ကုမ္ပဏီ၏ ပထမဆုံး fitness tracker ကို Meizu ပွဲထုတ်မိတ်ဆက်

တရုတ်နိုင်ငံ၏ အကြီးဆုံးစမတ်ဖုန်းကုမ္ပဏီများအနက် တစ်ခုဖြစ်သော Meizu သည် Meizu Band ကိုမိတ်ဆက်ပြီး fitness tracker ဈေးကွက်အတွင်းသို့ ဝင်ရောက်လာခဲ့သည်။
Meizu Band သည် ခြေလှမ်းများနှင့် ကယ်လိုရီများကို ရေတွက်ပေးနိုင်သလို နှစ်ခြိုက်စွာအိပ်စက်မှုပမာဏကိုလည်း ဖော်ပြပေးနိုင်သည်။ ထို့အပြင် အားကစားလှုပ်ရှားမှုနှင့် ပတ်သက်သမျှကိုလည်း ခြေရာခံပေးနိုင်သည်။
၎င်းတွင် ကျစ်လျစ်သွယ်လျသော OLED screen တစ်ခုပါဝင်ပြီး အချိန်ကို ဖော်ပြပေးနိုင်သလို ဖုန်းခေါ်ဆိုမှုနှင့် text message လက်ခံရရှိသည့်အခါတွင်လည်း သတိပေးမည်ဖြစ်သည်။
ကုမ္ပဏီ၏အဆိုအရ Meizu Band ၏ ဘက်ထရီကို ရက် ၂၀ ခန့်အသုံးပြုနိုင်မည်ဟု သိရသည်။ IP67 အဆင့်ရှိသောကြောင့် ဖုန်ဒဏ်နှင့် ရေစိုဒဏ်တို့ကို ခံနိုင်ရည်ရှိမည်ဖြစ်သည်။
Meizu Band ကို တရုတ်နိုင်ငံတွင်သာ စတင်ရောင်းချမည်ဖြစ်ပြီး တန်ဖိုးက ၂၂၉ ယွမ် (၃၃ ဒေါ်လာ) ဖြစ်သည်။
Ref: TheNextWeb

0 comments:

Post a Comment