♪ " Samsung Galaxy Note 5 " ♫


Samsung Galaxy Note 5 ဟာ ကြီးမားကျယ်ပြန့်တဲ့ မျက်နှာပြင်၊ အလွန်အသုံးဝင်တဲ့ Stylus pen, ကောင်းမွန်လှပတဲ့ ကင်မရာအရည်အသွေးတွေကိုပေးစွမ်းနိုင်တဲ့ အကောင်းဆုံး Android ဖုန်းတစ်လုံးပဲဖြစ်ပါတယ်။ ၎င်းထုတ်လုပ်တဲ့အချိန်က အကောင်းဆုံးဆိုတဲ့ hardware နဲ့ software တွေကိုထည့်သွင်းပေးထားပြီး မြင်ကွင်းစွမ်းအား အလွန်ကောင်းပါတယ်။ GSM, HSPA နဲ့ LTE networks တွေမှာအသုံးပြုနိုင်ပြီး Nano SIM card ကို ထည့်သွင်းသုံးစွဲနိုင်ပါတယ်။ လျင်မြန်တိကျတဲ့ fingerprint sensor ကလည်း အခြားသူတွေဝင်ရောက်အသုံးပြုလို့မရအောင် ဖုန်းကိုလုံခြုံစွာကာကွယ်ပေးထားနိုင်ပါတယ်။ အထဲမှာ Non-removable Li-Po 3000mAh battery ကိုထောက်ပံ့ပေးထားပြီး နာရီပေါင်း ၂၂နာရီလောက် ဖုန်းဆက်တိုက်ပြောဆိုနိုင်ပြီး ၆၄ နာရီခန့်ကြာမြင့်စွာ သီချင်းနားထောင်နိုင်ပါတယ်။ Data တွေကိုသိမ်းဆည်းဖို့အတွက် Internal memory 32GB, 64GB နဲ့ 128GB ဆိုတဲ့ version ၃မျိုးကို ခွဲခြားထုတ်လုပ်ပေးထားပြီး ထပ်မံတိုးချဲ့စိုက်သုံးဖို့ micro SD card slot ကိုတော့ ထည့်သွင်းမပေးထားပါဘူး။

" Design & Build "

၎င်းင်းရဲ့ဒီဇိုင်းပုံစံက ပထမထုတ်လုပ်ပေးထားတဲ့ Note 4 နဲ့ အခြေခံတည်ဆောက်တဲ့ ဒီဇိုင်းပုံစံတူပေမယ့် အနောက်ဘက်ကို ပလပ်စတစ်နဲ့လုပ်ထားတဲ့ faux leather ကိုမသုံးတော့ဘဲ glass နဲ့ ဖုံးအုပ်ပေးထားပါတယ်။ ၎င်း glass sheet က metal frame ထဲကို သေသပ်စွာဝင်ရောက်သွားပြီး Galaxy S6 အတိုင်း ပြုလုပ်ပေးထား တာကိုတွေ့ရပါတယ်။ အရွယ်အစားက 153.2×76.1×7.6mm ရှိပြီး 171g အလေးချိန်ရှိပါတယ်။ ၎င်းကို metal နဲ့ glass တို့ပေါင်းစပ်လုပ်ထားတာတောင် Note 4 ထက် ပိုမိုပါးလွှာပေါ့ပါးမှုလည်းရှိပါတယ်။ ငွေရောင် အလူမီနီယံဘောင်နဲ့ပြုလုပ်ပေးထားပြီး ညာဘက်မှာ power button နဲ့ ဘယ်ဘက်မှာ အသံအတိုးအကျယ်ခလုတ်တွေရှိပါတယ်။ မျက်နှာပြင်ရဲ့ အောက်ဘက်မှာ ပုံမှန်ထည့်ပေးနေကျအတိုင်း home button နဲ့ ဘေးတစ်ဘက်တစ်ချပ်မှာ soft keys ၂ခုကိုထည့်ပေးထားပါတယ်။ ၎င်း home button မှာ fingerprint sensor ကိုထည့်သွင်းထားပြီး Google Now Call-Up ကို အသုံးပြုဖို့အတွက် home button ကို အကြာကြီးဖိနှိပ်ထားရပါမယ်။ အောက်ဘက်ဘောင်မှာ micro USB charger, headset jacks နဲ့ S Pen holster တို့တည်ရှိပြီး အပေါ်ဘက်ဆုံးမှာတော့ SIM card tray ကိုမြင်တွေ့ရမှာပါ။ ရွေးချယ်ဝယ်ယူနိုင်တဲ့ အရောင်တွေက အမဲရောင်၊ ရွှေရောင်၊ ငွေရောင်နဲ့ အဖြူရောင်တို့ ဖြစ်ပါတယ်။

" Display "

5.7-inch ကျယ်တဲ့ မျက်နှာပြင်ကို Super AMOLED Capacitive touchscreen နဲ့ပြုလုပ်ပေးထားကာ 1440×2560 pixels ရှိတဲ့ full HD မြင်ကွင်းတွေကို ပြသနိုင်ပါတယ်။ ၁ လက်မသိပ်သည်းဆပမာဏကတော့ ~518 တောင် ရှိပါတယ်။ မျက်နှာပြင်ပေါ်မှာ multitouch စနစ်ပါရှိပြီး ၎င်းမျက်နှာပြင်ကို Corning Gorilla Glass 4 နဲ့ ဖုံးအုပ်ကာကွယ်ထားတာကြောင့် အကြမ်းလည်းခံနိုင်ပါတယ်။

" Operating System and Camera "

Android OS,v5.1.1(Lollipop) ကို run ပေးထားပြီး OS,v6.0.1(Marshmallow) ထပ်မံအဆင့်မြှင့်တင်နိုင်ပါတယ်။ အနောက်ကင်မရာက 16MP ရှိပြီး 30fps မှာ 2160p နဲ့ 60fps မှာ 1080p အရည်အသွေးရှိဗီဒီယိုတွေကို ရိုက်ကူးပေးနိုင်ပါတယ်။ 5MP ရှိတဲ့ အရှေ့ကင်မရာက လှပတဲ့ selfies ဓာတ်ပုံတွေကိုပေးစွမ်းနိုင်ပြီး 30fps မှာ 1440p အရည်အသွေးရှိဗီဒီယိုတွေကို ရရှိနိုင်မှာပါ။

" Performance "

ကိုယ်ထည်အတွင်းထဲမှာ ထောက်ပံ့ပေးထားတဲ့ Exynos 7420 Octa chipset နဲ့ Octa-core (4x2.1 GHz Cortex - A57 & 4x1.5 GHz Cortex - A53) processor က တိကျလျင်မြန်တဲ့ လုပ်ဆောင်ချက်တွေကိုရရှိစေနိုင်ပြီး ဘယ်လောက်လေးတဲ့ apps တွေကို အများကြီးဖွင့်ပါစေ စက်ဟမ်းသွားခြင်း မရှိစေနိုင်ဘဲ နောက်ဆုံးပေါ် online ဂိမ်းကြီးတွေကိုလည်း အဆင်ပြေပြေ ကစားနိုင်ပါတယ်။ ကျယ်ပြန့်တဲ့ မျက်နှာပြင်၊ ကောင်းမွန်တဲ့ မြင်ကွင်းစွမ်းအားတွေနဲ့ လျင်မြန်တိကျတဲ့ လုပ်ဆောင်ချက်တွေကြောင့် online ကနေ e-books တွေကိုလည်း အေးအေးဆေးဆေးဖတ်ရှုနိုင်မှာပဲဖြစ်ပါတယ်။

Specification
Display : 5.7 inch, Super AMOLED capacitive touchscreen
Memory : 32 / 64 GB, 4 GB RAM
Camera : 16MP, autofocus, LED flash, geo-tagging, touch focus
OS : Android OS, v5.1.1 (Lollipop)
Phone : 01-224502 (CTM)

Price : 800,000/-

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 







www.pyaephyo.com

0 comments:

Post a Comment