စမတ်ဖုန်းလောကမှာ ဦးဆောင်နေတဲ့ Huawei ဟာ Huawei GR5 2017 ကို
မိတ်ဆက်ပြသခြင်းနဲ့အတူ ကမ္ဘာ့စမတ်ဖုန်း ဈေးကွက်ကို ဂယက်ရိုက်စေခဲ့ပါတယ်။
ခေတ်ဆန်လှပပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ ဒီစမတ်ဖုန်းကို
သင့်တင့်တဲ့ဈေးနှုန်းနဲ့ နည်းပညာမြင့်ဖုန်းတွေကို ရှာဖွေနေတဲ့
နည်းပညာလိုက်စားသူတွေအတွက် ထုတ်လုပ်ထားတာဖြစ်ပါတယ်။ သူ့အရင်ထွက်ခဲ့တဲ့
Huawei GR5 လိုပဲ ဈေးအကြီးဆုံးဆိုတဲ့ ဟန်းဆက်တွေကိုတောင်
ယှဉ်ပြိုင်နိုင်တဲ့ အဆင့်မြင့် ဒီဇိုင်းနဲ့ နောက်ဆုံးပေါ်နည်းပညာတွေ
ပါဝင်နေပါတယ်။ ဒါပေမဲ့လည်း Huawei GR5 2017 ဖုန်းသစ်ဟာ ယခင်ထုတ်လုပ်ခဲ့တဲ့
ဖုန်းတွေထက်ကို အံ့အားသင့်စရာကောင်းလောက်အောင် ဆင့်ကဲပြောင်းလဲထားပြီး
စမတ်ဖုန်းဈေးကွက်ထဲမှာ လူတိုင်းဝယ်ယူနိုင်တဲ့ ကင်မရာနှစ်ခုပါဝင်တဲ့
အဆင့်မြင့်ဖုန်းတစ်လုံးအဖြစ် ပထမဆုံးထွက်ပေါ်လာတဲ့
စမတ်ဖုန်းအမျိုးအစားဖြစ်ပြီး လျင်မြန်တဲ့စွမ်းဆောင်ရည် တာရှည်ခံတဲ့
ဘက်ထရီတို့ပါဝင်မှာဖြစ်ပါတယ်။
ကင်မရာနှစ်ခုပါဝင်သည့် အကောင်းဆုံးတန်ဖိုး
Huawei ဟာ ကင်မရာနှစ်ခုနဲ့ မြင့်မားတဲ့ အသေးစိတ်အချက်အလက်ပါဝင်တဲ့
Huawei GR5 2017 ကို သင့်တင့်တဲ့ဈေးနှုန်းနဲ့ ထွက်ပေါ်လာစေခြင်းဖြင့်
စမတ်ဖုန်းလုပ်ငန်းကို ဦးဆောင်နေပါတယ်။ ဘတ်ဂျက် စမတ်ဖုန်းကို
အနောက်ကင်မရာနှစ်ခု တပ်ဆင်ထားပြီး Huawei က လူတိုင်းကို
အနောက်ကင်မရာနှစ်ခုပါ စမတ်ဖုန်းရဲ့ professional ဆန်ဆန်
ဓာတ်ပုံရိုက်နိုင်စွမ်းအားကို ခံစားနိုင်အောင် ပြုလုပ်ပေးထားပါတယ်။ Huawei
GR5 2017 ရဲ့ 12 MP နဲ့ 2MP အနောက်ကင်မရာများဖြင့် ၀.၃ စက္ကန့်အတွင်း
autofocus ပြုလုပ်နိုင်စေပြီး အသုံးပြုသူတွေကို ကိုယ်ရိုက်လိုသော
အရာဝတ္ထုကိုသာ ထင်းစေပြီး နောက်ခံကို မှုန်ဝါးစေတဲ့ လုပ်ဆောင်ချက်ပါဝင်တဲ့
လှပတဲ့ Bokeh effects တွေနဲ့ အလှဓါတ်ပုံတွေ၊ မှန်ဘီလူးတစ်ခုတည်းနဲ့
မရနိုင်တဲ့ ရိုက်ချက်တွေကိုဖန်တီးပေးနိုင်ပါတယ်။ အဲ့ဒီအတွက် Huawei GR5
2017 မှာ အလင်းရောင်နည်းတဲ့ အခြေအနေတွေမှာ ပိုမိုပြတ်သားမှုရရှိစေဖို့အတွက်
1.25um ရှိ ကြီးမားတဲ့ အစက်အပြောက်များ၊ ပြတ်သားထင်ရှားတဲ့ ဓါတ်ပုံတွေကို
ချက်ချင်းရရှိစေဖို့ မြန်သထက်မြန်တဲ့ လျှပ်တပြက်ရိုက်ချက်၊ manual စနစ်နဲ့
အလိုအလျောက်စနစ်များ၊ များပြားစွာပါဝင်ခြင်းတို့ကြောင့် အိပ်ကပ်ထဲမှာ
ထည့်ထားနိုင်တဲ့ ဖုန်းက professional DSLR ကင်မရာ ရဲ့
စွမ်းဆောင်ရည်အားလုံးကို ပေးစွမ်းနိုင်ပါတယ်။
ပြီးပြည့်စုံသော အလှဓာတ်ပုံရိုက်ခြင်း
Huawei GR5 2017 က ဓါတ်ပုံရိုက်တဲ့ သူတိုင်းကို ထူးခြားနေစေပြီး အကောင်းဆုံး အနေအထားရရှိနိုင်ဖို့ ဓါတ်ပုံရိုက်တာနဲ့ တပြိုင်နက် အလှပုံချိန်ညှိချက်တွေကို ပြုလုပ်ပေးတဲ့ 10-levels Beauty စနစ်၊ Auto Make-up စနစ်လိုမျိုး လူတိုင်းနှစ်သက်ကြတဲ့ Huawei ရဲ့ ကောင်းမွန်ပြည့်စုံတဲ့ Selfie အင်္ဂါရပ်တွေအတွက် ခေတ်သစ်တစ်ခုကို ကြိုဆိုလျက်ရှိပါတယ်။ အဆိုပါဖုန်းရဲ့ 8MP ရှိတဲ့ အရှေ့ကင်မရာ၊ 78° ထောင့်ကျယ်မြင်ကွင်း အကွာအဝေးနဲ့ 4P မှန်ဘီလူး စီစဉ်ထားရှိမှုနဲ့အတူ သူငယ်ချင်းတွေနဲ့ အတူတကွမှတ်တမ်းတင်နိုင်ဖို့ panorama ပုံစံရိုက်ကူးနိုင်မယ့် selfie (panoramic selfie) ပါဝင်ပါတယ်။ ရှေ့ကင်မရာမှာလည်း သူငယ်ချင်းတွေနဲ့ လှုပ်ရှားမှုထဲမှာ နစ်မြုပ်နေစေမယ့် ပျော်စရာကောင်းပြီး ရွေ့လျား selfie ဗီဒီယိုတွေအတွက် 1080p ဗီဒီယိုရိုက်ကူးခြင်းများကို ပြုလုပ်နိုင်ပါတယ်။
အားသွင်းကြိုးကို အိမ်မှာထားခဲ့လိုက်ပါ
Huawei GR5 2017 ဟာ ဖုန်းကိုအချိန်ပြည့် အသုံးပြုသူတွေအတွက်တောင် စွမ်းဆောင်ရည်အပြည့်အဝနဲ့ အံ့အားသင့်စရာကောင်းလောက်အောင် ၁ရက်ခွဲ အသုံးပြုနိုင်စေပြီး နေ့ရောညပါ လျှင်မြန်မှုရှိပြီး စိတ်ချရတဲ့ အဖော်မွန်ကောင်းပဲဖြစ်ပါတယ်။ ထိုကဲ့သို့ စွမ်းအင်နဲ့ ဘက်ထရီ ထိထိမိမိရှိခြင်းက ကောင်းမွန်တဲ့ Huawei ရဲ့ စွမ်းအင်ချွေတာတဲ့ နည်းစနစ်နဲ့အတူ ကြီးမားတဲ့ 3340mAh ဘက်ထရီကြောင့်ပဲ ဖြစ်ပါတယ်။ Huawei GR5 2017 ဟာ ကိစ္စတိုင်းကိုကိုင်တွယ်ရန်အတွက် အသစ်ပြုလုပ်ထားတဲ့ HiSilicon Kirin 655 Octa-Core processor အပေါ် မှီခိုနေပြီးတော့ အဆိုပါစမတ်ဖုန်းမှာ ထည့်သွင်းထားတဲ့ i5 coprocessor အသစ်ဟာ လျှင်မြန်မှုနဲ့ ပြည့်စုံကောင်းမွန်မှုကို တိုးမြှင့်ဖို့နဲ့ ဘက်ထရီသုံးစွဲမှုကို လျှော့ချရဖို့အတွက် ဟာ့ဒ်ဝဲလ်ထောက်ပံ့မှု ပြုလုပ်ပါတယ်။ Huawei GR5 2017 ကို နောက်ဆုံးပေါ် Android M Dose app standby နည်းပညာနဲ့ မျှတတဲ့ စွမ်းအင်ချွေတာတဲ့ mode သုံးခု ပါဝင်ပြီး အိမ်နဲ့အလုပ် အသွားအပြန်ပြုလုပ်ရာမှာ ဗီဒီယိုများကြည့်ရှုခြင်းနဲ့ ဂိမ်းများဆော့ခြင်းအတွက် ပြည့်စုံကောင်းမွန်ပါတယ်။
ဝ.၃ စက္ကန့်အတွင်း ပွင့်နိုင်မယ့် လက်ဗွေရာစနစ်
Huawei စမတ်ဖုန်း အမှတ်တံဆိပ်ရဲ့ ခေတ်မီပြီး ထိတွေမှုနှင့်သာ အသုံးပြုတဲ့ ပွဲဦးထွက်ဖုန်းတွေ ထွက်ပေါ်လာတဲ့ အချိန်ကတည်းကဆိုရင် လက်ဗွေနည်းပညာရဲ့ နောက်ဆုံးမျိုးဆက်က 100% တိုးတက်လာခဲ့ပြီဖြစ်ပါတယ်။ လက်ဗွေစနစ် 3.0 ဟာ 360-degree အာရုံခံနိုင်စွမ်း ရှိခြင်းနဲ့အတူ Huawei GR5 2017 ဟာ အသုံးပြုသူတွေကို စိုစွတ်သော လက်ချောင်းနဲ့ဖြစ်ဖြစ် ခြောက်သွေ့သော လက်ချောင်းနဲ့ဖြစ်ဖြစ် မျက်နှာပြင်ကို 0.3 seconds အတွင်းမှာတင် unlock ပြုလုပ်နိုင်စေမှာဖြစ်ပြီး ဆက်သွယ်မှုနဲ့ ဖန်တီးမှုတွေဟာ ဖုန်းကိုင်သူတွေရဲ့ လက်ချောင်းထိပ်မှာတင် ရှိနေပါတယ်။ Huawei လက်ဗွေစနစ် နည်းပညာဟာ လုပ်ဆောင်ချက်များစွာကို ပြုလုပ်နိုင်ပြီးတော့ အသုံးပြုသူတွေအနေနဲ့ ဓာတ်ပုံရိုက်ဖို့ ဒါမှမဟုတ် ဖုန်းကိုင်ဖို့အတွက် ထိတွေ့မှုတစ်ခုသာ ပြုလုပ်ရန်လိုအပ်ပါတယ်။ Huawei GR5 2017 ရဲ့ သီးသန့်ဖြစ်ပြီး chipset အဆင့် ပြန်လည်ပြသခြင်းကိုဟန့်တားတဲ့ မှတ်ညဏ်ဖြင့်ပိတ်ဆို့ခြင်း (RPMB) စနစ်ရဲ့ ကျေးဇူးကြောင့် လက်ဗွေစနစ်နဲ့ ပတ်သတ်တဲ့ အချက်အလက်အားလုံးကို အထူးအာရုံစိုက်ပြီးတော့ လုံခြုံအောင် သိမ်းဆည်းထားပါတယ်။
သင့်ရဲ့ အလားအလာကို ချဲ့ထွင်လိုက်ပါ
Huawei GR5 2017 ဟာ အသုံးပြုသူတွေရဲ့ အလားအလာကို ချဲ့ထွင်စေနိုင်တဲ့ ကြီးမားတဲ့ 5.5 လက်မ high-definition မျက်နှာပြင်ပါဝင်ပါတယ်။ အဆင့်မြင့် ထိတွေ့မှုရှိပြီး အသုံးပြုသူများအတွက် တစ်သားတည်းဖြစ်နေတဲ့ ကိုယ်ထည်ဖြစ်သလို ကိုယ်ထည်တစ်ခုလုံး သတ္ထုဘောင်နဲ့ ပြုလုပ်ထားခြင်း ဖြစ်တာကြောင့် Huawei GR5 2017 ရဲ့ မျက်နှာပြင်ဖော်ပြမှုဟာ ပြင်ပမှာအမှန်တကယ်ရှိတဲ့ အရောင် ပြင်ပတွင်အမှန်တကယ်ရှိသော အရောင်များရှိဖြင့် အံ့သြစရာကောင်းလောက်အောင် ရွှန်းလဲ့တောက်ပတဲ့ ဓာတ်ပုံတွေ၊ ရုပ်ပုံတွေနဲ့ ဗီဒီယိုတွေကိုပြသနိုင်စွမ်းရှိပြီးကိုင်ဆောင်သွားလာနေစဉ်တွင် ထင်းကနဲမြင်သာမှုရဲ့ အားသာချက်ကို ရယူထားပါတယ်။
မျက်လုံးသက်သာစေသော စနစ်
စမတ်ဖုန်းတစ်လုံးရဲ့ မျက်နှာပြင်က စူးရှတဲ့အလင်းရောင်ကို ထိတွေ့နေရခြင်းက သက်တောင့်သက်သာ မဖြစ်စေသလို သင့်ကျန်းမာရေးကိုတောင် ထိခိုက်စေနိုင်ပါတယ်။ မျက်လုံးကို ကာကွယ်ဖို့အတွက် မျက်လုံးနဲ့ဆိုင်တဲ့ ကိရိယာထုတ်လုပ်ဖို့ Huawei က တရုတ်အမျိုးသား အင်ဂျင်နီယာ သုတေသနစတင်တာနဲ့ ပူးပေါင်းပြီး မျက်လုံးသက်သာစေတဲ့စနစ်ကို မိတ်ဆက်ထားပါတယ်။ အသုံးပြုသူတွေက ရိုးရှင်းတဲ့ ချိန်ညှိချက်တစ်ခုတည်းနဲ့ Huawei GR5 2017 မှာ မျက်လုံးညောင်းညာခြင်းကို သက်သာစေဖို့ အပြာရောင်အလင်းတွေကို စစ်ထုတ်လို့ရပါတယ်။ မျက်လုံးသက်သာစေတဲ့စနစ်နဲ့ e-book တွေနဲ့ ဆောင်းပါးရှည်တွေကို ဖုန်းပေါ်မှာ ဖတ်ရှုရတာကို နှစ်သက်ပေမဲ့ စူးရှတဲ့ ဖုန်းမျက်နှာပြင်က အလင်းရောင်နဲ့ ထိတွေ့ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ မျက်လုံးနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းတွေကို မလိုလားသူတွေအတွက် အကောင်းဆုံး အဖြေပဲဖြစ်ပါတယ်။
Huawei GR5 2017 ကို ဝယ်ယူရန်
Huawei GR5 2017 ကို ၂၈၉,၀၀၀ ကျပ်ဖြင့် ရောင်းချမည်ဖြစ်ပြီး အရောင်အနေဖြင့် ရွှေရောင် (Gold)၊ ငွေရောင် (Silver) နှင့် မီးခိုးရောင် (Grey) တို့ကို ရရှိမည်ဖြစ်ပါသည်။Huawei GR5 2017 ကို ၂၀၁၆ခုနှစ် ဒီဇင်ဘာလ (၃)ရက်နေ့မှ (၉) ရက်နေ့အတွင်း Huawei Branded Shop များနှင့် Huawei အရောင်းဝန်ထမ်းများရှိသော ဖုန်းဆိုင်များတွင် ငွေကျပ် ၃၀,၀၀၀ ကျပ်ပေးသွင်းပြီး ကြိုတင်မှာယူနိုင်မည်ဖြစ်ပါသည်။ ကြိုတင်မှာယူများအနေဖြင့် အရည်အသွေးမြင့် ကျောပိုးအိတ်၊ 13000 mAh powerbank နှင့်အတူ 32GB SD Card တို့ကို အထူးမေတ္တာလက်ဆောင်အနေနဲ့ရရှိမည်ဖြစ်ပါသည်။ထို့အပြင် ဒီဇင်ဘာလ (၁၀) ရက်နေ့မှ စတင်ဝယ်ယူသူများ အနေဖြင့် အရည်အသွေးမြင့် ကျောပိုးအိတ်နှင့် 32GB SD Card တို့ကို ရရှိမည်ဖြစ်ပါသည်။ GR5 2017 ကို MPT Edition အနေဖြင့်လည်းမကြာမီတွင်ထုတ်လုပ်ဖြန့်ချီမည်ဖြစ်ပြီးMPTအသုံးပြုသူများအတွက်လည်းထူးခြားသည့်အကျိုး ခံစားခွင့်များ ကိုထည့်သွင်းပေးသွားမည်ဖြစ်သည်။၂၀၁၆ခုနှစ် အသေးစိတ်အချက်အလက်များကို Huawei အရောင်းဆိုင်များ၊ Huawei Hotline: 01-9000900 နှင့် Huawei Mobile (MM) ဖေ့ဘွတ်စာမျက်နှာများတွင် မေးမြန်းနိုင်ပါသည်။
Huawei Consumer Business Group ဆိုသည်မှာ
Huawei ထုတ်ကုန်များနှင့် ၀န်ဆောင်မှုများသည် တတိယလူသုံးအများဆုံးအဖြစ် ကမ္ဘာ့နိုင်ငံပေါင်း ၁၇၀ ကျော်တွင် လွှမ်းမိုးလျက်ရှိပြီး ၂၀၁၄ ခုနှစ်တွင် ကမ္ဘာ့မိုဘိုင်းဖုန်းဈေးကွက်တွင် တတိယအဆင့်၌ ရပ်တည်လျက်ရှိသည်။ သုတေသနစင်တာ (၁၆)ခုကို အမေရိကန်၊ ဂျာမနီ၊ ဆွီဒင်၊ ရှရှား၊ အိန္ဒိယ နှင့် တရုတ်နိုင်ငံတို့တွင် တည်ထောင်ထားပါသည်။ Huawei Consumer လုပ်ငန်းစုသည် Huawei ၏ လုပ်ငန်းစု ၃ ခုတွင် တစ်ခုအပါအ၀င်ဖြစ်ပြီး စမတ်ဖုန်း (Smartphones)၊ ကြိုးမဲ့အင်တာနက်ချိတ်ဆက်ရန် ရွေ့လျားကိရိယာများ (Mobile Broadband Devices)၊ အိမ်သုံးပစ္စည်းများနှင့် အင်တာနက်သိုလှောင်ခြင်း ၀န်ဆောင်မှု (Home Devices and Cloud Services) စသည်တို့ကို လုပ်ဆောင်လျက်ရှိသည်။ Huawei ၏ တစ်ကမ္ဘာလုံး ဆိုင်ရာကွန်ရက်ကို အနှစ်၂၀ကျော်သက်တမ်းရှိပြီး အထူးကျွမ်းကျင်သော ဆက်သွယ်ရေး လုပ်ငန်းပေါ်တွင် အခြေခံထားပြီး တစ်ကမ္ဘာလုံးရှိ သုံးစွဲသူများထံ အဆင့်မြင့် နောက်ဆုံးပေါ်နည်းပညာများကို ဖြန့်ဝေပေးရန် ရည်ရွယ်ပါသည်။
ထပ်မံသိရှိလိုပါက –
Huawei Mobile Myanmar Facebook Page – https://www.facebook.com/HuaweiDeviceMyanmar
Website – http://consumer.huawei.com/mm
Instagram – https://www.instagram.com/huaweidevicemyanmar
Hotline: 01-9000900

www.pyaephyo.com
0 comments:
Post a Comment