စွမ်းဆောင်ရည်မြင့်
စမတ်ဖုန်းများကိုဈေးနှုန်းချိုသာစွာရောင်းချပေးနေတဲ့ တရုတ် ကုမ္ပဏီOnePlus က
မျိုးဆက်သစ်စမတ်ဖုန်းအသစ်တစ်လုံး ကို တရုတ် မှာစတင်ရောင်းချပေးလိုက်ပါတယ်။
OnePlus 3 လို့ အမည်ပေး ထားပြီး တရုတ်ရဲ့ နာမည်ကြီးအရောင်းဆိုင် JD.com
ကနေရောင်းချခဲ့ရာမှာ ၁၀ မိနစ်အတွင်းပစ္စည်း ပြတ်သွား တယ်လို့ ပြောပါတယ်။
နောက်ထပ် တစ်သုတ်ကိုနောက်နေ့မှာ ဆက်လက်ရောင်းချပေးမှာ ဖြစ်ပါတယ်။
တရုတ် ယွမ်
၂၅၀၀ ( ယူရို ၃၉၉၊ ဒေါ်လာ ၄၁၆ ၀န်းကျင်သာ)တန်ကြေးရှိပါတယ်။ OnePlus 3
မှာစွမ်းရည်မြင့် Qualcomm Snapdragon 820 Chipset မောင်းနှင်မှာ
ဖြစ်ပါတယ်။ 6GB RAM တောင် ပါတဲ့အတွက် Apps များစွာ ကိုတစ်ပြိုင်နက်
အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။Multitasking ပြုလုပ်ချင်သူ များအတွက်
အဆင်ပြေပါတယ်။ 5.5” AMOLED Full HD Display တပ်ဆင် ထားပြီး Gorilla Glass 4
ဖြင့် ကာကွယ်ထားပါတယ်။
64GB Internal Storage တပ်ဆင်ထားပေမယ့် microSD
Card Slot မပါပါဘူး။ သူ့ရဲ့ ကင်မရာအတွဲ အစပ်က စိတ်ဝင်စားဖို့ ကောင်းပါတယ်။
အနောက်ဘက်မှာ 16MP Sony IMX298 Camera တပ်ဆင်ထားပြီး Phase Detection Auto
Focus နည်းပညာ ပါပါတယ်။ 4K Video များရိုက်ကူးနိုင်ပါတယ်။ ကင်မရာနဲ့ အတူ
LED Flash တစ်လုံးကိုပူးတွဲ တပ်ဆင်ထားပါတယ်။ အရှေ့ဘက်ကင်မရာဟာ Selfie
Videos များရိုက်ကူးရာမှာကောင်းမွန်စေတဲ့ Electronic Image Stabilization
နည်းပညာပါပါတယ်။
လက်ဗွေရာစစ်ဆေးတဲ့ ကိရိယာ၊ NFC ၊ 4G LTE ၊ Dual-SIM
တို့ကိုအသုံးပြုနိုင်ပါတယ်။ ၃၀ မိနစ်အားသွင်းလျှင် တစ်နေ့လုံးအသုံးခံတဲ့
3000mAh Battery ပါပါတယ်။ ဘက်ထရီမှာ လျင်မြန် စွာအားသွင်းနိုင်တဲ့ Dash
Charge နည်းပညာပါပါတယ်။ Android 6.0.1 Marshmallow နဲ့ Oxygen Launcher
ကိုတွဲဖက်ထားပါတယ်။ အလူမီနီယမ် ကိုယ်ထည်တပ်ဆင်ထားပါတယ်။
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal
www.pyaephyo.com







0 comments:
Post a Comment