ SMS ဆက်တိုက် ပို့နေနိုင်မှာဖြစ်ပါတယ်။
Messenger ထဲက စတစ်ကာတွေနဲ့ တခြားလုပ်ဆောင်ချက်အချို့ကိုတော့ SMS မှာ အသုံးပြုနိုင်မှာမဟုတ်ပါဘူး။

SMS ပို့ဖို့အတွက် Messenger ကို default ထားမယ်ဆိုရင်၊ Messenger app ညာဘက်အစွန်ဆုံးအကွက်မှာ SMS ဆိုတာပါပြီး၊ default ပြောင်းပေးနိုင်ပါတယ်။ Messenger ကနေ SMS ပို့ရာမှာ သာမန် SMS ပို့ခအတိုင်း ဖုန်းဘေလ်ဖြတ်သွားမှာဖြစ်ပေမယ့်၊ emoji တွေ ထည့်ပို့လို့ရတာကတော့ တော်တော်မိုက်ပါတယ်။ တစ်ဖက်လူရဲ့ ဖုန်းထဲမှာ Messenger သွင်းထားမှ ဒီ emoji တွေကို မြင်နေရမှာဖြစ်ပေမယ့် ယခုခေတ်မှာ လူတိုင်းလိုလိုဖုန်းထဲ Messenger သွင်းထားတာကြောင့် ဒါကပြဿနာမဟုတ်ပါဘူး။

ပြဿနာကတော့ Messenger ထဲမှာ မက်ဆေ့တွေ တော်တော်ပိုများလာကြောင့်၊ ကြည့်ရတာပိုရှုပ်ထွေး လာပါတယ်။ Facebook ရဲ့ ပြောကြားချက်အရ၊ Messenger ချက်နဲ့ SMS ချက်ကို ရောပစ်မှာမဟုတ်ဘဲ၊ SMS  ဆို ခရမ်းရောင်၊ Messenger က ပြောထားတာဆို အပြာရောင် icon လေးနဲ့ ဖော်ပြထားမှာဖြစ်ပါတယ်။

Messenger ထဲက SMS အ၀င်အထွက်တွေကို Facebook ဆာဗာကနေ မြင်ရမှာ၊ သိမ်းဆည်းထားမှာမဟုတ်တာကြောင့်၊ ပုဂ္ဂိုလ်ရေးအချက်အလက်လုံခြုံမှုပိုင်းမှာ စိတ်မချစရာမရှိဘူးလို့တော့ Facebook က ပြောကြားထားပါတယ်။

facebook-messenger-sms-1


Credit to ==>Digital Times



<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 




www.pyaephyo.com

0 comments:

Post a Comment