ဗိုလ်တထောင်မြို့နယ်တွင် မြန်မာနက်အင်တာနက် စတင် အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် ဗိုလ်တထောင်မြို့နယ် အပါအဝင် ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်မြို့နယ်များတွင် အသုံးပြုနိုင်ကြောင်း၊ ရန်ကုန်မြို့တွင် ကွန်ဒို ၁၅ လုံးခန့်၊ မြန်မာပလာဇာနှင့် လှိုင်သာယာ စက်မှုဇုန် (၅) တို့တွင် အသုံးပြုနိုင်ကြောင်း သိရသည်။ ဆက်လက်၍ ပုဇွန်တောင်မြို့နယ်သို့လည်း တိုးချဲ့သွားမည်ဖြစ်ကြောင်း၊ WBA-LE (Wireless Broadband Access- License Exempt) နည်းပညာကို အသုံးပြုထားခြင်းဖြစ်ကြောင်း သိရသည်။
စတင်အသုံးပြုနိုင်ခြင်းနှင့်အတူ မြန်မာနက်စတိုးကိုလည်း အဆိုပါမြို့နယ်တွင် ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

Credit to ==> Internet Journal
www.pyaephyo.com

0 comments:
Post a Comment