ဗြိတိန်
သိပ္ပံပညာရှင်များက HIV ရောဂါအား ကုသနိုင်မယ့် နည်းလမ်းကို
ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ပညာရှင်များက လူနာ ၅၀ အား မကြာခင်က
စမ်းသပ်ကုသခဲ့ပါတယ်။ အဲဒီအထဲမှ အသက် ၄၄ နှစ်အရွယ် ဗြိတိန်လူမျိုးတစ်ဦးရဲ့
သွေးထဲမှ HIV ပိုးအားလုံးကို ဖယ်ရှားနိုင်ခဲ့ပါတယ်။
“ ဒါဟာ HIV ကို လုံးဝ ပျောက်ကင်းအောင် ကုသနိုင်တဲ့ ပထမဆုံး အောင်မြင်မှုဖြစ်ပါတယ်။ “ လို့ ဗြိတိန် ကျန်းမာရေး သုတေသန ဌာနမှ Mark Samuels က ပြောပါတယ်။ အရင်ကတော့ HIV ရဲ့ ဆိုးကျိုးများကို ထိန်းချုပ်နိုင်တဲ့ ကုသနည်းများကို တွေ့ရှိခဲ့ကြပေမယ့် အခုနည်းလမ်းလိုတော့ အမြစ်ပြတ် ကုသနိုင်ခဲ့တာ မဟုတ်ပါဘူး။ ပညာရှင်များက အခု ကုသနည်းဖြင့် အခြား လူနာများအား ပျောက်ကင်းအောင် ကုသနိုင်ဖို့ ဆက်လက် သုတေသနပြုကြမှာ ဖြစ်ပါတယ်။
ကမ္ဘာမှာ HIV ဝေဒနာရှင် ၃၆.၇ သန်းရှိတယ်လို့ အမေရိကန် ရောဂါ ထိန်းချုပ်ရေးနဲ့ ကာကွယ်ရေး စင်တာရဲ့ စာရင်းများ အရ သိရပါတယ်။

Credit to ==> Myanmar Digital Life Journal
www.pyaephyo.com

0 comments:
Post a Comment