နည်းပညာတွေ အဆင့်မြင့်တိုးတက်လာတာနဲ့ အမျှ အမျိုးမျိုးသော မိုဘိုင်းဖုန်းနဲ့ တက်ဘလက် Company တွေကလည်း မြောက်များစွာတော့ ကွေးနိုင်တဲ့ မိုဘိုင်းဖုန်းနဲ့ တက်ဘလတ်များကို ထုတ်လုပ်လာခဲ့ပါတယ်။ အရင်က LG ကပထမဦးစွာ ကွေးနိုင်တဲ့ ဖုန်းနဲ့ တက်ဘလတ်များကို ထုတ်လုပ်လာခဲ့ပေမဲ့ လက်ရှိအချိန်မှာတော့ Lenovo ကလည်းသူတို့ရဲ့ဖုန်းနဲ့တက်ဘလတ်များကိုကွေးနိုင် ဆန့်နိုင်အောင်တီထွင်ဆန်းသစ်လာခဲ့ပြီဖြစ်ပါတယ်။
Lenovoရဲ့ ကွေးနိုင်တဲ့စမတ်ဖုန်းများဟာ
လက်ကောက်ဝတ်မှာပတ်ထားနိုင်တဲ့အထိ ကွေးနိုင်ပြီး တက်ဘလတ်များကိုဆိုရင်
စမတ်ဖုန်းအရွယ်တစ်ဝက်နီးပါးလောက်ခေါက်ပြီး ဖုန်းပြောနိုင်ပါတယ်။
တက်ဘလတ်များကိုခေါက်ချိုးလုပ်မယ်ဆိုရင်တော့ကျောဘက်ကိုကပ်ကာခေါက်ချိုးထားနိုင်ပါတယ်။စမတ်များ၊
တက်ဘလတ်များကို ကွေးလိုက်တဲ့အချိန်မှာအတွင်းမှာရှိတဲ့
စက်ပစ္စည်းအစိတ်အပိုင်းများကို
အဆင်ပြေပြေကွေးနိုင်ဆန့်နိုင်အောင်ကူညီပေးမှာဖြစ်ပါတယ်။
ဒါပေမဲ့ လက်ရှိအချိန်မှာတော့ စမ်းသပ်ဆဲနဲ့ ပရိတ်သက်များကို
မိတ်ဆက်ပေးဆဲ ကာလအတွင်းမှာသာ ရှိသေးသော်လည်း မကြာမီအချိန်အတွင်းမှာ
အသုံးပြုသူတို့လက်ထဲကို ရောက်ရှိအောင် ပို့ဆောင်ပေးတော့မှာဖြစ်ပါတယ်။ Lenovo ရဲ့ ကွေးနိုင်တဲ့ဖုန်းနဲ့တက်ဘလတ်များထွက်လာတဲ့ အချိန်ကိုတော့ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာစောင့်မျှော ကြရတော့မှာဖြစ်ပါတယ်။
Ref: Theverge
Aung Ko Htet (MMA)
#aungkohtet_mma
www.pyaephyo.com






0 comments:
Post a Comment