♪ " Huawei Mate 9 VS LG V20 " ♫


ဒီတစ်ပတ်အတွက် နှိုင်းယှဉ်ကြည့်မယ့် အဆင့်မြင့်စမတ်ဖုန်း ၂ လုံးကတော့ LG V20 နဲ့ Huawei Mate 9 ပဲ ဖြစ်ပါတယ်။ Huawei P9 နဲ့ Honor 8 ပြီးနောက်မှာ Huawei Mate 9 ဟာ တတိယမြောက် နောက်ဆုံးပေါ် စမတ်ဖုန်းတစ်လုံး ဖြစ်လာပါတယ်။ Mate 9 မှာ အခုလက်ရှိကုမ္ပဏီတွေက အပြိုင်အဆိုင်ထည့်သွင်းပေးနေ ကြတဲ့ နောက်ဆုံးပေါ်ဖုန်းတစ်လုံးရဲ့ specs တစ်ခုဖြစ်တဲ့ Dual-lens Camera Setup ကို တပ်ဆင်ပေးထားပြီး အခြားအဆင့်မြင့် specs တွေနဲ့ စိတ်လှုပ်ရှားစရာကောင်းတဲ့ feature တစ်ခု ပါရှိပါတယ်။ ဒါပေမဲ့ သူ့ကို အကောင်းဆုံးဖုန်းလို့ ပြောလို့မရနိုင်အောင် ၄င်းဖုန်းနဲ့စွမ်းအားချင်း အနည်းငယ်တူညီတဲ့ LG V20 လည်း ရှိပါသေးတယ်။

LG V20 မှာလည်း Dual-lens camera စနစ်ပါရှိပေမယ့် Huawei Mate 9 ရဲ့ ကင်မရာက ထောက်ပံ့ပေးနိုင်တဲ့ MP ပိုများတာကို တွေ့ရပါတယ်။ ဒါ့အပြင် Huawei Mate 9 က ဘက်ထရီစွမ်းအားပိုင်းမှာလည်း ပိုမိုမြင့်မားမှုရှိပါတယ်။ မျက်နှာပြင်အကျယ်မှာတော့ Mate 9 က 0.2-inch ပိုကျယ်ပေမယ့် ပေးစွမ်းနိုင်တဲ့ မြင်ကွင်းစွမ်းအားနဲ့ သိပ်သည်းဆပမာဏကတော့ LG V20 က ပိုမိုစွမ်းအားမြင့်မားပါတယ်။

* Design *

1. Huawei Mate 9
Huawei Mate 9 ရဲ့ကိုယ်ထည်ကို သတ္တုနဲ့ပြုလုပ်ပေးထားပြီး ဒီဇိုင်းပုံစံက အထူးဆွဲဆောင်မှုရှိပါတယ်။ အရွယ်အစားက 156.9 x 7.8 x 7.9 mm ရှိပြီး 190g တောင် လေးပါတယ်။ ဒါ့အပြင် ရွေးချယ်စရာအရောင် ၆ ရောင် ခွဲခြားထုတ်လုပ်ပေးထားပါတယ်

2. LG V20
LG V20 ကို အလူမီနီယံနဲ့ ပြုလုပ်ထားတဲ့အတွက် Mate 9 ထက် ပိုမိုပေါ့ပါးမှုရှိပြီး အထူအားဖြင့် ပိုလည်းပါးလွှာတာကြောင့် ကိုင်တွယ်သုံးစွဲရတာ ပိုမိုအဆင်ပြေပါတယ်။ ရရှိနိုင်တဲ့အရောင်တွေကတော့ မီးခိုးရောင်၊ ငွေရောင်နဲ့ ပန်းရောင်တို့ ဖြစ်ပါတယ်။

* Processor *

1. Huawei Mate 9
အတွင်းထဲမှာ RAM 4GB ပါရှိတဲ့ 2.4GHz Hisilicon Kirin 960 Octa-core processor နဲ့ Mali-G71 MP8 Graphics Card ရဲ့စွမ်းအားတွေကိုလည်း အပြည့်အဝရရှိနိုင်ပြီး နောက်ဆုံးပေါ် OS ကို run ပေးထားပါတယ်။

2. LG V20
LG V20 မှာတော့ 2.15GHz Qualcomm Snapdragon 820 quad-core processor ကို ထည့်သွင်းပေးထားပြီး ထောက်ပံ့ပေးထားတဲ့ RAM က အတူတူပဲ ဖြစ်ပါတယ်။ အသုံးပြုထားတဲ့ Graphic card က Adreno 530 ဖြစ်ပါတယ်။

* Display *

1. Huawei Mate 9
မျက်နှာပြင်အကျယ် 5.9-inch ရှိပြီး IPS LCD capacitive touchscreen display အမျိုးအစားကို သုံးစွဲထားပါတယ်။ ပြသပေးမယ့် မြင်ကွင်းစွမ်းအားက 1080 x 1920 pixels ရှိပြီး ၁ လက်မ သိပ်သည်းဆက ~373 ppi pixels ပမာဏ ရှိပါတယ်။

2. LG V20
LG V20 မှာ Mate 9 နဲ့ display အမျိုးအစားချင်း တူညီပေမယ့် ထုတ်လွှတ်ပေးနိုင်တဲ့ မြင်ကွင်းစွမ်းအားက ပိုမိုကောင်းမွန်ပြီး သိပ်သည်းဆလည်း ပိုမိုမြင့်မားပါတယ်။ ဒါပေမဲ့ ဖုန်း ၂ ခုလုံးမှာ multitouch စနစ်ကို သုံးစွဲနိုင်ပါတယ်။

* Verdict *

1. Huawei Mate 9
Huawei Mate 9 က ပြီးပြည့်စုံတဲ့ flagship ဖုန်းတစ်လုံးရဲ့စွမ်းအားတွေကို ထောက်ပံ့ပေးနိုင်ပြီး ကောင်းမွန်တဲ့ ကင်မရာစွမ်းရည်တွေကို အပြည့်အဝ သုံးနိုင်ပါတယ်။ မျက်နှာပြင်ကြီးမားကျယ်ပြန့်မှုကြောင့် ဂိမ်းကစားရတာတွေနဲ့ ဗီဒီယိုတွေ ကြည့်လို့ကောင်းပေမယ့် လက်တစ်ဖက်တည်းနဲ့ ကိုင်တွယ်ထိန်းချုပ်ဖို့တော့ ခက်ပါတယ်။

2. LG V20
LG V20 ကတော့ အရွယ်အစား၊ အထူအပါး၊ အလေးချိန်တွေက ကိုင်တွယ်သုံးစွဲလို့ကောင်းတဲ့ ဖုန်းအမျိုးအစားထဲမှာပါရှိပြီး ၄င်းမှာလည်း Mate 9 လို Software ပိုင်းရော၊ Hardware ပိုင်းမှာပါ နောက်ဆုံးပေါ် အဆင့်မြင့် specs တွေ၊ features တွေနဲ့ ပစ္စည်းတွေကို ထောက်ပံ့ပေးထားမှာပဲ ဖြစ်ပါတယ်။



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 







www.pyaephyo.com

0 comments:

Post a Comment