ထိုင်ဝမ်စမတ်ဖုန်းကုမ္ပဏီ HTC ၏ အမှုဆောင်အရာရှိချုပ်ဟောင်း ဖြစ်သူ
ပီတာချူသည် ပြီးခဲ့သည့် စက်တင်ဘာလက အကြံပေးအဖြစ်မှ နုတ်ထွက်ကာ
အနားယူသွားပြီ ဖြစ်ကြောင်း ကုမ္ပဏီက အတည်ပြုသွားခဲ့သည်။
“၂၀၁၅ ခုနှစ် စက်တင်ဘာလတွင် ဒီဂျစ်တယ်ကဏ္ဍဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီးနောက်
ပီတာချူက ကုမ္ပဏီမှ နုတ်ထွက်သွားသည်ကို HTC က အတည်ပြုနိုင်ကြောင်း၊
သို့ရာတွင် သူ၏အတွေ့အကြုံများဖြင့် တွန်းအားပေးရန် HTC တွင် အကြံပေးနေရာ
ရယူခဲ့သေးကြောင်း၊ ယခုလုပ်ငန်းတွင် ကာလကြာရှည် လုပ်ကိုင်ခဲ့မှုအတွက် ပီတာကို
ကျွန်ုပ်တို့ ကျေးဇူးတင်ကြောင်း၊ လုပ်ငန်းမှ အနားယူရာတွင်
ကျန်းမာရေးကောင်းစေရန် ဆုမွန်ကောင်းတောင်းကြောင်း” ကုမ္ပဏီ၏
ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ပီတာချူသည် ဆယ်စုနှစ်ကျော်တိုင်အောင် HTC ၏ ထိပ်တန်းအမှုဆောင်တစ်ဦး
အဖြစ် တာဝန်ယူခဲ့သည်။ ကုမ္ပဏီ၏ ၂၀၁၅ ခုနှစ် အထင်ကရစမတ်ဖုန်း One M9
၏ရလဒ်များကြောင့် ယမန်နှစ်က အမှုဆောင်အရာရှိချုပ်သစ်ကို ခန့်အပ်ခဲ့သည်။
HTC ၏ တွဲဖက်တည်ထောင်သူနှင့် ဥက္ကဋ္ဌဖြစ်သူ ချာဝမ်ကို ပီတာချူနေရာတွင်
အစားထိုး၍ အမှုဆောင်အရာရှိချုပ် ရာထူးခန့်အပ်ခဲ့သည်။ ထိုအချိန်က
ပီတာချူအနေဖြင့် ထုတ်ကုန်သစ်များ ထုတ်လုပ်ရာတွင် ကူညီသည့်
အခန်းကဏ္ဍသစ်ကိုတာဝန်ယူပြီး ကုမ္ပဏီ၌ ဆက်လက်ရှိနေမည် ဖြစ်ကြောင်း HTC က
ပြောကြားခဲ့သည်။
Ref: CNET
Credit Internetjournal
သီဟထိုက်
www.thihahtike.com






0 comments:
Post a Comment